Thursday, June 25, 2015

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အာမခံအမျိုးအစားသုံးခု လုပ်ကိုင်ခွင့် ဂျပန်ကုမ္ပဏီသုံးခုရရှိ

 မကြာမီစတင်လည် ပတ်တော့မည့် သီလ၀ါအထူးစီး ပွားရေးဇုန်အတွက် ပြည်တွင်း၌ လုပ်သက် နှစ် ၂၀ ရှိ ဂျပန်အာမခံကုမ္ပဏီသုံးခုအား ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီများသည် မီး အာမခံ၊ ယာဉ်အာမခံနှင့် ရေ ကြောင်းကုန်စည်အာမခံ စသည့် သုံးမျိုးကို လုပ်ကိုင်ခွင့်ရမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းကပြောသည်။
‘‘အခုအာမခံဒီသုံးခုပဲရှိသေး တယ်။ အနှစ်နှစ်ဆယ်လောက် ဒီ မှာစောင့်နေတယ်။ ဒါကလည်း ဂျ ပန်ဖြစ်လို့ ခွင့်ပြုတာမဟုတ်ဘူး။ တခြားနိုင်ငံတွေကိုလည်း ခွင့်ပြု ပါတယ်’’ ဟု ဒေါက်တာမောင် မောင်သိမ်းကပြောသည်။

ယင်းအာမခံ ကုမ္ပဏီများ သည် အထူးစီးပွားရေးဇုန်များ တွင်သာ လုပ်ငန်းပြုလုပ်ခွင့် ရှိ သော်လည်း ပြည်တွင်းအာမခံကု မ္ပဏီများသည် တစ်နိုင်ငံလုံး၌လုပ် ကိုင်ခွင့်ရှိသဖြင့် အထူးစီးပွားရေး ဇုန်များတွင်ပါ လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း ဒေါက်တာမောင် မောင်သိမ်းကပြောသည်။ ပြည် တွင်းအာမခံကုမ္ပဏီများသည် မ ကြာမီ ခွင့်ပြုတော့မည့် ရေကြောင်းအာမခံ အပါအ၀င် စုစုပေါင်း ခုနစ်မျိုးလုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် နိုင်ငံခြားအာမခံကု မ္ပဏီများသည် လုပ်သက်အနည်း ဆုံး နှစ် ၃၀ ရှိရပြီး ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲ သက်တမ်း သုံးနှစ်ရှိရမည်ဖြစ်သည်။ ကုမ္ပဏီ၏ပိုင်ဆိုင်မှုသည် အနည်းဆုံးဒေါ်လာသုံးဘီလီယံရှိရမည်ဖြစ်သည်။ အာမခံလုပ်ငန်းလိုင်စင် ရရှိသော နိုင်ငံခြား အာမခံကုမ္ပဏီသည်လိုင်စင်ကြေးဒေါ်လာ သုံးသောင်းနှင့်နှစ်စဉ်ကြေးဒေါ်လာတစ်သောင်းပေးသွင်းရမည်ဖြစ်သည်။
ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြား အာမခံကုမ္ပဏီ ၁၀ ခုကျော်ရှိပြီး ပြည်တွင်းကုမ္ပဏီ ၁၂ ခုရှိကာ အာမခံလုပ်ငန်းများကို ၂၀၁၂ မှ စ၍ ပြည်တွင်းကုမ္ပဏီများစတင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
7 day

No comments:

Post a Comment