Friday, June 19, 2015

မြန်မာနိုင်ငံ၏ စက်သုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွင် ထိုင်းနိုင်ငံ ပါဝင်ရန် လက်မှတ်ရေးထိုး

 မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့အများဆုံးဝယ်ယူနေ သော ထိုင်းနိုင်ငံက တူးဖော်ထုတ် လုပ်ရေးအဆင့်မှ စက်သုံးဆီထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံသ ဘောတူလက်မှတ်ရေးထိုးခဲ့ ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ သယ် ယူပို့ဆောင်ခြင်း လုပ်ငန်းများ၌အများဆုံးရင်းနှီးမြှုပ်နှံထားသော ထိုင်းနိုင်ငံက ရေနံအခြေခံ ကုန် ချောထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ယခုလ ၁၅ ရက်၌ မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
‘‘အရင် ဂက်စ်ပိုက်လိုင်းဖြတ် တာတို့၊ ရှာဖွေတူးဖော်တာတို့အ ပြင် Upstream, Dostream တွေ ပါ ပါတယ်’’ ဟု စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုရေးထိုးသော နားလည် မှုစာချွန်လွှာတွင် နှစ်နိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍပူးပေါင်း ဆောင်ရွက်ရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့ဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး၊ နည်းပညာ၊ အသိပညာနှင့် သတင်းအချက်အလက်များ နှီးနှောဖလှယ်ရေးနှင့် ၀န်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စများပါဝင်သည်။

ထိုင်းအစိုးရသည် စွမ်းအင် ၀န်ကြီးဌာနအပြင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနှင့်လည်း မြန်မာ နိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူ ရန် လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ဂျီဒီပီ (၁) ရာခိုင်နှုန်းလျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၁ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု တွက်ချက်ထားသည်။

ယခုထိုင်းနိုင်ငံတွင် သုံးစွဲနေ သော လျှပ်စစ်ဓာတ်အားအများစု သည် မြန်မာနိုင်ငံမှ ရရှိနေခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၏ သုံးစွဲမှု ၇၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ၀ယ်ယူခြင်း ဖြစ်သည်။

ရဲတံခွန်၊ ရတနာနှင့် ဇောတိကတို့မှ ထွက်ရှိနေသော သဘာဝ ဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ပေးပို့ရောင်းချနေသည်။

ထိုင်းနိုင်ငံက ၎င်းတို့နိုင်ငံ လျှပ်စစ်ဓာတ်အား ဖူလုံရေး အ တွက် သံလွင်မြစ်တွင် ရေအား လျှပ်စစ်တည်ဆောက်ရန် ပြင်ဆင် နေသည့်အပြင် ကျောက်မီးသွေး စက်ရုံများလည်း မြန်မာနိုင်ငံ၌ တည်ဆောက်ရန် ကမ်းလှမ်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment