Wednesday, June 17, 2015

နိုင်ငံရေး မရေရာမှုများ ရှိနေသည့်တိုင် ထိုင်းနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ကြွယ်ဝနေဆဲဟုဆို

အစိုးရ အသုံးစရိတ်များ ကျဆင်းပြီး စားသုံးသူယုံကြည်မှု အားပျော့လာသော်လည်း Maybank Investment Bank ၏ စီအီးအို ဂျွန်ချောင်းကမူ ထိုင်းနိုင်ငံတွင် အခွင့်အလမ်းများ ကြွယ်ဝဆဲဟု ယုံကြည်နေသည်။အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးမားဆုံး ထိုင်းနိုင်ငံသည် နိုင်ငံရေး မသေချာ မရေရာမှုများနှင့် အိမ်ထောင်စု အကြွေးမြင့်မားမှုကဲ့သို့ လေဆန်ကို ရင်ဆိုင်နေရသော်လည်း မဟာမဲခေါင်ဒေသသို့ ဝင်ပေါက်ဖြစ်နေသည့် နိုင်ငံ၏ တည်နေရာကြောင့် ရင်းနှီးမြှုပ်နှံချင်စရာ နေရာတစ်ခု ဖြစ်နေသည်။

မဲခေါင်မြစ်ကို ဝေမျှပိုင်ဆိုင်ကြသည့် နိုင်ငံများကို စုဖွဲ့ထားသော မဟာမဲခေါင်ဒေသသည် အုပ်စုတစ်ခုလုံးတွင် လူဦးရေ သန်း ၃၃၀ ရှိပြီး ဂျီဒီပီအား ကန်ဒေါ်လာ ၁ ထရီလီယံနီးပါး ရှိနေသည်။

Malayan Banking အုပ်စု၏ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းနဲ့ ညှိနှိုင်းရေး (ပွဲစား) လုပ်ငန်းများကို ကိုယ်စားပြုသည့် Maybank Kim Eng က ထိုင်းရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများအတွက် နိုင်ငံအတွင်းမှာသာမက အာဆီယံ ဒေသတွင်းမှာပါ ပလက်ဖောင်းတွေ ထူထောင်ပေးနေသည်ဟု ချောင်းက ပြောကြားသည်။

နိုင်ငံ၏ အကြီးဆုံး ဘဏ်ကြီးလည်းဖြစ်၊ ၂၀၀၂ ခုနှစ်ကတည်းက ထိုင်းစတော့အိပ်ချိန်း စာရင်းဝင်လည်းဖြစ်သော Maybank Kim Eng Thailand မှာ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းနှင့် စတော့ပွဲစားလုပ်ငန်းများ ဖွံ့ဖြိုးကြီးထွားလာစေရန် ရေရှည်စီမံကိန်းတွေ ရှိနေသည်ဟု့ ချောင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ထိုင်းနိုင်ငံတွင်းက လုပ်ငန်းများမှပင် Maybank Kim Eng ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ရရှိလျက်ရှိသည်။

ချောင်း၏ ပြောကြားချက်အရ ထိုင်း ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းများသည် လုပ်ငန်း၏ ငါးပုံလေးပုံကို ကိုယ်စားပြုနေသော လက်လီရှယ်ယာဌာနခွဲ၏ ဒစ်ဂျစ်တယ်ပုံစံကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ လက်ရှိမှာ ထိုင်းရှယ်ယာဝယ်ယူသူများ၏ ထက်ဝက်သည် ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးပြုနေကြပြီး ဒေသတစ်ခုလုံး၌ ဒစ်ဂျစ်တယ် ပလက်ဖောင်း အသုံးပြုသူက ၃၅ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
mizzima

No comments:

Post a Comment