Monday, May 11, 2015

အရှိန်မထိန်းနိုင်သည့် ဘတ်စ်ကားကြောင့် ယာဉ်ငါးစီးဆင့်တိုက်



ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်းလမ်းဆုံ မီးပွိုင့် တွင် မီးနီနေစဉ် ခရီးသည်တင် ယာဉ် အရှိန်မထိန်းနိုင်ဘဲ ဝင် တိုက်၍ ယာဉ်ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

မေလ ၁၀ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ကမ္ဘာအေးဘုရား လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော မထသ (၄၃)ခရီးသည်တင်ယာဉ်သည် မီးပွိုင့်နီနေစဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တန်းကို နောက်မှဝင်တိုက်မိခြင်း ကြောင့် ယာဉ်ငါးစီးစလုံး အပျက်အစီး ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်းစုံစမ်းသိရ သည်။ခရီးသည်တင်ယာဉ် ဝင် ရောက်တိုက်ခိုက်မှုမှာ အရှိန်ပြင်း သောကြောင့် ထိုကဲ့သို့ ရှေ့မှ ကား များကို ထပ်ဆင့် တိုက်မိခြင်းဖြစ် ပြီး အချို့ကားများမှာ အပေါ်သို့ မြောက်သွားကာ ကားချင်း ထပ် သွားသည်အထိပင် ဖြစ်သွား ကြောင်း မရမ်းကုန်းမြို့နယ် ယာဉ် ထိန်းရဲရုံးမှ ယာဉ်မှုစစ်ဒုရဲအုပ် မျိုးမြင့်ထွန်းက ပြောသည်။

‘‘မီးပွိုင့်မိတာ သိပ်မကြာ သေးဘူး။ ခရီးသည်တင်ကားက ဝင်လာတာ။ ဘရိတ်လည်း မ ပေါက်ဘူး။ အရှေ့က အငှားကား ကို တိုက်တယ်။ အငှားကားက တစ်ဆင့် သူ့ရှေ့က ကားကိုထပ် တိုက်တယ်။ မီးပွိုင့်မှာ တန်းစီ ပြီး ရပ်ထားတော့ ငါးစီးဆက်တိုက် တန်းစီ တိုက်ကုန်ကြတာ’’ဟု ချော်တွင်းကုန်းမီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ခရီး သည်တင်ယာဉ်မောင်းကို ယာဉ်မ ဆင်မခြင် မောင်းနှင်မှုဖြင့် မရမ်း ကုန်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း စုံစမ်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး မြင်ကွင်း (ဓာတ်ပုံ − အောင်ပြည့်စိုး ဖေ့စ်ဘွတ်ခ်)
7Day Daily

No comments:

Post a Comment