Sunday, May 17, 2015

ကာလဒေသ အချိန်အခါနဲ့ကိုက်ညီမယ့်ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိနိုင်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပြင်သင့် ပြင်ထိုက်တဲ့ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပါအဝင် စနစ်တစ်ခုလုံးကို ပြောင်းလဲနိုင်မှာ မဟုတ်တဲ့အတွက် မိမိတို့ အလေးထားရမယ့်ကိစ္စက ဥပဒေများ ကာလဒေသအချိန်အခါနဲ့ ကိုက်ညီမယ့် ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ မှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပါးစပ်နဲ့ စိတ်ကူးနဲ့ ပြုပြင်ပြောင်းလဲလို့ မရ နိုင်ပါဘူး။ ပြုပြင်ပြောင်းလဲ နိုင်တဲ့ ပြုပြင် ပြောင်းလဲရမယ့် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးကို အနှောင့် အယှက်ဖြစ်နေတဲ့ ဥပဒေများကို ပယ်ဖျက် ဖို့လိုပါတယ်ဟု မေ ၁၄ ရက်က ပြုလုပ် သော ပြည်သူ့ လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၆ ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသွားခဲ့သည်။

ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၄၆ ရက်မြောက် နေ့ အစီအစဉ်တွင် သင်္ဃန်း ကျွန်း မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့် ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆို တင်သွင်းခဲ့ပြီး ယင်း အဆိုနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဆက်လက်ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ မိမိ တို့အနေနဲ့ ဥပဒေပြုရေး တာဝန်မှာ အဓိက ပြုလုပ်တယ်။ ဒီလိုကိစ္စတွေကို အလေးထား သုံးသပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့လဲ မိမိတို့ ဒီနေ့ဥပဒေပြုရေး တာဝန်မှာ အဓိက တာဝန်ပြုလုပ်တယ်။ ဒီလို ကိစ္စတွေကို အလေးထားပြီးတော့ ပယ်ဖျက် သင့်တဲ့ ဥပဒေပယ်ဖျက်ဖို့ ဆိုလို့ရှိရင်လဲ အ စားထိုးနိုင်တဲ့ ဥပဒေတွေကို အလေးအနက် ထား ကြိုးပမ်းဆောင်ရွက်စေလိုပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြု ပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ ပြုပြင် ပြောင်းလဲမှုနဲ့ ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအပါအဝင် စနစ်တစ်ခုလုံးကို ပြောင်း လဲနိုင်မှာ မဟုတ်တဲ့အတွက် မိမိတို့အလေး ထားရမယ့်ကိစ္စက ဥပဒေများ ကာလဒေသ အချိန် အခါနဲ့ ကိုက်ညီမယ့် ဥပဒေများ ပြင် ဆင် ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြု ပြင်ပြောင်းလဲမှုတွေဟာ ဘယ်လိုမှ အောင် မြင်နိုင်စရာ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကို ကျွန် တော်တို့ ခံယူပြီး ဆောင်ရွက်ဖို့ လိုပါတယ်'' ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် သူရဦးရွှေမန်းက ''ဒီ နေ့ ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေ စီနဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ထူထောင် ပြီး နိုင်ငံ တိုးတက်ဖွံ့ဖြိုးအောင် ရည်မှန်းချက် ထားပြီး ဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါ တယ်။ ဒါကြောင့်မို့ အခုပြောကြားနေတဲ့ ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် တ ကယ့်ကို အောင်မြင်အောင်ဆိုလို့ရှိရင် ပြည် သူ့ကိုယ်စား တာဝန်ယူထားတဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် များမှာ တာဝန် ရှိပါတယ်။

ဒါကြောင့်မို့ ဒီနိုင်ငံရေးအသိ၊ နိုင်ငံရေးသတိများ ရှိပြီးတဲ့အခါမှာ တကယ် ကျွန်တော်တို့နိုင်ငံကို ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်နိုင် ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ် ဆိုလို့ ရှိရင် ဒီတာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်ဖို့ အမြဲသတိပြု ဆောင်ရွက်ဖို့လိုပါ တယ်။ ဒီအတိုင်းပဲ ဒီလို ဆောင်ရွက်တဲ့နေ ရာမှာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ နိုင်ငံ၊ ကိုယ့်လူမျိုးတွေအတွက် ဒီလိုဆောင် ရွက်တယ်ဆိုရင် တကယ်လိုအပ်တဲ့ အချိန် မှာ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ဖို့ လိုပါ တယ်။

ဘာပဲလုပ်လုပ် အပြောတစ်ခုနဲ့ မရ ပါဘူး။ အပေးရယ်၊ အပြောရယ်၊ အလုပ် ရယ် ညီညွတ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေထဲမှာ ဖော်ပြထားတဲ့ ပါတီစုံဒီမို ကရေစီ နဲ့ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်စွာ တည်ဆောက်ဖို့ဆိုရင် ကျွန်တော် တို့ ပြည်သူ့ကိုယ်စားလှယ် တွေမှာ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ ဒီလိုဆောင်ရွက်ပေးတဲ့ နေရာမှာလဲ ဘယ်လိုအခက်အခဲတွေ တွေ့ ကြုံစေကာမူ မိမိတို့ အောင်မြင်အောင်ဆောင်ရွက်ဖို့ သတ္တိတွေ မွေးဖို့ ရဲဝံ့စွာဆောင်ရွက်ဖို့ လိုပါကြောင်း ဆက်လက် ဆွေးနွေးတင်ပြ ပါတယ်''ဟု ပြောကြားခဲ့သည်။

Yangon Media Group 

2 comments:

  1. ခင်ဗျားသားတွေကို တိုင်းမှုးဘ၀တုန်းကအပိုင်စီးထားတဲ့ လုပ်ငန်းတွေကိုအရင်စွန့် ခိုင်းပြီးမှပြောပါ။အသံကောင်းမဟစ်ပါနဲ့ ။

    ReplyDelete
  2. ဟုတ်ပါ့ဗျာ သူ့ သားတွေစီးပွားရှာတာကအရင်အတိုင်းပဲဘာမှမပြောင်းလဲဘူး

    ReplyDelete