Sunday, May 17, 2015

ထင်းခုတ်နေသော ဒေသခံ ၁၅ ဦးထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ စက ကျေးရွာ(ဟောင်း)မှ ထင်းခုတ်နေ သော ဒေသခံများအား မေလ ၁၄ ရက် နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်တောင်း ခံသွားကြောင်း သိရ သည်။

အဆိုပါအဖွဲ့သည် စကကျေးရွာ(ဟောင်း)သို့ ရောက်ရှိလာပြီး အနီးပတ်ဝန်း ကျင်တွင် ထင်းများခုတ်ယူ နေသော ချိန်းဆော သမားများထံမှ ချိန်းဆောတစ်လုံးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် တောင်းခံသွားကြောင်း ထင်းခုတ်သမား တစ်ဦးမှ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ကျွန်တော်တို့မှာ မိသားစုစားဝတ်နေရေး အတွက် ထင်းခုတ်ရောင်းပြီး ဖြေရှင်း နေရတာကို KIA ဆက်ကြေးတောင်းတော့ ကျွန်တော်တို့မိသားစုအတွက် မဟုတ်ဘဲ KIA ကို ထင်းခုတ်ရောင်း ပြီး ပေးနေရသလိုဖြစ်နေ တာပေါ့ဗျာ၊ ချိန်းဆောကလည်း သူများဆီက ပိုက်ဆံနဲ့ငှားပြီး ဖြတ်ရတာပါ” ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။

ယခုကဲ့သို့ KIA အဖွဲ့မှ ဆက်ကြေးကောက်ခံခြင်းများအပြင် ကျေးရွာများ အနီးတွင် မိုင်းထောင်ပြီး ဒေသခံ များအား ရွာအပြင်မထွက်ရန် တားမြစ်ထား သော်လည်း မိသားစု စားဝတ်နေရေးအတွက် အရဲစွန့်လုပ်နေ ရကြောင်း၊ KIA မိုင်းအား နင်းမိပါက သေကျေဒဏ်ဒဏ်ရာရသည့်အပြင် မိသားစုထံမှ မိုင်းဖိုးအလျော် တောင်းကြောင်း၊ ဆက်ကြေးအမျိုးမျိုး ပေးနေရသောကြောင့် ဒေသခံများအနေဖြင့် တစ်ဖက်နိုင်ငံသို့ သွား ရောက်ကာ ပင်ပန်းဆင်းရဲခံကာ အလုပ်လုပ်ကိုင် နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံမှ ကြားသိ ရသည်။

KIA အဖွဲ့သည် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်နယ်မြောက်ပိုင်းဒေ သများဖြစ်သော ကွတ်ခိုင်၊ မူဆယ် မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ ဆက်ကြေးပေးဆောင်ရန် အကြောင်း ကြားစာများပေးပို့ခဲ့ပြီး ပေးဆောင်ခြင်းမရှိသောဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း မူဆယ်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။

ထွန်းအောင်ကျော်( မိုးညှင်း)
Kachin Daily News 

No comments:

Post a Comment