Saturday, April 25, 2015

လောက်ကိုင်ကို ပြန်ဖို့ တကယ်အချိန်တန်ပြီလား


လောက်ကိုင်ဒေသသို့ ပြန်နေကြသော စစ်ပြေးဒုက္ခသည်များ(ဓာတ်ပုံ−MOI)
အစိုးရတပ်မတော်သည် ကိုးကန့်အဖွဲ့ အခိုင်အမာခြေကုပ်ယူ ထားနိုင်သည့် တောင်ကုန်းများကိုသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် လားရှိုးမြို့တွင် ခိုလှုံနေသော စစ်ရှောင်ဒုက္ခသည်   နှစ်ရာကျော်လောက်ကိုင်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။
လားရှိုးမြို့ သီရိမင်္ဂလာမန် ဆူရှမ်းကျောင်းတွင် ခိုလှုံနေရာမှ ဧပြီ ၂၁ ရက်၌ လောက်ကိုင်မြို့ သို့ ပြန်လည်ထွက်ခွာသွားကြခြင်း ဖြစ်သည်။ ၎င်းတို့ပြန်လည်ထွက် ခွာသွားပြီးနောက် မြန်မာနိုင်ငံအနှံ့ မှ ဒေသခံအချို့ကလည်း လောက် ကိုင်ဒေသသို့ နေ့စဉ်သွားလာနေ ကြကြောင်း လားရှိုး၊ ကွမ်းလုံနှင့် ချင်းရွှေဟော် ဒေသခံများက ပြောသည်။

စစ်တလင်းနယ်မြေဖြစ်ခဲ့ သည့် ကိုးကန့်ဒေသ ပြန်လည် စည်ပင်ဝပြောရေးအတွက် ဒေသ ခံများ ပြန်လည်အခြေချနေထိုင် ရေးသည် အစိုးရ၏အရေးတကြီး လိုလားချက်တစ်ရပ်ဖြစ်ပြီး လောက်ကိုင်မြို့၌ လုံခြုံရေးပိုင်း စိတ်ချရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း   စစ် ရှောင်ဒုက္ခသည်များအား သတင်း စကား   ပြောကြားထားသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲ များ    အပြီးမသတ်သေးသည့် အခြေအနေတွင်  ဒေသခံစစ်ဘေး သင့်သူများ ယင်းကဲ့သို့ ပြန်လည် အခြေချသည့်အပေါ် လုံခြုံရေး အတွက် စိုးရိမ်မကင်းသည့်အခြေ အနေဖြစ်ကြောင်း စစ်ဘေးသင့်သူ များအားကယ်ဆယ်ရေး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့် ဒေသတွင်း အရပ်ဘက်အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီအချို့ က ထောက်ပြဝေဖန်သည်။

လောက်ကိုင်တွင် ဒေသခံ နှင့် အလုပ်သမားအချို့ ပြန်လည် အခြေချနေထိုင်ခြင်းနှင့်ပတ်သက် ၍ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဟော် ရှောက်ချမ်းက အချိန်မတန်သေး ကြောင်း ပြတ်ပြတ်သားသားပြော သည်။

‘‘အခုဟာက စစ်ပွဲဖြစ်နေ တာပဲ။ လောလောဆယ် ပြန်လာ လို့မရသေးဘူး။ စောသေးတယ်’’ ဟုဆိုသည်။ ၎င်းက မြေပြင်တွင် အမှန်တကယ် လုံခြုံရေးအာမခံ ချက် မည်သူမျှမပေးနိုင်သေး ကြောင်း သုံးသပ်သည်။

စစ်ဘေးသင့်သူများ လားရှိုး မြို့ရှိ မန်ဆူရှမ်းကျောင်းတွင် နေ  ထိုင်စဉ်ကာလတစ်လျှောက်လုံး အနီးကပ်ကူညီပေးခဲ့သူ လားရှိုး မြို့ ဒေသခံတစ်ဦးကလည်း ယခု အချိန်သည် နယ်ပေါင်းစုံမှလာ ရောက်မည့် အလုပ်သမားများ အတွက် လုံခြုံရေးစိတ်ချရသည့် အခြေအနေမဟုတ်သေးကြောင်း ပြောသည်။
စာမျက်နှာ ၃၁

‘‘ကျွန်တော်တို့ ရှမ်း(မြောက်) ရဲ့မြို့တော် လားရှိုးမှာတောင်မှ လုံခြုံရေးအစောင့်အကြပ်နဲ့ နေ့ တိုင်းနေနေရတဲ့အချိန်။ လောက် ကိုင်လိုမျိုး တကယ်စစ်မြေပြင် နယ်နိမိတ်ဖြစ်နေတဲ့အချိန်ဆို ပို ဆိုးတာပေါ့။ ဆန္ဒတွေ မစောစေ ချင်ဘူး’’ဟု အကြံပြုသည်။

အစိုးရက သမ္မတရုံးဝန်ကြီး တစ်ဦးခေါင်းဆောင်သည့် ကိုး ကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပြန်လည်ထူထောင်ရေး အ ထောက်အကူပြုကော်မတီကို ဖွဲ့ စည်းထားပြီး လောက်ကိုင်မြို့သို့ ရောက်လာမည့် သူများအတွက် စားဝတ်နေရေး လတ်တလောတာ ဝန်ယူထားရန် စီစဉ်ထားသည်။ လောက်ကိုင်-ချင်းရွှေဟော်လမ်း ပိုင်းအပြင် လောက်ကိုင်မြို့သို့ အခြားလမ်းပိုင်းမှ ရောက်လာမည့် သူများကိုလည်း ကြိုဆိုကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦး စိုးနိုင်က ပြောသည်။

‘‘နဂိုအတိုင်းပြန်ဖြစ်ပြီးတော့  ဒီထက်ပိုကောင်းတဲ့ အဆင့်အထိ ရောက်အောင်လုပ်ပေးဖို့ အစီအ စဉ်ရှိတယ်လေ။ အစဆိုတော့ အချိန်ယူရဦးမှာဗျ။ လောလော ဆယ်တော့ ကြံခုတ်လို့ရနေပြီ။ အချိန်ကျနေပြီ’’ဟု ၎င်းကပြော သည်။

လောက်ကိုင်မြို့အတွင်း ပြန်လည်စည်ကားရန်အတွက် ဒေသခံများ ပြန်လည်အခြေချနေ ထိုင်ရေး အစိုးရ၏ကြိုးပမ်းမှုမှာ ယခုအကြိမ်သည် ပထမဆုံးအ ကြိမ်မဟုတ်ပေ။ ကိုးကန့်ဒေသ တွင် တိုက်ပွဲများဖြစ်ပွားပြီး မြို့ ပေါ်နေရာများကို အစိုးရတပ်က တပ်စွဲထားချိန် ပြီးခဲ့သည့် ဖေဖော် ဝါရီအတွင်းကပင် မြန်မာ-တ ရုတ်နယ်စပ် ဒုက္ခသည်စခန်းများ ၌ ခိုလှုံနေသူများအား လောက် ကိုင်မြို့အတွင်းရှိ နေအိမ်များတွင် ပြန်လည်နေထိုင်ကြရန် တိုက် တွန်းခဲ့သည်။ အစိုးရမီဒီယာများ ကလည်း လောက်ကိုင်ဒေသတွင် အေးချမ်းနေပြီဖြစ်ကြောင်း သတင်းများ အချိန်ကိုက်ထုတ်ပြန်  ခဲ့သောကြောင့် အညာဒေသမှ ကြံခုတ် အလုပ်သမားအချို့ လောက်ကိုင်မြို့သို့ ပြန်လာခဲ့ကြ သည်။ သို့သော် လောက်ကိုင်- ချင်းရွှေ ဟော်လမ်းပိုင်း တောင် ကုန်းများပေါ်တွင် အခိုင်အမာ ခြေကုပ်ယူထားသော ကိုးကန့် အဖွဲ့နှင့် အစိုးရတပ်မတော် တိုက် ပွဲအပြင်းအထန် ဖြစ်နေသော ကြောင့် လှည့်ပြန်ခဲ့ကြရသည်။

လားရှိုးမြို့ခံ ကိုနေမျိုးက ကယ်ဆယ်ရေးစခန်းမှနေ၍ လောက်ကိုင်မြို့သို့ ပြန်သွားသော  စစ်ဘေးသင့်သူများနှင့်ပတ်သက် ၍ ‘‘ဒီနှစ်ရာကျော်ထဲမှာကိုက နှစ် ခေါက်ပြန်ပြီး ရောက်လာရတဲ့သူ တွေရှိတယ်။ သတင်းစာထဲမှာ ကောင်းနေပြီဆိုလို့သွားကြတယ်။ သွားပြီးမှ မကောင်းဘူးဆိုပြီး ပြန် လှည့်လာရတယ်’’ဟု ပြောသည်။

လောက်ကိုင်မြို့သို့ ပြန်သွား သူများတွင် ကြံခုတ်အလုပ်သမား များ ပါဝင်သလို အိုးပိုင်အိမ်ပိုင် ရှိ သူများလည်းပါဝင်သည်။ လုံခြုံ ရေးစိတ်မချရသေးသော အခြေ အနေတွင် လောက်ကိုင်မြို့သို့ ပြန်သွားရန် ဆုံးဖြတ်ကြခြင်းမှာ ကြံခုတ်အလုပ်လုပ်ရန်နှင့်နေအိမ် များပြန်လည်ပြုပြင်ရန်ဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်က လောက်ကိုင်မြို့တွင်းရှိ အိမ်အ များစုနှင့် စတိုးဆိုင်၊ ဈေးဆိုင်များ ကို မူးယစ်ဆေးစွဲနေသူများနှင့် အကြံသမားများက ဖောက်ထွင်း ကြသောကြောင့် စစ်တလင်းဖြစ် နေသည့်မြို့မှာ အားလုံးဖရိုဖရဲ အခြေအနေဖြစ်နေဆဲ။အစိုးရပိုင်း ကဒေသခံများအား ပြန်လည် အခြေချရန် ကူညီပေးနေသလို တစ်ချိန်တည်းတွင် အုပ်ချုပ်ရေး ယန္တရား ပြန်လည်လည်ပတ်ရန် ကြိုးပမ်းနေသည်။ ရဲစခန်း၊ ဆေး ရုံတို့ကို ပြန်လည်ဖွင့်လှစ်ထား သလို အစိုးရဘဏ်ကိုလည်း ပြန် ဖွင့်နိုင်ရန် စီစဉ်နေသည်။လောက် ကိုင်မြို့သို့ရောက်ရှိနေပြီဖြစ်သည့် အစိုးရဘဏ်ဝန်ထန်း ဦးကိုကိုနိုင် က လက်ရှိတွင် မြို့ပေါ်ရပ်ကွက် များနှင့် လမ်းဆုံလမ်းခွများ၌ တပ်မတော်က အချိန်ပြည့် လုံခြုံ ရေးတာဝန် ယူထားသောကြောင့် လုံခြုံမှုရှိပြီဖြစ်ကြောင်း ဆိုသည်။

စစ်ဘေးသင့်သူများအား ကယ်ဆယ်ရေးစခန်းဖွင့်၍ နှစ်လ ကျော်ကြာအောင် ကူညီစောင့် ရှောက်ခဲ့သူ လားရှိုးမြို့ သီရိမင်္ဂ လာ မန်ဆူ ရှမ်းကျောင်းဆရာ တော် ဦးပုညာနန္ဒက ‘‘သူတို့ကို ဒီ အတိုင်းပဲလွှတ်လိုက်တာမဟုတ် ဘူး။ အစိုးရအဖွဲ့အစည်းပါ တစ် ပါ တည်းလိုက်သွားတာ။ စားဝတ် နေရေးရော၊ ကျန်းမာရေးစောင့် ရှောက်မှုရော၊ နေဖို့ထိုင်ဖို့ရော။ ဒီလို တဖြည်းဖြည်းမလုပ်ရင် လည်းကြာသွားရင်မကောင်းတော့ ဘူးလေ’’ ဟု သုံးသပ်မိန့်ကြား သည်။

လက်ရှိအချိန်တွင် ကိုးကန့် ဒေသအတွင်း ကဏ္ဍပေါင်းစုံ၌ပြန် လည်တိုးတက်ရန် အရေးတကြီး လိုအပ်နေသကဲ့သို့ ပြန်လည်အ ခြေချမည့် ဒေသခံများ၏ လုံခြုံ ရေးသည်လည်း အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်နေကြောင်း ကွမ်း လုံဆေးရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့ကပြောသည်။

‘‘တစ်ဖက်က တည်ငြိမ်ရေး လုပ်ငန်းတွေ စနေသလို တစ်ဖက် ကလည်း တည်ဆောက်ရေးလုပ် ငန်းတွေ တဖြည်းဖြည်း စရတာ ပေါ့။ အားလုံးရာနှုန်းပြည့်ပြီးမှ ပြန်စမယ်ဆိုရင်လည်း ဒီလုပ်ငန်း တွေက မလွယ်ဘူးပေါ့။ စနိုင်သ လောက် စထားရတာပေါ့။အလုပ် လုပ်မယ့်သူတွေကတော့ နည်း နည်းစောင့်ကြည့်သင့်တာပေါ့’’ ဟု အကြံပြုသည်။ လောက်ကိုင် ဒေသတိုက်ပွဲကြောင့် ဒဏ်ရာရသူ နှစ်ရာခန့်အား ဆေးကုသမှုပေး ခဲ့သူ ဒေါက်တာသိမ်းမြို့က နယ် ပေါင်းစုံမှ အလုပ်လာလုပ်မည့် သူများကို ဆန္ဒမစောရန် အထူး သတိပေးသည်။

မိမိဇာတိရပ်ရွာတွင် အလုပ် အကိုင်ရှားပါးသောကြောင့် ရေ ကြည်ရာ မြက်နုရာအရပ်ဒေသကို ရှာရင်း လောက်ကိုင်ဒေသအား ရွေးချယ်မိသူ မြန်မာနိုင်ငံအနှံ့မှ အရေအတွက်သောင်းနှင့်ချီသော အရပ်သားများသည် တိုက်ပွဲ စတင်ချိန်တွင် ဒုက္ခမျိုးစုံရင်ဆိုင်ခဲ့ ရသည်။ စစ်ဘေးရှောင်ရင်း ဒုက္ခမျိုးစုံရင်ဆိုင်ရကာ သေဆုံး သူများထဲတွင် အရပ်သားများ ပါဝင်သလို နိုင်ငံ့ဝန်ထမ်းများ လည်းပါဝင်ခဲ့သည်။ ယခုအခါ အစိုးရက လောက်ကိုင်မြို့ကို ပြန်လည်အသက်သွင်းရန် ကြိုး စားနေချိန် ဖြစ်သောကြောင့် အဓိကအရေးအကြီးဆုံးမှာ ဒေသ တွင်း ပြန်လည်အခြေချနေထိုင် မည့်သူများ၏ အသက်အန္တရာယ် လုံခြုံရေးဖြစ်ကြောင်း စစ်ဘေး သင့်သူအရေအတွက် ထောင်ချီ ၍ ကယ်တင်နိုင်ခဲ့သော ကွမ်းလုံ ပရဟိတလူငယ်အဖွဲ့ဝင်များက  ပြောသည်။ လောက်ကိုင်မြို့နယ် ပိုင်နက်အတွင်းရှိ ကိုးကန့်အဖွဲ့ များကျန်ရှိနေသေးသော မြန်မာ- တရုတ်နယ်စပ်အနီး တောင်ကုန်း အချို့တွင်တော့ တိုက်ပွဲများ အ ပြင်းအထန် ဖြစ်ပွားနေဆဲဖြစ် သည်။

‘‘နည်းနည်းတော့ အချိန်ပေး ရမယ်ထင်ပါတယ်။ ၀င်တဲ့သူတွေ လည်း ၀င်လာနေပြီ။ နောက်ထပ် လာမယ့်သူတွေလည်း ရှိနေသေး တော့ အားလုံးစုံအောင်တော့ အ တိုင်းအတာတစ်ခုတော့ စောင့်ရ မယ်ထင်ပါတယ်’’ဟု ရှမ်းပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင် က သုံးသပ်ပြောဆိုသည်။

အောင်သစ်လွင်
7 day

No comments:

Post a Comment