Tuesday, May 26, 2015

ယူအန်က နီပေါ ငလျင်ဘေးအတွက် အကူအညီများ တိုး၍ တောင်းခံ


နီပေါတွင် ပြင်းအား ၇ ဒသမ ၈ ငလျင်ဒဏ်ခံရပြီး တစ်လကျော်ပင်ရှိချိန် အိုးအိမ်မဲ့သွားသူများအတွက် ခိုလှုံစခန်းများဆောက်လုပ်ရန်နှင့် စားနပ်ရိက္ခာတို့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက တစ်ကမ္ဘာလုံးက ပို၍ အကူအညီများပေးရန် ပြောကြားခဲ့သည်။ပြန်လည်ထူထောင်ရေး လုပ်ငန်းများထက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း ယူအန် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ငလျင်ဘေးအတွင်း လူပေါင်း ၈၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး အိုးအိမ်ပျက်စီးသူပေါင်းလည်း များစွာရှိနေဆဲဖြစ်သည်။ဘေးဒုက္ခများကို ဖြေရှင်းဆောင်ရွက်ရာတွင် နှေးကွေးလွန်းသည်ဟု ဝေဖန်ခံထားရသည့် နီပေါအစိုးရ ပြန်လည်ထူထောင်ရေး အကူအညီများအတွက် ရန်ပုံငွေများ တောင်းခံထားသည်။
နိုင်ငံရပ်ခြားမှ အကူအညီများကို အစိုးရက ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ငွေကြေး ၁၀ ရာခိုင်နှုန်းအောက် သုံးစွဲခဲ့ကြောင်းကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ရှာရန်မာဟတ်က ဘီဘီစီသို့ပြောသည်။
နောက်ထပ်နိုင်ငံတကာ အကူအညီများသည် အစိုးရ၏ တိုက်ရိုက်စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောခဲ့သည်။

REF : BBC

No comments:

Post a Comment