Monday, May 11, 2015

စစ်ဘေးဒုက္ခသည်များကယ်ဆယ်စဉ်သေဆုံးဒဏ်ရာရကြက်ခြေနီတပ်ဖွဲ့ဝင်သုံးဦးအား နိုင်ငံတော်သမ္မတစွမ်းဆောင်ရည်ဆုချီးမြှင့်မည်


စစ်ဘေးဒုက္ခသည်များ ကိုကယ်ဆယ်ရင်း သေဆုံး၊ ဒဏ်ရာရခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်သုံးဦးအားသမ္မတဦးသိန်းစိန်က နိုင်ငံတော် သမ္မတ၏ စွမ်းဆောင်ရည်ဆုချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ၏ စွမ်း ဆောင်ရည်ဆုပေးပွဲအခမ်းအနား ကို နေပြည်တော်၌ မေလ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကွမ်း လုံမြို့နယ် ကြက်ခြေနီအဖွဲ့မှ ကိုမိုးကျော်သန်း၊ ကိုဇော်မင်း ထိုက်နှင့် လောက်ကိုင်ခရိုင်ကြက် ခြေနီအဖွဲ့မှ ကိုကျော်ဇောထူးတို့ ရရှိမည်ဖြစ်ကြောင်း ကွမ်းလုံမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့က ပြောသည်။‘‘၁၅ ရက်မှာ နေပြည်တော် မှာ အခမ်းအနားတက်ရမယ်။ ၁၄ ရက်နေ့ ရီဟာဇယ်ရှိတယ်။ သေ ဆုံးသွားတဲ့ ကိုမိုးကျော်သန်းရယ်၊ မျက်လုံးထိတဲ့ ကိုဇော်မင်းထိုက် ရယ်၊ လက်ကိုထိတဲ့ ကိုကျော် ဇောထူးရယ် သုံးယောက်ပေါ့။ ဆုခေါင်းစဉ်တော့ သေချာမသိ သေးဘူးပေါ့။ သမ္မတရဲ့ စွမ်း ဆောင်ရည်ဆုပေါ့။ အကြမ်းဖျင်း အဲဒီလောက်ပဲသိထားတယ်’’ဟု ဒေါက်တာသိမ်းမြို့က ပြောသည်။

နိုင်ငံတော်သမ္မတ၏ စွမ်း ဆောင်ရည်ဆုနှင့်ပတ်သက်၍ အဓိကစီမံခန့်ခွဲသည့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ဆုပေးအပ်ခြင်းမရှိမီ အသေးစိတ်ထုတ်ပြောခွင့်မရှိကြောင်း ပြောသည်။

ကိုမိုးကျော်သန်းမှာ လောက်ကိုင်မှ စစ်ဘေးဒုက္ခသည်များ ကယ်ဆယ်ရင်း သေနတ်ဖြင့် ပစ်ခံခဲ့ရကာ နှစ်လခန့်ကြာ ဆေးကုသမှုခံယူခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ ၎င်းတွင် မှီခိုသူ မိခင်၊ ဇနီးနှင့် သားသမီးငါးဦး ကျန်ရစ်ခဲ့သည်။ ကိုဇော်မင်း ထိုက်မှာ သေနတ်ပစ်ခတ်မှုဖြစ် စဉ်အတွင်း မျက်လုံးဒဏ်ရာရခဲ့ သော်လည်း စစ်ဘေးဒုက္ခသည် များကို ကယ်ဆယ်ရေးစခန်းသို့ ရောက်အောင် ကိုယ်တိုင်ကား မောင်းပို့ခဲ့သူဖြစ်သည်။ ကိုကျော် ဇောထူးမှာ သတင်းထောက်နှင့် စစ်ဘေးဒုက္ခသည်အချို့ကို လောက်ကိုင်မှ ချင်းရွှေဟော်သို့ ပို့စဉ် လမ်းခုလတ်၌ ပစ်ခတ်ခံရ ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ သူဖြစ်သည်။ ကိုမိုးကျော်သန်း အတွက် ဟင်နရီဒူးနန့်ဆုရနိုင်ရန် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်ထံသို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က အဆိုတင်သွင်းထားသည်။

ကိုးကန့်တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ကိုမိုးကျော်သန်းကို ဆေးရုံသို့ခေါ်ဆောင်လာစဉ်(ဓာတ်ပုံ - အောင်ခိုင်)
7Day Daily

No comments:

Post a Comment