Tuesday, May 12, 2015

အလွန်အကျွံ ချစ်တင်းနှီးနှောတာဟာ စိတ်ပျော်ရွှင်မှုကို လျော့နည်းစေ


ချစ်တင်းနှီးနှောမှု ဘယ်လောက်ပဲ လုပ်နေလုပ်နေပြသနာ မဟုတ်လို့ ကျွန်ုပ်တို့အများစု ထင်မှတ်ကြတယ်။
ဒါပေမယ့် သိပ္ပံပညာရှင်တွေ ဖော်ပြထားတာက တစ်ချိန်လုံး အတူနေ ကိုယ်လက်နှီးနှောနေမယ်ဆိုရင် ဒါဟာ စိတ်ပျော်ရွှင်မှု မရနိုင်တော့ဘူးလို့ ဆိုပါတယ်။

Carnegie Mellon တက္ကသိုလ်မှ သုတေသီတွေက ချစ်သူစုံတွဲ ၃၂ တွဲကို ချစ်တင်းနှီးနှောမှု ပုံမှန်လုပ်နေကျထက်နှစ်ဆ တိုးမြင့်လုပ်ဆောင်ဖို့နဲ့ နောက် ချစ်သူစုံတွဲ ၃၂ တွဲကို ပုံမှန်အနေအထားတိုင်း လုပ်ဆောင်ဖို့  ညွန်ကြားထားပါတယ်။
နောက်ပိုင်းမေးမြန်းတဲ့အခါ ချစ်တင်းနှီးနှောမှု ပိုလုပ်တဲ့ စုံတွဲတွေဟာ ပျော်ရွှင်မှု ပိုမိုနည်းပါသွားကြောင်း၊ မကြာခဏ ချစ်တင်းနှေးနှောတာဟာ နှစ်ယောက်စလုံး စိတ်ဆန္ဒပိုမိုလျော့နည်းစေကြောင်း ပြောထားကြပါတယ်။
ပိုမိုအတူနေဖြစ်တဲ့အခါ စိတ်ပျော်ရွှင်မှုနဲ့ ကျေနပ်မှုလျော့နည်းသွားတယ်လို့လည်း ၄င်းစုံတွဲတွေက ပြောဆိုခဲ့ကြပါတယ်။
အတူနေတဲ့ အရေအတွက်ထက် သူတို့စိတ်ဆန္ဒကို နိုးဆွပေးတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပေါ်နေတဲ့အခါမျိုးမှာ အတူနေတာက စိတ်ပျော်ရွှင်မှုပိုမို ရရှိစေပါတယ်။
Trend Myanmar

No comments:

Post a Comment