Sunday, June 28, 2015

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အပူဒဏ်အဆိုးဆုံးခံနေရတဲ့ ကရာချီမြို့မှာ ဇွန် ၂၆ ရက်နေ့ကစလို့ ပင်လယ်ဘက်ကနေ လေပြေလေညင်းတွေ စတင်ဝင်ရောက်နေတာကြောင့် အရင်နေ့တွေကထက် အပူဒဏ်သက်သာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇွန် ၂၇ ရက်နေ့ ပါကစ္စတန် မိုးလေ၀သဌာနက ခန့်မှန်းချက်အရ အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူဦးရေ သန်း ၂၀ နေထိုင်တဲ့မြို့မှာ အစိုးရရဲ့ အရေးယူ ဆောင်ရွက်ပုံ ညံ့ဖျင်းတယ်ဆိုပြီး ပြည်သူတွေက ဝေဖန်နေကြပါတယ်။

အပူဆုံးရက်တွေမှာ  ကရာချီမြို့အခြေစိုက် ပရဟိတအဖွဲ့ အက်ဒီ ဖောင်ဒေးရှင်းက Edhi Foundation လူနာတင်ယာဉ် ၃၀၀ လောက်ဟာ နေ့ရောညပါ မနားခဲ့ရဘူးလို့ ဖောင်ဒေးရှင်းက ပြောပါတယ်။

ဇွန် ၂၆ ရက်နေ့ကလည်း ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အလောင်း ၅၀ ကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဖောင်ဒေးရှင်းက  ပြောပါတယ်။
dvb

No comments:

Post a Comment