Saturday, May 9, 2015

သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား၊ RCSS အဖွဲ့များ သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ဆုံ


သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် UWSP မှ တာဝန်ရှိသူများ ဆွေးနွေးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − MOI)
သမ္မတဦးသိန်းစိန်သည် ‘ဝ’၊ မိုင်းလားနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့မှ ခေါင်းဆောင်များနှင့် မေလ ၈ ရက် က သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ ဆုံခဲ့ပြီး RCSS နှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်က ပန်ဆန်းညီလာခံမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)လက် မှတ်ရေးထိုးနိုင်ရေး ကြန့်ကြာ သွားမည်ကို စိုးရိမ်သည့်သဘော ဆွေးနွေးခဲ့ကြောင်း RCSS ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။
‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့ အဓိကဆွေးနွေးတာကတော့ NCA ဖြစ်မြောက်ရေးပါ။ ကျွန် တော်တို့က ဖေဖော်ဝါရီမှာလည်း ငြိမ်းချမ်းရေး commit- ment ကို ပထမဆုံးပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဆိုတော့ NCA ဖြစ်ရေးအတွက် တခြား အဖွဲ့တွေကို တိုက်တွန်းပေးဖို့ အင်တိုက်အားတိုက်ဆန္ဒရှိတယ် လို့ ဆွေးနွေးတာပါ။ ပန်ဆန်း ညီလာခံနဲ့ပတ်သက်ရင်တော့ သမ္မတကြီးက NCA ကိုထိခိုက်မှာ စိုးရိမ်တဲ့သဘောရှိတယ်။ အဲဒီ ဆွေးနွေးပွဲကနေ တစ်စုံတစ်ရာ အတွေးအမြင်ပြောင်းလဲသွား မလား။ ပြီးတော့ NCCT နောက် တစ်ကြိမ်ဆွေးနွေးပွဲကြန့်ကြာ သွားမလားပေါ့။ NCCT ကလည်း အခုမူကြမ်းဆွေးနွေးပြီးတဲ့အဆင့် ဆိုတော့လေ’’ဟုဦးစိုင်းဆိုင်မိန်း ကပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် မြန်မာ-လာအိုချစ်ကြည်ရေး တံတားဖွင့်ပွဲအတွက် ကျိုင်းတုံမြို့ သို့ မေလ ၈ရက်က ရောက်ရှိစဉ် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)၊ အမျိုးသားဒီမို ကရေစီမဟာမိတ်တပ်ဖွဲ့(မိုင်း လား- NDAA)နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA)တို့နှင့် တစ်ဖွဲ့ချင်းစီသီးသန့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
‘ဝ’အထူးဒေသ (၂) မှ ဦးပေါက် ယူရီခေါင်းဆောင်သောအဖွဲ့၊ RCSS ဥက္ကဋ္ဌဦးယွက်ဆစ်ခေါင်း ဆောင်သောအဖွဲ့နှင့် မိုင်းလား အဖွဲ့ခေါင်းဆောင်ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူတို့အား သမ္မတဦးသိန်း စိန်က မေလ ၈ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ၄၀ မိနစ် အထိ သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
‘ဝ’အဖွဲ့က သမ္မတနှင့်တွေ့ဆုံ ရာတွင် ပန်ဆန်းညီလာခံဖြစ်စဉ် များကို ရှင်းပြခဲ့ပြီး အပစ်အခတ် ရပ်စဲရေးမလုပ်နိုင်သေးသည့် အဖွဲ့များ NCA တွင်ပါဝင်လာနိုင် ရန်နှင့် NCA ကိုအမြန်ဆုံးလက် မှတ်ရေးထိုးနိုင်ရန် တိုက်တွန်း သွားမည်ဟု သမ္မတအားပြောကြားခဲ့ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်ဦးရဲထွဋ်ကပြောသည်။
UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က နိုင်ငံတော်သမ္မ တနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသော်လည်း ကိုယ်စားလှယ်အဖွဲ့မှာ လမ်းခရီး တွင်သာ ရှိသေးသည့်အတွက် အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ပြောကြား သည်။
‘‘ဦးပေါက်ယူရီ အပါအဝင် ကျွန်တော်တို့ဆီက ခေါင်းဆောင် သုံးဦးပါပါတယ်။ အသေးစိတ်ကို တော့ မသိရှိရသေးပါဘူး။ ကျွန် တော်ကတော့ နောက်မှာ အစည်း အဝေးကိစ္စတွေရှိသေးတဲ့အတွက် မလိုက်ဖြစ်လို့ပါ’’ဟု ၎င်းက ဆက် လက် ပြောကြားသည်။
NCA လက်မှတ်ရေးထိုးပြီး နောက် ပေါ်ပေါက်လာမည့် နိုင်ငံ ရေးဆွေးနွေးပွဲများတွင် ၎င်းတို့ အဖွဲ့အနေဖြင့် ပါဝင်လာနိုင်မည် ဖြစ်ခြင်းကြောင့် NCA အမြန်ဆုံး ရေးထိုးနိုင်ရေးကို တိုက်တွန်းသွား မည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးနှင့်ပတ် သက်၍ ယနေ့တွေ့ဆုံမှုတွင် ‘ဝ’ အဖွဲ့က ဆွေးနွေးသွားခြင်းမရှိ ကြောင်း ဦးရဲထွဋ်ကပြောသည်။
ထို့ပြင် ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့ကို အားပေး ထောက်ခံမှုမရှိကြောင်း ‘ဝ’နှင့်မိုင်း လားနှစ်ဖွဲ့စလုံးက ပြောကြားခဲ့ သည်ဟုဆိုသည်။ လက်ရှိ ကိုးကန့်(MNDAA)၊ တအာင်န်းလက်နက် ကိုင်အဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော်(AA)တို့နှင့်ဖြစ်ပွား နေသောတိုက်ပွဲများကို အမြန်ဆုံး ပြီးဆုံးစေလိုကြောင်းပြောကြားခဲ့ သည်ဟု ၎င်းကဆက်လက်ပြော ကြားသည်။
‘‘ပြီးဆုံးချင်တယ်ဆိုရင် သူတို့ဘက်ကစတာဖြစ်လို့ ရပ် ချင်တယ်ဆိုရင် သူတို့ဘက်က ကြိုးပမ်းဆောင်ရွက်ဖို့လိုမယ်။ အဲဒီလိုမှ ကျွန်တော်တို့က စဉ်းစား ဆောင်ရွက်ပါမယ်လို့ ဆွေးနွေးပါ တယ်။ ဘယ်လိုရပ်ချင်တယ်ဆို တာ သူတို့အဆိုပြုရမယ်။ အဆို ပြုတာကိုမူတည်ပြီး အစိုးရနဲ့ တပ်မတော်က ပြန်လည်စဉ်းစား ဆောင်ရွက်မယ်။ ကျွန်တော်တို့ က ငြိမ်းချမ်းရေးကိုထိန်းသိမ်းတဲ့ အတွက် ကိုယ်ကစတိုက်ခဲ့တာ မဟုတ်ဘူး’’ဟု ၎င်းကပြောသည်။
သမ္မတဦးသိန်းစိန် မိုင်းလား အဖွဲ့နှင့်တွေ့ဆုံရာတွင် မိုင်းလား အဖွဲ့ခေါင်းဆောင်ဦးစိုင်းလင်း နှင့် အတူ ဦးဖုန်ကြားရှင်၏သမီး၊ ဦးစိုင်းလင်း၏ဇနီးလည်း ပါဝင် ခဲ့ပြီး သမ္မတအား ၎င်း၏ဖခင် ဦးဖုန်ကြားရှင်၏ မိသားစု အရေး ကိစ္စနှင့်ပတ်သက်၍ တင်ပြခဲ့ ကြောင်း ဦးရဲထွဋ်ကပြောသည်။
‘‘ဦးစိုင်းလင်းနဲ့ သူ့ဇနီးက သမ္မတကြီး ဒီမှာတာဝန်ထမ်း ဆောင်စဉ်ကတည်းက ခင်မင် ရင်းနှီးကြပါတယ်။ ဒါကြောင့် ဒီနေ့လိုက်ပါလာတာဖြစ်တယ်။ ဦးဖုန်ကြားရှင်ရဲ့သမီးဖြစ်ပါ တယ်။ မိသားစုကိစ္စကို သမ္မတကြီးကို သီးခြားတင်ပြတာရှိပါတယ်။ ဒါကိုတော့ ကျွန်တော်ပြောလို့မရ ပါဘူး’’ဟုဆိုသည်။
ယနေ့တွေ့ဆုံပွဲနှင့်ပတ် သက်၍ ‘ဝ’နှင့်မိုင်းလားအဖွဲ့တို့သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလိုင်းများ ဆက်သွယ် မှု အဆင်မပြေခဲ့သောကြောင့် မေးမြန်းခွင့် မရခဲ့ပေ။
ပန်ဆန်းညီလာခံမှတိုင်းရင်း သားများမှာ ဖက်ဒရယ်ပြည် ထောင်စုမှခွဲထွက်မည်မဟုတ်ဘဲ နိုင်ငံရေးပြဿနာများကို လက် နက်ဖြင့်ဖိအားပေးဖြေရှင်းသည့် နည်းလမ်းကို ဆန့်ကျင်ကန့်ကွက် ကြောင်း အပါအဝင် အချက် ၁၂ ချက်ပါထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ထားသည်။
ကချင်၊ တအာင်န်း၊ ရခိုင် နှင့် ကိုးကန့်ဒေသများတွင် တပ်မတော်၏ထိုးစစ်ဆင်မှုများကို နိုင်ငံရေးအရဖြေရှင်းနိုင်ရန် နှင့် NCAတွင် အပစ်အခတ် မရပ်စဲနိုင်သေးသောအဖွဲ့များအားလုံး တန်းတူ ရည်တူပါဝင်သင့်ကြောင်းသဘောတူခဲ့သည်ဟု အဆိုပါထုတ် ပြန်ချက်၌ ပါရှိသည်။
သမ္မတဦးသိန်းစိန်နှင့် UWSP မှ တာဝန်ရှိသူများ ဆွေးနွေးနေစဉ် (ဓာတ်ပုံ − Ye Htut Facebook)
7Day Daily

No comments:

Post a Comment