Wednesday, June 17, 2015

ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကို မြောက်ကိုရီးယား ကြုံတွေ့နေ

 မြောက်ကိုရီးယားနိုင်ငံသည် ရာစုနှစ်အတွင်း အဆိုးဝါးဆုံးမိုးခေါင်မှုကို ကြုံတွေ့နေရလျက် ရှိသည်ဟု
နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြပြီး ဆင်းရဲသည့်နိုင်ငံအတွက် စားနပ်ရိက္ခာပြတ်လပ်မှု စိုးရိမ်စိတ်များ ဖြစ်ပွားပေါ်ပေါက်နေရသည်။
ဆိုးရွားသည့် မိုးခေါင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ ဆန်အများဆုံး ထွက်ရှိရာ အဓိကပြည်နယ်တွင် ဆိုးဝါးစွာ ပျက်စီးမှုများဖြစ်နေကြောင်း ကိုရီးယား ဗဟိုနယူးစ် အေဂျင်စီ KCNA က သတင်းဖော်ပြသည်။


"မြောက်ကိုရီးယားနိုင်ငံတွင်းမှာ နှစ်တစ်ရာအတွင်း အဆိုးဆုံးမိုးခေါင်မှု ဆက်လက်ဖြစ်ပွားနေပါတယ်။ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရလျက်ရှိပါတယ်။ သိုလှောင်ရေများလည်း နည်းပါးနေပါပြီ။ မြစ်ချောင်းများလည်း ခန်းခြောက်စပြုနေပါပြီ” ဟု သတင်းဌာနက ကြေညာသွားခဲ့သည်။

တောင်နှင့် မြောက် ဟွမ်ဟီးပြည်နယ်တွင် မိုးလုံးလုံးမရွာကြောင်း၊ နိုင်ငံအနှံ့က စပါးကွင်းပေါင်း ၃၀ ရာခိုင်နှုန်းကျော်
ခြောက်သွေ့ညိုးနွမ်းနေလျက်ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလလယ်မှ ဧပြီနှောင်း အရေးကြီးသည့် စိုက်ပျိုးရာသီတွင် ပျမ်းမျှမိုးရွာသွန်းမှုက ပြီးခဲ့သည့်နှစ် သာမန်ရာသီတွင် ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ကိုရီးယားကျွန်းဆွယ် မိုးခေါင်မှုကို စောင့်ကြည့်လျက်ရှိသည့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားနိုင်ငံ၏ ၂၀၁၅ ခုနှစ်အတွက် လယ်ယာထွက်ကုန် ထွက်ရှိမှုသည် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

၁၉၉၀ ခုနှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံတွင် အစားရေစာ ပြတ်လပ်ရှားပါးမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။

REF : Press TV

No comments:

Post a Comment