Sunday, May 24, 2015

ရန်ကုန်တိုင်းအတွင်း ဒုတိယအကြိမ် ရှေ့ပြေး မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မည်

ရန်ကုန်တိုင်းဒေသကြီး တွင် ဒုတိယအကြိမ် အခြေခံမဲဆ န္ဒရှင်စာရင်းကို မေလ ၂၅ ရက်မှ စတင်ကာ ၁၄ ရက်တိုင် ကပ်ထား ပေးမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။
ယခုလ ၂၅ ရက်မှ ဇွန်လ ၇ ရက်အထိ ၁၄ ရက်တိုင် ရန်ကုန် တိုင်းဒေသကြီး ၁၄ မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းကပ်ထား ပေးမည်ဖြစ်၍ ယင်းမြို့နယ်များရှိ ပြည်သူများ မဲစာရင်း၌ မိမိတို့အမည်များ ပါဝင်မှု ရှိ၊မရှိနှင့် ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ သွားရောက်ကြည့်ရှုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားသည်။
ဒုတိယအကြိမ်မြောက် မဲစာ ရင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္က လာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊အင်း စိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင် သာယာ၊ ထန်းတပင်မြို့နယ်များ ၌ ကပ်ထားမည်ဖြစ်သည်။

ပထမအကြိမ် အခြေခံမဲဆန္ဒ ရှင်စာရင်းကို ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့ပြီး ယင်းမဲဆန္ဒရှင်စာရင်းတွင် သေ ဆုံးသူများပါဝင်လာခြင်း၊အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း အ မည်ပါဝင်လာမှုမရှိခြင်း၊ ကိုယ် ရေးအချက်အလက်များ မှားယွင်း ခြင်း စသည့်အားနည်းချက်အချို့ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်း ကြောင့် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်တွင် ပထမအသုတ် အဖြစ် မတ်လနောက်ဆုံးပတ်မှ ဧပြီ ဒုတိယပတ်အထိ ရပ်ကွက် များအတွင်း ပြည်သူထူလုအား အသိပေးခဲ့ပြီး ဒုတိယအသုတ်အ ဖြစ် ၁၄ မြို့နယ်ကို မေလအတွင်း ၌ ထုတ်ပြန်မည်ဖြစ်ကာ နောက် ဆုံးကျန်ရှိမည့် ၂၁ မြို့နယ်ကိုမူ ဇွန်လနောက်ဆုံးပတ်၌ စတင်ပြုစု မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကို ကိုက ပြောကြားထားသည်။

၂၀၁၅ ရွေးကောက်ပွဲအ တွက် တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင် မဲ စာရင်းပြုစုခြင်းကို ၂၀၁၄ နှစ် နိုဝင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လ ပိုင်းအလိုတွင် အပြီးဆောင်ရွက် ရန် စီစဉ်ထားခြင်းဖြစ်သည်။
7 day

No comments:

Post a Comment