Tuesday, May 26, 2015

‘တတိယမျက်လုံး’စီးရီးနဲ့ ပရိသတ်ရှေ့ပြန်လာမယ့် ဟစ်ဟော့ပ်အဆိုရှင်ရသ

ပရိသတ်များနှင့် နှစ်အတန်ကြာကင်းကွာနေသည့် အဆိုတော်  ရသက   ‘တတိယမျက်လုံး’ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေကို ဇူလိုင်လအတွင်း အွန်လိုင်းမှဖြန့်ချိသွားမည်ဟုပြောသည်။
 ‘‘သီချင်းစုစုပေါင်း ၁၄ ပုဒ် လောက်ပါမယ်။ အွန်လိုင်းကနေ ဇူလိုင် ၂၄ ရက်မှာ စပြီးဖြန့်မယ်။ သုံးပိုင်းခွဲပြီးရောင်းမယ်’’ဟု တတိယမျက်လုံးတစ်ကိုယ်တော် အခွေဖြန့်ချိမည့်အကြောင်းကို ရသကပြောသည်။


ယင်းအခွေကို အွန်လိုင်းမှ သာဖြန့်ချိပေးမည်ဖြစ်ပြီး အော်ဒီယိုစီဒီအနေဖြင့် ထုတ်မည်မဟုတ်ဘဲ အရုပ်၊ အသံပေါင်း၍ ဒီဗီဒီ တစ်မျိုးတည်းသာ ရိုက်ကူးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအခွေတွင် ၎င်းကိုယ်တိုင်ရေးထားသည့်သီချင်းများ ပါဝင်သကဲ့သို့ သူငယ်ချင်းများရေးပေးထားသည့် သီချင်းများလည်း ပါဝင်မည်ဖြစ်ပြီး တေးရေးအသစ်များလည်း   ပါဝင်မည်ဟု ရသကပြောသည်။

ရသသည် တစ်ကိုယ်တော် အခွေအနေဖြင့် ‘ကိစ္စမရှိဘူး’ ‘မြန်မာပြည်တွင်လုပ်သည်’အခွေများ ထွက်ရှိထားပြီး   မေလ ၂၄ ရက် ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင်ပြုလုပ်ခဲ့သော ဟစ်ဟော့ပ်ဖျော်ဖြေပွဲ၌ ရသပါဝင်သီဆိုခဲ့ပြီး နီနီခင်ဇော်၊ ဂျောက်ဂျက်တို့နှင့်တွဲဖက်၍ သီချင်းများသီဆိုခဲ့သည်။
7 day

No comments:

Post a Comment