လာမည့်ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ သတိပေးသည့်အနေဖြင့် နှစ်စဉ်ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးကျင်းပကြဖို့ United Nations Environment (UNEP)က နှိုးဆော်တိုက်တွန်းထားပါသည်။
၁၉၇၂ ဇွန်လတွင် ကျင်းပ သည့် လူသားပတ်ဝန်းကျင်အ ကြောင်းဆွေးနွေးသည့် ကုလသမ ဂ္ဂအစည်းအဝေးသည် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ် လာခြင်း၏အစဟုဆိုရပေမည်။ ထိုမှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့သတ်မှတ်ကာ ကျင်းပ မည့် အစီအစဉ်များကို တစ်ကမ္ဘာ လုံးစိတ်ဝင်တစားနှင့် အားပေး ထောက်ခံလာခဲ့ကြသည်။ အထူး သဖြင့် မီဒီယာပေါင်းစုံနှင့် နယ် ပယ်အသီးသီးမှ ထူးချွန်ထင်ရှား သူများ စိတ်အားထက်သန်စွာပါ ၀င်အားဖြည့်လာခဲ့ကြပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အခမ်းအနားကို ၁၉၇၄ မှစတင်၍ အိမ်ရှင်အဖြစ် နှစ်စဉ်မြို့တစ်မြို့သတ်မှတ်ကာ ကျင်းပလာခဲ့ရာ ယခုနှစ်အထိ ကမ္ဘာ့မြို့ပေါင်း ၄၂ မြို့ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုနှစ် ၂၀၁၅ တွင် အီတလီနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ထိုသို့ကျင်းပရာတွင် တစ်နှစ်ကိုဆောင်ပုဒ်တစ်မျိုး ပြောင်းလဲ သတ်မှတ် ပေးခဲ့ပါသည်။ ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်၏ ဆောင်ပုဒ်က Rise your voice, not the sea level. ပင်လယ်ရေ မျက်နှာပြင်ကို မမြှင့်ဘဲ သင့်အသံကိုမြှင့်တင်ပါ ဟူ၍ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်သော သင့်လှုပ်ရှားမှုကိုမြှင့်တင်ပါဟုဆို လိုခြင်းဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့Seven Billion Dreams. One Planet. Consume with Care. ဟူ၍ဖြစ်သည်။ ကမ္ဘာ့လူသားသန်း ၇,၀၀၀ ရဲ့အိပ်မက်တွေလှပဖို့ ဂရုတစိုက် ထိန်းသိမ်းစားသောက်ကြပါစို့ဟု မြန်မာလိုဘာသာပြန်သော် ရကောင်းအံ့ထင်သည်။ မည်သို့ဆိုစေ နှစ်စဉ်ပေါ်လာမြဲဖြစ်သည့် အဆိုပါဆောင်ပုဒ်များက လူသားတွေ ကမ္ဘာမြေကြီးကို လျစ်လျူရှု မထားဘဲ ထိန်းသိမ်းစောင့်ရှောက် ကြဖို့ အမြဲမပြတ်နှိုးဆော်တိုက် တွန်းနေပါလိမ့်မယ်။
ထိုကဲ့သို့ သတိပေးနှိုးဆော် တိုက်တွန်းသည့်နောက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်ရှိ လူမှုအဖွဲ့အ စည်းများ၊ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ အနုပညာရှင်များ၊ မီဒီယာ များကလည်း နည်းလမ်းအဖုံဖုံ ဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့် ရှောက်ဖို့ ကြိုးစားခဲ့ကြပါသည်။ ၂၀၁၀ ပြည့်နှစ်က အိန္ဒိယရုပ်သံ လွှင့်ဌာနတစ်ခုဖြစ်သော Zee News က ‘ငါ့ကမ္ဘာ ငါ့တာဝန်’ဟူသော ဆောင်ပုဒ်ဖြင့် ကြွေးကြော်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ ပါ သည်။ ၂၀၁၀ သြဂုတ်လ ၅ ရက် တစ်နေ့တည်းမှာပင် မြို့ ပေါင်း ၃၄ မြို့နယ်နှင့် ရွာပေါင်း နှစ်သိန်းငါးသောင်းကိုဖြတ်သန်းကာ သစ်ပင်ပေါင်းခုနစ်သန်းသုံးသိန်းကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ထို ကဲ့သို အဖွဲ့လိုက်လှုပ်ရှားမှုများရှိ သလို တစ်ယောက်ချင်း လှုပ်ရှားခဲ့သူများလည်းရှိခဲ့ပါသည်။ တစ်ခါ တုန်းက ဂျူလီယာဆိုသောကောင်မလေးတစ်ယောက်သည် တော ထဲမှ သစ်ပင်များ အခုတ်ခံရခြင်းမှကာကွယ်ရန် သက်တမ်းနှစ် ၁,၀၀၀ ရှိသောသစ်ပင်ကြီးပေါ်တွင် ရက်ပေါင်း ၇၃၈ ရက်ကြာသည်အထိ တက်နေပြီးဆန္ဒပြခဲ့ပါ သည်။ နောက်ဆုံး တောထဲအထိလိုက်ပြီး မီဒီယာများက အင်တာဗျူးလုပ်ခဲ့သောကြောင့်တစ်ကမ္ဘာလုံးသိသွားပြီး နှစ်ရှည် အပင်များ လည်း ခုတ်ခံရခြင်းမှ ကင်းလွတ် သွားပါတော့သည်။
တကယ်တော့ ကျွန်တော်တို့ နေထိုင်သောကမ္ဘာကြီးသည်နှစ် သန်းပေါင်း ၅၀၀ သက်တမ်းရှိပြီ ဟု ပညာရှင်များက ခန့်မှန်းထား ကြပါသည်။ အဆိုပါကမ္ဘာကြီး သည် ၂၀ ရာစုနောက်ပိုင်းကာလ များနှင့် ၂၁ ရာစုအစောပိုင်းကာလ များမှာ ပိုမိုဆိုးရွားသည့် သဘာဝ ဘေးအန္တရာယ်များနှင့်ကြုံတွေ့ခဲ့ ရသည်ဟုဆိုပါသည်။ ကမ္ဘာကြီး သည် အိုဇုန်းလွှာပျက်စီးမှု၊ ရေခဲ တောင်များအရည်ပျော်ကျမှု၊အပူ လှိုင်းဖြစ်ပေါ်မှု၊ သဲကန္တာရများဖြစ် ထွန်းလာမှု၊ မုန်တိုင်းကြီးများဖြစ် ပေါ်လာမှု၊ တောမီးလောင်ကျွမ်း မှု၊ မြေငလျင်လှုပ်ခတ်မှု၊ပိုမိုပူနွေးလာမှု၊ သစ်တော ပြုန်းတီးမှု၊လေထုညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်နေရပါသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ဘက်ပေါင်းစုံကနေခံနေရသောကြောင့် ကမ္ဘာသူကမ္ဘာသား တို့၏ အသက်အိုးအိမ်စည်းစိမ် အပြင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေနှင့် လူမှုရေးတို့ပါထိခိုက်ပျက်စီးစေခဲ့ပါသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်းစားနပ်ရိက္ခာတန်ပေါင်း ၁ ဒသမ ၃ ဘီလီယံခန့် ဆုံးရှုံးနေ ကြောင်းသိရပါသည်။ စစ်ကြောင့် သေဆုံးရသည်ထက် သဘာဝ ဘေးအန္တရာယ်ကြောင်သေဆုံးရသည်က ပိုများသည်ဟုလည်းဆိုပါသည်။
နေဆီကနေလာတဲ့ ခရမ်း လွန်ရောင်ခြည် (Ultra Violet) တွေကို ကမ္ဘာကြီးဆီမရောက် အောင် တားပေးတဲ့ကြားအလွှာ ကို အိုဇုန်းလွှာဟုခေါ်ပါသည်။ ထို အိုဇုန်းလွှာတဖြည်းဖြည်းပါးလာ ခြင်း၊ နေ့စဉ်နှင့်အမျှထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကြောင့် လေထုအပူချိန်တက်လာခြင်း စသည့်အကြောင်းများကြောင့် ကမ္ဘာကြီးပူနွေးလာ ခြင်းကို Global Warming ဟုခေါ် ပါသည်။ ထိုကဲ့သို့ ကမ္ဘာကြီးပူနွေး လာမှုကို လျှော့ချဖို့အတွက် ကာ ဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကိုစုပ်ယူနိုင်သည့် သစ်ပင်တွေများများ ရှင်သန်နေဖို့ လိုပါသည်။
သစ်ပင်သည် ကာဗွန်ဒိုင် အောက်ဆိုက်ကို စုပ်ယူသည့် အ ပြင် လူသားတွေအတွက် အရေး ကြီးသည့် အောက်ဆီဂျင်ကိုပြန် ထုတ်ပေးပါသည်။ ကမ္ဘာကြီးရှင် သန်ဖို့ သစ်ပင်တွေကအရေးကြီး ပါသည်။ ထို့ကြောင့် သစ်ပင်တွေ ကို ကမ္ဘာကြီးရဲ့ အဆုတ်ဟု တင် စားကြခြင်းဖြစ်သည်။ ထို့အပြင် သစ်ပင်များသည် မြေဆီလွှာနှင့် ရေဓာတ်ကိုထိန်းသိမ်း ပေးသလို ရေလွှမ်းမိုးမှု၊ ချောက်ကမ်းပါး ပြိုကျမှုတို့ကိုလည်း ထိန်းသိမ်း ပေးပါသည်။ တကယ်တော့ သစ် ပင်၏အသုံးဝင်မှုက ပြောမကုန် အောင်များပါသည်။ သို့သော် လက်ရှိအချိန်မှာတော့ ကမ္ဘာ့သစ် တောသည် တစ်မိနစ်လျှင် ဘော လုံးကွင်း ၃၆ ကွင်းစာဆုံးရှုံးနေ သည်ဟုဆိုပါသည်။
ကမ္ဘာ့သစ်တောလိုပင် မြန် မာ့သစ်တောလည်း အခြေအနေ မကောင်းပါ။ မြန်မာနိုင်ငံ၏ သစ် တောဖုံးလွှမ်းမှုကို လေ့လာထား သည့်မှတ်တမ်းများအရ ၁၉၂၅ တွင် သစ်တောဖုံးလွှမ်းမှု ၆၅ ဒသ မ ၈ ရာခိုင်နှုန်း၊ ၁၉၅၈ တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ တွင် ၅၂ ဒသမ ၇ ရခိုင်နှုန်း၊ ၂၀၀၃တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၀ တွင် ၄၁ ရာခိုင်နှုန်းသို့ တဖြည်း ဖြည်းကျဆင်းလာခဲ့ရာ ယခုလက် ရှိအချိန်မှာ သစ်တောဖုံးလွှမ်းမှုက ၁၉ ရာခိုင်နှုန်းသာရှိတော့သည်ဟု ဆိုပါသည်။
မြန်မာ့သစ်တောသည် ထင်း ခုတ်၊ မီးသွေးဖုတ် စသည့်လုပ်ငန်း များကြောင့် တစ်နှစ်လျှင် ကုဗ တန် ၁၈ သန်းမှ သန်း ၂၀ အထိ ဆုံးရှုံးနေပြီး ပြည်ပသို့တင်ပို့မှု ကြောင့်တန်ချိန် ၁၀ သန်းမှ ၁၂ သန်းအထိ ဆုံးရှုံးနေကြောင်း သိ ရပါသည်။ သို့သော် ယခုနောက် ပိုင်း တရားဝင်ရော၊ တရားမ၀င် ရော သစ်ခိုးထုတ်နေမှုများကြောင့် ထို့ထက်မက ဆုံးရှုံးနိုင်သည်ဟုထင်ပါသည်။ ယခင်စစ် အစိုးရ လက်ထက်မှာလည်း သစ်တော ပြုန်းတီးမှုတော်တော်လေး များ ခဲ့ပါသည်။ ကျွန်းတစ်ပင် ခုတ် လျှင် လေးပင်ပြန် စိုက်ရမည်ဟု သစ်တောဥပဒေမှာ ပြဋ္ဌာန်းထား သော်လည်း မလိုက်နာသည့်လူက များပါသည်။ အခုကျွန်တော်တို့ ဆီမှာဖြစ်နေတာက သစ်ပင်တ ကယ်ခုတ်ခဲ့သူတွေက ပြန်မစိုက် ဘဲ သစ်ပင်မခုတ်ခဲ့သူတွေက ပြန် စိုက်နေကြခြင်းဖြစ်ပါသည်။
တကယ်တော့ မြန်မာနိုင်ငံ ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို လက်ရှိထက်အရှိန်အ ဟုန်တိုးမြှင့်ကာ ဆောင်ရွက်သင့် သည်ဟုထင်ပါသည်။ မြန်မာနိုင် ငံတွင် သဘာဝဘေးအန္တရာယ် ဆိုးဆိုးရွားရွားဖြစ်စရာ အကြောင်းမရှိဟု ယုံကြည်ယူဆထားသော ကျွန်တော်တို့လူမျိုးတို့၏ အစွဲ အလမ်းကို ၂၀၀၈ မှာတိုက်ခတ် ခဲ့သည့် နာဂစ်မုတ်တိုင်းမှာ ချွတ် ယူသွားခဲ့ပြီမဟုတ်ပါလား။ ရာသီ ဥတုနှင့်ဆိုင်သော သတင်းအချက် အလက်မရရှိခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ခြင်းနှင့် မုန် တိုင်းဒဏ်ကိုကာကွယ်နိုင်သည့် ဒီရေတောများရှားပါးကင်းမဲ့သွား ခြင်းက နာဂစ်ကိုလက်ယပ်ခေါ် သလိုဖြစ်သွားခဲ့ပါသည်။ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးသင်ခန်းစာကို အသက်ပေါင်းများစွာရင်းနှီးပြီး သင်ကြားလိုက်ရပါသည်။ ထိုအ ချိန်မှစ၍ မြန်မာပြည်သူတွေ ရာ သီဥတုအပြောင်းအလဲကို စိတ် ၀င်စားစပြုလာခဲ့ပါသည်။ ဒုတိ ယအကြိမ် ထိုကဲ့သို့ မကြုံရလေ အောင် ကျွန်တော်တို့မှာ သဘာ ၀ပတ်ဝန်းကျင်နှင့်ဆိုင်သော အ သိဉာဏ်ဗဟုသုတကို ဖြည့်ဆည်း ထားဖို့လိုပါသည်။ ထို့ကြောင့် ယခုလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့မျိုး၌ မြန်မာနိုင်ငံ တစ်ဝန်းလုံး သဘာဝပတ်ဝန်းကျင် နှင့်ဆိုင်သော ဆွေးနွေးပွဲများ၊ဟောပြောပွဲများ၊ စာအုပ်စာတမ်း နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းများကို တက်တက်ကြွကြွနှင့် စည်စည် ကားကား ကျင်းပပေးသင့် ပါ သည်။
အထူးသဖြင့် အနာဂတ်မျိုး ဆက် သစ် ကလေးသူငယ်ကျောင်း သားများကို ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ဘာသာရပ်တစ်ခုလို သင်ကြားပေးနိုင်လျှင် ပိုကောင်း ပါသည်။ ငယ်စဉ်အရွယ်ကတည်း က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပ ညာရပ်ကို ကလေးတိုင်းလိုလို စိတ်ပါဝင်စားစွာ လေ့လာဆည်း ပူးချင်စိတ် ထက်သန်မှသာ အနာ ဂတ်မြန်မာပြည်၏ သဘာဝပတ် ၀န်းကျင် စိမ်းလန်းစိုပြည်နိုင်စရာ အကြောင်းရှိမည်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မသိနား မလည်သည့် လူကြီးများကြောင့် သစ်တောတွေပြောင်တလင်းခါ ပြီး ကန္တာရဆန်ဆန်ဖြစ်နေသည့် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေ ကို အသိဉာဏ်ရှိသည့် သူတို့လေး တွေသာ ပြန်လည်ကယ်တင်နိုင် လိမ့်မည်ဟု ယုံကြည်ယူဆမိသော ကြောင့်ဖြစ်ပါသည်။
ကိုးကား ။ ။ World Environment Day (Wikipedia)/ သဘာဝပတ် ၀န်းကျင်ဆိုင်ရာဆောင်းပါးများ။
မောင်ကြည်
7 day
No comments:
Post a Comment