Sunday, May 24, 2015

ကာချုပ်ပါဝင်လှူဒါန်းသည့် ကြေးခေါင်းလောင်းသွန်းလောင်းပြီးစီး၍ ထားဝယ်မြို့သို့ သယ်ယူပူဇော်မည်

သွန်းလုပ်ထားသော ခေါင်းလောင်းတော်ကြီး (ဓာတ်ပုံ−မောင်တာ)
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် သုံးထောင် ပါဝင်လှူဒါန်းထားပြီး စုစုပေါင်း ကြေးပိဿာချိန် တစ် သောင်းကျော်ရှိသည့်    ခေါင်း လောင်းကြီးသွန်းလောင်းပြီးစီးပြီ ဖြစ်၍ မေလ ၂၆ ရက်တွင်  ထားဝယ်မြို့သို့    သယ်ယူပူဇော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဆယ်လခန့်မှစ တင် သွန်းလောင်းရန် စီစဉ်ခဲ့ပြီး ပြီးခဲ့သည့်မတ်လတွင် စတင် သွန်းလောင်းခဲ့သည့် ကြေးပိဿာချိန် ၁၁၁၁၁ ခန့် (၁၇ တန်)အလေးချိန် ရှိ    ကြေးခေါင်းလောင်းကြီးမှာ အလုံးစုံသွန်းလောင်းပြီးစီးပြီဖြစ် ၍ ပူဇော်ခံထားရှိမည့် ထားဝယ်မြို့ သို့ သယ်ယူတော့မည်ဟု ခေါင်း လောင်းကြီးအား တာဝန်ယူသွန်း လုပ်ခဲ့သည့် တမ္ပဝတီရပ်ကြေး သွန်းပညာရှင် ဦးအောင်သန်းမော် က ပြောသည်။

‘‘မနက်ဖြန် ကရိန်းတင်မယ်။ ၂၆ ရက်နေ့မှာ သယ်ယူသွားမယ်။ ခေါင်းလောင်းတော်ကြီးမသယ် ယူခင် ၂၅ ရက်ညမှာတော့ ဂုဏ် ပြုပွဲနဲ့ ထားဝယ်ရိုးရာ နိဗ္ဗာန်ဈေးပွဲ တွေ ကျင်းပမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ကြေးခေါင်းလောင်းတော် ကြီးကို အပြစ်အနာအဆာမရှိ၊အသံထွက်ကောင်းမွန်စွာ  သွန်းလုပ်ပေးနိုင်ခဲ့ကြောင်း    ၎င်းက ပြောသည်။

ကြေးခေါင်းလောင်းတော် ကြီးကို မဟာဝိဇယခေမသီတလ နိဗ္ဗုတဃောသမဟာ ခေါင်း လောင်းတော်ကြီးဟု အမည်ပေး ထားပြီး ထားဝယ်မြို့ ရွှေတောင် စားစေတီ နှစ်(၂၅၀)ပြည့် အထိမ်း အမှတ်အဖြစ် သွန်းလောင်းခြင်း ဖြစ်ကာ ယင်းရွှေတောင်စားစေတီ တွင်ပင်    ပူဇော်ခံချိတ်ဆွဲထား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

မဟာဝိဇယခေါင်းလောင်း တော်ကြီးကို ကြေးသွန်းပညာရှင် ၄၀၀ ဦးခန့်၏  အကူအညီဖြင့် မန္တလေးမြို့ တမ္ပဝတီရပ်ရှိ တောင်ဆင်တဲတိုက်    ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ပြီးခဲ့သည့် မတ်လက သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး ခေါင်းလောင်းတော်ကြီးမှာ အ ပေါ်ကိုင်းအပါအဝင် အမြင့် ၁၇ ပေ၊ အကျယ် ၇ ပေ ၆ လက်မရှိပြီး တန်ဖိုးမှာ ကျပ်သိန်း ၄,၀၀၀ ခန့်ရှိ ကြောင်း ဦးအောင်သန်းမော်က ပြောကြားသည်။
7 day

သွန်းလုပ်ထားသော ခေါင်းလောင်းတော်ကြီး (ဓာတ်ပုံ−မောင်တာ)

No comments:

Post a Comment