Tuesday, May 26, 2015

စစ်မှုထမ်း တာဝန်များပြီး ဆုံးပြီဖြစ်တဲ့ ဆောင်ဂျောင်ကီ

တောင်ကိုရီးယားမင်းသား ဆောင်ဂျောင်ကီသည် မေ ၂၅ရက်က စစ်မှုထမ်းတာဝန်များပြီးစီးခဲ့ပြီဖြစ် ကြောင်း   စစ်မှုထမ်းတာဝန်များ ကို နှစ်နှစ်နီးပါးကြာ ထမ်းဆောင်ခဲ့သည်။

ဆောင်ဂျောင်ကီသည် မေ ၂၆ရက်နံနက်က ပရိတ်သတ်များနှင့် မီဒီယာများရှေ့မှောက်တွင်  စစ်မှုထမ်း တာဝန်များ ထမ်းဆောင်မှုပြီးစီးခြင်း အခမ်းအနားကို ပထမ ဆုံးအကြိမ်  ကျင်းပပြုလုပ်ခဲ့သည်။” ကျွန်တော် စစ်မှုထမ်းတာဝန်များပြီးစီးပြီးနောက် ပထမဆုံးအကြိမ် ကင်မရာများကို မြင်တွေ့ရတဲ့အတွက် အလွန် အံ့သြမင် တက်မိပါတယ်။ကျွန်တော်ကို လာရောက်ဂုဏ်ပြုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော် တပ်ကြပ်ကြီး ဆောင်ဂျောင်ကီပါ” ဟု ဆောင်က ပြောကြားခဲ့ သည်။

” ကျွန်တော့်ကို တွေ့ဖို့စောင့်နေတဲ့ ပရိတ်သတ်များကို တွေ့မြင်ရတဲ့ ကျွန်တော် မျက်ရည်လည်မိပါတယ်။ စစ်မှုထမ်းတာဝန်များ ထမ်းဆောင်နေတဲ့ ကာလ အတွင်း  ပရတ်သတ်များရဲ့ အားပေးမှုကြောင့် ကျွန်တော် အားရှိခဲ့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ အခုကစလို့ ကျွန်တော်ချစ်တဲ့ ပရိတ်သတ်တွေ အတွက် အကောင်းဆုံးကြိုးစာသွားပါ့မယ်”ဟု ဆောင်ကပြောကြားခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment