Sunday, May 3, 2015

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၃ ဦး မှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန် တို့ဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့မှ ငွေကျပ် ၁၅ သိန်းဖြင့် သွားရောက် ခေါ်ဆောင် ခဲ့ကြောင်းသိရသည်။
“ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင် ထားတာကို မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ်ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်ခေါ်ယူခဲ့သူ တစ်ဦးမှလည်း ပြောကြားသွားပါသည်။

ဇော်မိုင်
Kachin Daily News

2 comments:

  1. မင်းတို့ ရဲ၃ယောက်ကိုဖမ်းတော့ လိုက်တိုက်တယ်။လူသစ်စုတာတွေ ဆက်ကြေးကောက်တာတွေကိုကြတော့ လိုက်မတိုက်ဘူးလား။ငါတို့ ကဘယ်သူ့ ကိုအားကိုးရမှာလည်း။ကချင်ပြည်နယ်လောက်စိတ်ပျက်စရာကောင်းတဲ့ နေရာမရှိတော့ ဘူး။ပြန်ရွေးငွေထဲကနေတ၀က်ကိုစစ်တပ်ကိုပေးနေတာလား။ဘာကြောင်လိုက်မတိုက်မှန်းမသိဘူး။ကေအိုင်အေလုပ်ချင်ရာလုပ်ကြည့် နေလို့ က
    တော့ စစ်တပ်မရှိလည်းရတယ်။ရန်ကုန်တိုင်းကိုပြောင်းသွားတဲ့ ဗိုလ်ချုပ်ထွန်းထွန်းနောင်ကိုပြန်ခေါ်ရမှာလား။တိုင်းမှုးကိုယ်တိုင်ကစောက်သုံးမကျတာ။

    ReplyDelete
  2. ဒီလိုလူသစ်စုပြီးငွေနဲ့ ပြန်ရွေးခိုင်းတာ ၃နှစ်အတွင်းမှာအများကြီးပဲ။ရှမ်းရွာတရွာမှာစစ်သားအနည်းဆုံး၅၀လောက်အမြဲရှိနေရမှာ။သူတို့ လူမျိုးအချင်းချင်းကျတော့ ဒီလိုမလုပ်ဘူး။လူသစ်မစုဖို့ ကိုအရင်ဗိုလ်ချုပ်ခင်ညွန့် နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ကတည်းကပါပြီးသား။လနန်ကိုယ်တိုင်ကစစ်ဖြစ်နေတဲ့ အချိန်ဆိုတော့ လူသစ်စုရမှာပဲလို့ တရားဝင်ပြောပြီးသားဆိုတော
    စစ်တပ်ကဘယ်လိုလုပ်မလဲဆိုတာစောင့် ကြည့် ဖို့ ပဲလိုတယ်။ပြည်သူကိုတကယ်ကာကွယ်မှာလားကိုစောင်
့ကြည့် ရမှာ။

    ReplyDelete