Tuesday, May 12, 2015

KIA အဖွဲ့မှ ဒေသခံရွာသားများအား ဖမ်းဆီးကာ တိုက်ပွဲအတွင်း အသုံးချနေ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်လင်းပါကျေးရွာအုပ်စု အတွင်း ရှိ လွေ ဆိုင်းနှင့် ဒုံခုံကျေးရွာပတ်ဝန်းကျင်တွင် နေ ထိုင်သော ဒေသ ခံရွာသား များအား KIA အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက် ကာ ပေါ်တာဆွဲ သွား ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။


အဆိုပါဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် KIA အဖွဲ့မှ ဒေသခံရွာသားများအား နန့်လင်းပါကျေးရွာအနီးတစ်ဝိုက်၌ မေလ ၆ ရက်နေ့မှ စတင်ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ခဲယမ်းပို့ ဆောင်မှုများ၊ ထမင်းထုတ်နှင့် ရေပို့ဆောင်ခိုင်းခြင်းများနှင့် တိုက်ပွဲ အတွင်း သေဆုံး လူနာများအား တိုက်ပွဲ ဖြစ်ပွားနေချိန် သယ်ယူခိုင်းခြင်း များ ဆောင်ရွက်ပေးရ န် အတွက် လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ် ဆောင်သည်ဟု ယင်း ဒေသခံရွာသားများထံမှ သိရသည်။“ မနက်အာရုံတက်ချိန်ကြီးဗျာ ရွာသားတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေလိုက်ရမယ်ဆိုပြီး လက်ပြန်ကြိုး တုပ်ခေါ်သွားကြတာ၊ ရွာထဲမှာ မနက်လင်းချိန်ကြီး အားလုံးငိုယိုနေကြတာပေါ့ဗျာ၊ ဒီကောင်တွေမှာ ကိုယ် ချင်းစာ တရားကို မရှိကြဘူး၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ကောင်တွေ၊ လူတွေရော ဟုတ်ကြရဲ့လား မသိဘူး ” ဟု ဒုံခုံကျေးရွာမှ ဒေသခံရွာ သားတစ်ဦးမှ ပြောပြသည်။

“ ကလေးကလည်း ဒီလ တတိယအပတ်လောက်မှာမွေးမယ်လို့ ဆရာဝန်က ပြောတယ်၊ အားကိုးအားထား ဆိုလို့ ယောက်ျားဘဲရှိတာ၊ အခု KIA အဖွဲ့က ဖမ်းခေါ်သွားတော့ ကျမ ဒီကလေးကို ဘယ်လိုအား အင်နဲ့ မွေးမလဲရှင်၊ ဖမ်းခေါ်သွားသွားချင်း လိုက်ပြောပါသေးတယ်၊ ကလေးမွေးတော့မှာမိုလို့ ယောက်ျား ကို ပြန်လွှတ် ပေးဖို့ ပြောတော့၊ နှမချင်းမစာမနာရှင် နင်ကလေးမွေးတာ နင့်ယောက်ျားမရှိလည်း ဘာဖြစ်လဲတဲ့၊ ငါတို့က ကချင်ဒေသကောင်းစားရေးအတွက် အလုပ်လုပ်နေတာ ပြန်မလွှတ်ပေးနိုင်ဘူးလို့ ပြောသွားတယ် ” ဟု လွေဆိုင်းကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ပြောပြသည်။

KIA အဖွဲ့၏ ကချင်ပြည်နယ်လွတ်မြောက်ရေး၊ ဒေသခံပြည်သူတို့၏ လူ့အခွင့်အရေး မြှင့်တင်ရေးဆိုပြီး ခေါင်းစဉ်တပ် အမည်ခံလုပ်ဆောင်မှု များသည် လက်ရှိတွင် ရှေ့နောက်တလွှဲများဖြစ်နေကြောင်းနှင့် ငြိမ်းချမ်း ရေးကို အမည်တပ်ကာ အဖွဲ့အစည်းအဆင်ပြေစေရေး အတွက် ဒေသအတွင်း တရားမ၀င်သစ်များ မှောင်ခို သယ်ယူရောင်းချခြင်းနှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးမှုတို့ကြောင့် ဒေသခံလူငယ်တို့၏ ဘ၀များ ဆုံးရှုံးနစ်နာခဲ့ရ ကြောင်းနှင့် လူ့အခွင့်အရေး အမှန်တကယ်ချိုးဖောက် သည်မှာ KIA အဖွဲ့သာဖြစ်သည်ဟု မန်စီမြို့ခံ အထက် တန်းရှေ့နေတစ်ဦး မှ ပြောကြားသွားသည်။

စိုင်းလောင်မုန်း

Kachin Daily News 

No comments:

Post a Comment