Thursday, June 25, 2015

၅၉ (စ)မပြင်ရန် တပ်ကိုယ်စားလှယ်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  နိုင်ငံတော်အချုပ်အခြာအာဏာအတွက်အရေးကြီးသည့်သည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင် ဆွေးနွေးရာ ယင်းပုဒ်မကို ပြင်ဆင်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးလိုက်ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၂၄ ရက်တွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၅၉ (ဃ)နှင့် ပုဒ်မ ၅၉ (စ)တို့ကို တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် တင်စိုးက ဆွေးနွေးခဲ့ရာတွင် ပုဒ်မ ၅၉ (စ)ကို မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ထားရှိရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတအရည်အ ချင်းသတ်မှတ်ချက်တွင် ပါဝင် သည့် ပုဒ်မ ၅၉ (ဃ) ပါ စစ်ရေးအမြင်ရှိရမည်ဆိုသော နေရာတွင် ကာကွယ်ရေးအမြင်ဟု ပြောင်းလဲအစားထိုးပြင်ဆင်ထားခြင်းကို ထောက်ခံခဲ့သော်လည်း ၅၉ (စ)ပြင်ဆင်ခြင်းကို ထောက်ခံခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာထားရှိရန် ဗိုလ်မှူးချုပ် တင်စိုးက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ကာ လုပ်ပိုင် ခွင့်အပြည့်အ၀ရရှိထားသူ ဖြစ် ကြောင်း နိုင်ငံတော်သမ္မတနှင့် ၎င်း၏ မိသားစုဝင်များသည် နိုင်ငံခြား သားများနှင့် ပတ်သက်သူမဖြစ်ရ ကြောင်း၊ ယင်းသို့ နိုင်ငံခြားသား များနှင့် မပတ်သက်သူဖြစ်မှသာ တိုင်းပြည်ကို စီမံခန့်ခွဲမှုအပိုင်း တွင် ယုံကြည်ကိုးစားမှုရရှိမည် ဖြစ်ကြောင်း ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ရန် ဆွေးနွေးရာတွင် ဗိုလ်မှူးချုပ်တင်စိုးက ပြောကြားသည်။

လက်ရှိလွှတ်တော်တွင် ဆွေးနွေးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေ ကြမ်း၌ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင် ရာတွင် သမ္မတ၏ သားသမီးတစ် ဦးဦးသည် တိုင်းတစ်ပါးသားမဖြစ်စေရဆိုသည့်အချက်ကို ပယ်ဖျက် ထားခြင်းမရှိဘဲ သမ္မတ၏ တရား ၀င်သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း တိုင်းတစ်ပါးသားမဖြစ် စေရဆိုသည့် အချက်ကိုသာ ပယ်ဖျက်ထားသည်။

ထို့ကြောင့် သားနှစ်ဦး နိုင်ငံခြားသားဖြစ်နေသည့်  လူထု ထောက်ခံမှုရရှိထားသော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ရန် အခက်အခဲများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ဇွန်လ ၂၃ နှင့် ၂၄ ရက်တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို ဆွေးနွေးရာ ပုဒ်မ ၅၉ (စ) တစ်ခုလုံး ပယ်ဖျက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက မူ သမ္မတ၏ တရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင် ပွန်းသော်လည်းကောင်း တိုင်းတစ် ပါးသားမဖြစ်စေရဆိုသည့် အချက်ကိုသာ ပယ်ဖျက်ရန် တင်ပြဆွေး နွေးခဲ့ကြသည်။

 သမ္မတလောင်းသည် ၎င်း သမ္မတလုပ်မည့် နိုင်ငံတွင် မွေးဖွားသူဖြစ်ရမည်ဆိုသော ပြဋ္ဌာန်းချက် မျိုးကို နိုင်ငံတကာဖွဲ့စည်းပုံအခြေ ခံဥပဒေများ၌  တွေ့ရှိရသော် လည်း သမ္မတ၏ မိသားစုဝင်များ သည် နိုင်ငံသားဖြစ်ရမည်ဆိုသော ပြဋ္ဌာန်းချက်မျိုးကို မတွေ့ရှိရ ကြောင်း၊ ပုဒ်မ ၅၉ (စ)ကို ပယ် ဖျက်ပေးရန် တောင်းဆိုနေခြင်း သည် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီ့သည့်အတွက် ပယ်ဖျက် ရန် တောင်းဆိုခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးထားသည်။

ဇွန်လ ၂၃နှင့် ၂၄ရက်တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ပြင် ဆင်ရေးကို လွှတ်တော်ကိုယ်စား လှယ် ၃၂ဦးက ဆွေးနွေးမှုအပြီး တွင် ပုဒ်မ ၄၃၆ပြင်ဆင်ရေးနှင့်ပုဒ် မ ၅၉(စ)ပြင်ဆင်ရေးတိုပသည် လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးရသည့် ပုဒ်မများဖြစ်နေ သည်။ ပုဒ်မ ၄၃၆ပြင်ဆင်ရေးတွင် ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်များထဲမှ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှလွဲ၍ သဘောတူညီခဲ့ကြသည်။ ပုဒ်မ ၅၉(စ)တွင် ပြင်ဆင်ရေးကို ဆွေးနွေးခဲ့သည့် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များတွင် ၂၅ ခန့်က ပြင်ဆင်ရေးကို သဘောတူကြသည်။ သို့သော်ပုဒ်မ၄၃၆ နှင့် ၅၉(စ)တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြင်ဆင်လိုသည့် ပုံစံနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များပြင်ဆင်လိုသည့်ပုံစံများသည် ကွဲလွဲနေသည်။
7 day

No comments:

Post a Comment