Wednesday, April 1, 2015

အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလ နှင့် အမေရိကန် ကြိုဆို



အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂ နှင့် အမေရိကန် သံရုံးတို့ ကကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။

အစိုးရ ၏ပြည်ထောင် စုငြိမ်းချမ်း မှုဖော်ဆောင်ရေး အလုပ်ကော်မတီ (Union Peace-Making Work Committee-UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordination Team- NCCT)တို့ကြားယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ခြင်းမှာ အားလုံးပါဝင် ဟန်ချက် ညီသောမြန်မာ့ အနာဂတ် အတွက် လင်းခင်းပေးမည့် ပိုမိုကြီး မားသောနိုင်ငံရေး စစ်ရေးဆွေးနွေးပွဲဆီသို့သွားရောက်မည့် ပထမခြေလှမ်းပင်ဖြစ်သည်ဟု ကုလသမဂ္ဂ၏ကြေညာချက်တွင် UNအထူးအကြံပေး ဘီဂျေ နမ်ဘီယားကိုယ် စားပြော ကြားခဲ့သည်။
သို့ရာတွင် စာမျက်နှာ သစ်ကို မဖွင့်လှစ်မီ မဖြစ် မနေဖြတ်ကျော် ရမည့် အဆုံးအဖြတ် ကျသည့် အဆင့်အခြေ တစ်ရပ်ပင်ဖြစ်သည် ဟုလည်းကြေ ညာချက်တွင် သတိပေး ထားသည်။
မြန်မာမှာ အသွင် ကူးပြောင်းမှုတွင် အလား အလာများနှင့် ကကြီးရေက အဆင့်မှာသာ ရှိသေးပြီး ယနေ့သဘော တူညီချက်မှာ ယခင်က ရန်သူတော် များကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ဖြစ်နိုင်ခြေအလား အလာကို မီးစိမ်းပြလိုက်ခြင်း သာဖြစ်သောကြောင့် မြန်မာပြည် တွင်ပြောင်းလဲမှု၏ အစေ့အဆန်များ မှာ စတင်အညှောင့်ပေါက်လာပြီ ဟုမျှော်လင့်ရကြောင်း လည်းကြေညာ ချက်တွင်ပြေားကြား ထားသည်။
၁၇လကြာ ဆွေးနွေး ခဲ့ရသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူ ကြမ်းပါ အချက်အားလုံးကို မတ်လ ၃၀ရက်က နှစ်ဖက် သဘော တူညီမှု ရရှိ ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ရက်က သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြရာတွင် UPWC နှင့် NCCT တို့မှ ၅ဦးစီ၊ ဦးအောင်မင်းနှင့် ဦးနိုင်ဟန်သာတို့ ပါဝင် ခဲ့သည်။
MIzzima

No comments:

Post a Comment