Friday, June 19, 2015

အင်းလေးကန်ရှိ ခရုများကြောင့် သီးနှံများ ပျက်စီးနေ

ရှမ်းပြည်နယ် ညောင် ရွှေမြို့ အင်းလေးကန်အတွင်း ခ ရုများဖျက်ဆီးမှုကြောင့် ကောက် ပင်များ၊ သီးနှံပင်များ ပျက်စီးနေ ကြောင်း အင်းလေးဒေသရှိတောင် သူအချို့က ပြောသည်။
‘‘ခရုတွေက အင်းလေးကန် အလယ်ကနေ စီးပြီးတော့ ပါလာ တာပါ။ ရေစီးချောင်းအတွင်း လိုက်တက်လာပြီးတော့ သီးနှံပင် တွေ၊ ကောက်ပင်တွေကို ဖျက် ဆီးတော့တာပါပဲ။ ဒီခရုတွေ စား သွားတဲ့ စပါးပျိုးပင်တွေနေရာမှာ ပြန်ပြီးတော့ ပျိုးပင်အသစ်တွေ ထပ်စိုက်နေရင်တော့စရိတ်လည်း ပိုတယ်။ လုပ်အားခလည်းပိုမိုကုန် နေပါတယ်။ ပျိုးပင်အပိုမရှိသူတွေ ဆိုရင်တော့ ခရုတွေစားသွားတဲ့ နေရာကို ပြန်ဖာဖို့မရှိတော့ပါဘူး’’ အင်းဒေသရှိ ကျွန်းကြီးတောင် ကျေးရွာမှ စပါးစိုက်တောင်သူ ဦး စံငြိမ်းက ပြောသည်။

 ယင်းကဲ့သို့ သီးနှံပင်များ ဖျက်ဆီးခြင်းခံနေရသည့်အတွက် စပါးအထွက်နှုန်းထက်ဝက်ခန့် လျော့ကျသည်ဟု တောင်သူများကဆိုသည်။ ခရုများသည် ညအချိန်တွင်မှ  စပါးပျိုးပင်များ ကို ကိုက်ဖျက်စားတတ်ကြောင်း၊ ၂၀၀၅ မှစတင်၍ အင်းလေးကန်အတွင်းသို့ ခရုများရောက်ရှိလာ ကာ မျိုးပွားနှုန်းမြန်သဖြင့် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ပိုမိုပွားများလာကြောင်း ဒေသခံတောင်သူများက ပြောသည်။

အင်းလေးကန်ရှိ မင်းချောင်း ကျေးရွာနေ တောင်သူတစ်ဦးက ‘‘အခုလိုဖြစ်နေတာ အင်းလေး တစ်နယ်လုံးပါ။ ညအချိန်ဆိုရင် ခရုတွေက စပါးပင်တွေ ဒိုက်ပင် တွေမှာ ဥတွေဥချတတ်တယ်။ခရု တွေလိုက်ကောက်ပြီးတော့ မြေ ပေါ်ပုံထားတာတောင် အကောင် ရေများလို့ မရေတွက်နိုင်ပါဘူး’’ ဟု ပြောသည်။

ယင်းကဲ့သို့ စပါးပျိုးပင်များ ကို ဖျက်ဆီးစားသောက်နေသည့် ခရုကြီးများသည် အညိုရောင်ဖြစ် ပြီး လုံးပတ်တစ်လက်မခွဲခန့်ရှိ ကြောင်း၊ ယင်းခရုများကြောင့် စပါး စတင်စိုက်ပျိုးသည့်မတ်လနှင့် စပါးရိတ်သိမ်းချိန် သြဂုတ်လတို့တွင် အခက်အခဲများကြုံနေရကြောင်း မင်းချောင်း အလယ်ရွာ ဒေသခံတောင်သူအချို့က ပြောသည်။
7 day

No comments:

Post a Comment