Thursday, June 25, 2015

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ ပြည်ပကုန်သည်လာရောက်မှု ထက်ဝက်လျော့ကျ

ကျင်းပနေဆဲဖြစ်သည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာ ပြပွဲတွင် ပြည်ပ ကျောက်မျက်ကုန်သည်များ လာ ရောက်မှုထက်ဝက်လျော့ကျသွား ကြောင်း ပြပွဲကျင်းပရေး ကော်မ တီမှ သတင်းရရှိသည်။ဇွန်လ ၂၄ မှ ဇူလိုင် ၆ ရက် အထိ ၁၃ ရက်ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြည်ပကုန်သည်များ မျှော်မှန်း သည်ထက် ထက်ဝက်လျော့ကျ သွားခဲ့သည်ဟု အထက်ပါကော်မ တီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော သည်။  ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ သည့် (၅၁)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင် ပြည်ပရတ နာကုန်သည် လေးထောင်ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်၌ နှစ် ထောင်ကျော်သာ ၀င်ရောက် ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ စာရင်းဇယားများမှသိရသည်။
အထူးသဖြင့် တရုတ်ကုန်သည် များအဓိက လျော့ကျသွားပြီး တ ရုတ်နိုင်ငံတွင် အဂတိလိုက်စား သော အစိုးရ၀န်ထမ်းများကို တ ရုတ်အစိုးရက အဓိက ကန့်သတ် ခြင်း၊ အရေးယူမှုများပြုလုပ်နေ ခြင်းတို့ကြောင့် ယခုပြပွဲတွင်လျော့ကျသွားခြင်းဖြစ်သည်ဟု ဖားကန့်မြို့မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင် ဦးလောရင်စရိုင်းက ပြောသည်။

‘‘ပြီးခဲ့သည့်နှစ်ကစပြီး လုပ် ငန်းရှင်အပြင် ကိုယ်စားလှယ်တွေ ပါ ၀င်ခွင့်ရပြီဆိုတာကြောင့် ဒီနှစ် မှာ တရုတ်က လုပ်ငန်းရှင်ထက် ကိုယ်စားလှယ်တွေလာတယ်။ ဒါ ပေမဲ့ အရင်နှစ်ကလို ၀င်ပြီးအင်နဲ့ အားနဲ့ မ၀ယ်နိုင်တော့ဘူး’’ ဟု ၎င်းက ဆိုသည်။

ကျောက်စိမ်းကို တရုတ်ကုန် သည်များက အဓိကဈေးကောင်း ပေးဝယ်ယူခဲ့သော်လည်း ယခုပြပွဲ တွင် မြန်မာကုန်သည်အချင်းချင်း သာ ဈေးကောင်းပေး ၀ယ်ယူရ တော့မည်ဟု စစ်ကိုင်းမြို့မှ ကျောက်စိမ်း အချောထည်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ယခုနှစ်တွင် အစိုးရဘက်က  ပြီးခဲ့သည့်နှစ်ကထက် ပြည်တွင်း၊ ပြည်ပကျောက်စိမ်းကုန်သည်များ ပိုမိုဝင်ရောက်ရန် ခန့်မှန်းထား သည်။ (၅၁)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲကာလက အတွဲ ပေါင်း ၇,၅၀၀ ကျော် ပြသခဲ့ပြီး ယခုပြပွဲတွင် အတွဲပေါင်း ၉,၀၀၀ ကျော် ပြသခဲ့သော်လည်း ကုန် သည်များ ၀င်ရောက်မှုနည်းပါးသ ဖြင့်ပြပွဲမှာ စိတ်ဝင်စားမှုလျော့ကျ သွားနိုင်ကြောင်း လုပ်ငန်းရှင်များ က ခန့်မှန်းပြောကြားသည်။

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပ သည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ ကျောက်မျက်အတွဲပေါင်း ၃၂၃ တွဲ၊ ကျောက်စိမ်းအတွဲပေါင်း ၈၉၄၃တွဲကို ခင်းကျင်းပြသရောင်း ချမည်ဟု ပြပွဲကျင်းပရေးကော်မ တီက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ပြပွဲတွင် သတ္တု တွင်း ၀န်ကြီးဌာန အချောထည် လုပ်ငန်းများ ပိုမိုအားကောင်းစေ နိုင်ရန် နောက်တစ်ကြိမ် ပြပွဲများ ပြုလုပ်ပါက အတွဲအရေအတွက်  လျှော့ချမည်ဟု ပြောကြားထား သော်လည်း ယခုနှစ်တွင်ယခင်နှစ်ကထက် အတွဲပေါင်း ၁,၅၀၀ ကို ပိုမိုတင်ပြ ရောင်းချခဲ့ခြင်းဖြစ် သည်။ပြပွဲတွင် ၀င်ကြေးအဖြစ်နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၊ ပြည်တွင်းကုန်သည်တစ်ဦးလျှင် မြန်မာငွေ ခြောက်သောင်းကျပ်ဖြစ်ပြီး သတင်းရယူသည့် မီဒီယာသမားတစ်ဦးလျှင်ငွေ ကျပ်သုံးသောင်း သတ်မှတ်ထား သည်။
7 day

No comments:

Post a Comment