Wednesday, April 1, 2015

ရန်ပုံငွေကန်ဒေါ်လာ ၃၅ သန်း လိုအပ်နေ၍ စားနပ်ရိက္ခာ ထောက် ပံ့ရေး ပြတ်လပ်နိုင်ဖွယ်ရှိဟု WFP ထုတ်ပြန်


ယခုနှစ် ဒီဇင်ဘာအထိ စားနပ်ရိက္ခာထောက်ပံ့နိုင်ရေးအ တွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအ စဉ် မြန်မာ(WFP-Myanmar) သည် ဒေါ်လာ ၃၅ သန်း လိုအပ် နေကြောင်း မတ်လ အစီရင်ခံစာ က ဖော်ပြသည်။
လာမည့် သြဂုတ်လလယ်မှ စတင်၍ မြန်မာနိုင်ငံတွင် ၎င်းတို့ ၏ စားနပ်ရိက္ခာထောက် ပံ့ရေး လမ်းကြောင်း ပြတ်လပ်မှု ဖြစ်ပေါ်နိုင်သည်ဟု WFP (မြန်မာ) က ဆိုသည်။
လက်ရှိတွင်မူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသတွင်း WFP ဆောင် ရွက်မှု များကို ယာ ယီရပ်ဆိုင်းထားသည်။ ယင်းသို့ ရပ်ဆိုင်းမှုသည် ကိုယ်ဝန်ဆောင် များနှင့် သားသည် မိခင်များ၊ အသက် (၂) နှစ်အောက် ကလေး ငယ်များ၊ အိတ်ခ်ျအိုင်ဗီ တီဘီဝေ ဒနာရှင်များ အစရှိသည့် လူထု ၄,၈၀၀ အပေါ် သက်ရောက် နေကြောင်း ထုတ်ပြန်သည်။ ကိုး ကန့်ဒေသ အတွင်း နယ်ခြားအမှတ်(၁၂၅)စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရသော ပဋိပက္ခဒဏ်ခံ လူ ဦးရေ ၄,၀၀၀ ထံသို့ စားနပ်ရိက္ခာ လုံခြုံစွာ ရောက်ရှိ ကူညီပေးနိုင် ရေး အစိုးရနှင့် ညှိနှိုင်းထား ကြောင်း WFP ကပြောသည်။

၂၀၁၅ ဖေဖော်ဝါရီနှင့် မတ် လတွင် ချက်ချင်းလက်ငင်းရန်ပုံ ငွေ လိုအပ်ချက် ကို ကူညီဖြည့် ဆည်းသော ဂျပန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့ ဆီမှ အကူအညီများ WFP က ရရှိ ခဲ့သည်။ ဖေဖော်ဝါရီက တပ်မ တော်နှင့် ကေအိုင်အေ ကြား ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲ များကြောင့် ကန်စီးမှ ရွာသားများ သည် ဖားကန့်၊ လုံးခင်း၊ မြစ်ကြီး နားအစရှိသည့် နေရာများသို့ အိုး အိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရ သည်။ ဖေဖော်ဝါရီလကုန်တွင် အိမ်ထောင်စု ၁၆၆ စုမှ စစ်ဘေး ရှောင် ၆၅၈ ဦးတို့သည် ဖားကန့် တွင် ခိုလှုံနေကြပြီ ဖြစ် သည်။ ဖေဖော်ဝါရီအတွက် WFP ၏ စား နပ်ရိက္ခာပေးဝေမှု အလုံးစုံကို ထို စစ်ဘေးရှောင်သူ အသစ်များအ တွက် လုံလောက်စွာ ပေးဝေခဲ့ သည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် နမ့်ဆလပ်ကျေး ရွာရှိ နေရပ်စွန့်ခွာ ထွက်ပြေးနေရ သူ ၃၀၀ ၏ စားနပ်ရိက္ခာ စိတ်မချရမှုအခြေအနေအတွက် သီတင်းသုံးပတ်စာ စားနပ်ရိက္ခာများကို WFP က ပေးဝေခဲ့သည်။ နမ့်တစ်၊ နမ့် ခမ်းနှင့် ကွတ်ခိုင်မြို့နယ်များရှိ အိုင်ဒီပီကမ့်များအတွက် WFP ၏ ထောက်ပံ့မှုများကို ဧပြီတွင် အပြည့်အ၀ ဆောင်ရွက်ရန် ရည် ရွယ်ထားသည်ဟု ဆိုသည်။
WFP အနေဖြင့် စာသင် ကျောင်းများတွင် အာဟာရတိုက် ကျွေးခြင်း အစီအစဉ်ကို ပြုလုပ် နေသော်လည်း ၂၀၁၄ နိုဝင်ဘာ တွင် တစ်နိုင်ငံလုံး အတိုင်းအ တာ စာသင်ကျောင်းအာဟာရ တိုက်ကျွေးလုပ်ငန်းစဉ်ကို ရပ် ဆိုင်းခဲ့သည်။ ဖေဖော်ဝါရီက ‘၀’ ဒေသရှိ ၂၂ မြို့နယ်တွင် အကဲ ဖြတ်မှု တစ်ရပ်ကို ပန်ခမ်းရှိ WFP ရုံးခွဲက ဆောင်ရွက်ခဲ့သည်။
‘၀’ ဒေသရှိ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ၆,၅၇၀ ဦးအနက် ၂၀ရာခိုင်နှုန်းသည် တစ်လလျှင် ပျမ်းမျှ သုံးရက်၊ လေးရက် ခန့် ကျောင်းပြေးကြကြောင်း WFP ကနဦးတွေ့ရှိချက်များက တင်ပြ ခဲ့သည်။
အလားတူပင် ကျောင်းအိပ် ကျောင်းစား မဟုတ်သော ကျောင်းသား များအကြား ကျောင်းပျက်မှု နှုန်းမှာလည်း ၁၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ စာသင်ကျောင်းအာဟာရတိုက်ကျွေးမှု ရပ်ဆိုင်း ခြင်းနောက်တွင် လာမည့်စာသင် နှစ်ကို ဆက်မတက်တော့ဘဲ ကျောင်း ထွက်နိုင်ခြေ မြင့် မား ကြောင်း ကျောင်းသားမိဘများနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများ အရ သိရသည်။ WFP ၏ စာသင် ကျောင်းအာဟာရ တိုက်ကျွေးမှု မရှိလျှင် မိဘများအနေဖြင့် က လေးများကို စာသင်ကျောင်းသို့ လွှတ်နိုင်ခြေရှိပုံ မရကြောင်း WFP က အစီရင်ခံသည်။
WFP ၏ အမှုဆောင်ဒါရိုက် တာ မစ္စအာသာရင်း ကာစင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် အကြီးအကဲ မစ္စဟယ်လင်က လာ့ခ်တို့သည် မတ်လဒုတိယပတ် က နေပြည်တော်တွင် ဒုသမ္မတ များ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီး များနှင့် တွေ့ ဆုံခဲ့ပြီး နောက် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် ၀င်ငွေ နိုင်ငံအဆင့်သို့ ရောက် ရှိရေး မြန်မာနိုင်ငံတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု ပိုမြင့်မားသည့် အနေအထားသို့ ရရှိရေး အစိုးရ၏ ပန်း တိုင်ကို ထောက်ပံ့မည်ဖြစ်ကြောင်း WFP နှင့် UNDP တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြသည်။
7Day News Journal

No comments:

Post a Comment