Sunday, June 28, 2015

သံတွဲလေဆိပ်ဟိုတယ် ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

သံတွဲမြို့တွင် ဆောက် လုပ်လျက်ရှိသည့် လေဆိပ်ဟို တယ်ကို ယခုနှစ်ဒီဇင်ဘာ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော ငပလီကမ်းခြေ၌ ခရီးသွားဦးရေ များပြားချိန်တွင် ဟိုတယ်အခန်းမလုံလောက်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန် လေဆိပ်ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ဟိုတယ် အတွက် ဂိုးလ်ဒင်း ဟံသာဝတီ ကုမ္ပဏီအား မြေနေရာငှားရမ်း၍ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် ဆောက်လုပ်မည်ဖြစ်သည်။ လက်ရှိတွင် တည် ဆောက်နေဆဲဖြစ်ပြီး လေဆိပ် ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ရထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။


‘‘သံတွဲလေဆိပ်မှာ လေဆိပ် ဟိုတယ်ဖွင့်ခြင်းအားဖြင့် နောက် ပိုင်း နိုင်ငံခြားခရီးသည်တွေ လာ ရင်လေဆိပ်မှာ ဈေးနှုန်းချိုသာစွာ တည်းနိုင်တယ်။ နိုင်ငံတကာက ခရီးသည်တွေလည်း ပိုပြီး လုံခြုံ စိတ်ချမှု ရှိမယ်’’ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်းစံချိန် စံညွှန်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန် ကြားရေးမှူး ဦးကျော်စိုးက ပြော ကြားသည်။

ဆောက်လုပ်မည့် သံတွဲလေဆိပ်ဟိုတယ်ပုံစံသည် ဘန်ဂလိုနှစ်ထပ် ဒီဇိုင်းများဖြစ်၍ အခန်းပေါင်း ၉၈ ခန်းပါရှိမည်ဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာတွင် ဟိုတယ်အ ခန်း ၁၀ ခန်းဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

ယခုကဲ့သို့ လေဆိပ်ဟိုတယ် လုပ်ငန်း လုပ်ဆောင်ခြင်းသည် လေဆိပ်ကို အခြေခံထားပြီး လေ ကြောင်းနှင့် မပတ်သက်သည့် ၀န်ဆောင်မှု(Non Aero)မှ နိုင်ငံအ တွက် ၀င်ငွေရှာပေးသည့် သဘောဖြစ်ပြီး Public, Private, Par-tnership(PPP)  ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးဦးကျော်စိုးက ဆက်လက်ပြောကြားသည်။

‘‘လေဆိပ်မှာ ဟိုတယ်ဖွင့် မှာက ကောင်းပါတယ်။ တခြား နိုင်ငံတကာ လေဆိပ်တွေမှာလည်း လေဆိပ်ဟိုတယ်က ရှိတယ်လေ။သံတွဲမှာ ငပလီရှိတော့ နိုင်ငံခြားသား ခရီးသွားတွေအတွက်လည်း သွားရေးလာရေးကအစ အဆင်ပြေတာပေါ့’’ ဟု Royal Caravan  Travel & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 အခြား လေဆိပ်များတွင် လည်း ခရီးသွားဦးရေအပေါ် အခြေခံ၍ မြေနေရာနှင့် ၀န်ဆောင်မှုပေါ်မူတည်ပြီး လေဆိပ်ဟိုတယ် ဖွင့်လှစ်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက မာစတာပလန်ရေးဆွဲနေကြောင်း သိရသည်။
7 day

No comments:

Post a Comment