Tuesday, June 23, 2015

အိပ်မက်ဆုံရာ ရာသက်ပန်နောက်ဆုံးအဆင့်မှာ ဗိုလ်လုရမယ့် အောင်ထက်နဲ့ဂျေနဗီ


တင်ဆက်မှုပုံစံသစ်များ ပြောင်းလဲခဲ့သည့် အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ နောက် ဆုံးအဆင့်သို့ ပြိုင်ပွဲဝင်အောင် ထက်နှင့် ဂျေနဗီတို့တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇူလိုင် ၅ရက်တွင်Strand ဟိုတယ်၌ ပြုလုပ်မည်ဟု Forever BecTro Country မန်နေဂျာ ကိုစိုးသူရကပြောသည်။
‘‘နောက်ဆုံးကျန်တဲ့နှစ် ယောက်ကနေ Winner ရွေး မယ်။ ကျန်တဲ့လူတွေ(ပြိုင်ပွဲဝင်) တွေကတော့ ဖျော်ဖြေရေးသက် သက်ပဲ’’ဟု ၎င်းကပြောသည်။
ပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်သွားသူနှစ်ဦးမှာ ပရိသတ်အားပေးမှုအများဆုံးရရှိ ထားသူများဖြစ်သည့် အောင်ထက်နှင့်ဂျေနဗီတို့ဖြစ်ပြီး ဇူလိုင် ၅ ရက် တွင် ၎င်းတို့နှစ်ဦး ဆက်လက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။
အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်ကို ယခုနှစ် နှစ်ဆန်း တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့ များ၌ လူရွေးပွဲများပြုလုပ်ခဲ့သည်။ ထို့နောက် ဆန်ခါတင် ပြိုင်ပွဲဝင်များရွေးချယ်၍ အပတ်စဉ်ပြိုင်ပွဲပြုလုပ်ကာ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
‘‘နောက်ဆုံးပြိုင်ပွဲကို ပရိ သတ်တွေပါ ကြည့်လို့ရမယ်။ လက်မှတ်တွေကိုတော့ ကျပ်ငါး ထောင်၊ တစ်သောင်း နှစ်မျိုးသတ် မှတ်ပြီးရောင်းပေးမယ်’’ဟု ကိုစိုး သူရကပြောသည်။
အကဲဖြတ်ဒိုင်များအနေဖြင့် ပွဲစဉ်တစ်လျှောက် ဒိုင်အဖြစ် ဆောင်ရွက်သူများသာ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်ဒိုင်လေးဦးအပြင် နောက် ထပ်ဒိုင်တစ်ဦး ထပ်မံထည့်သွင်း ရန် စီစဉ်နေကြောင်း ၎င်းကပြော သည်။ အိပ်မက်ဆုံရာ ရာသက်ပန် ဆုရရှိသူအပါအဝင် နောက်ဆုံး အဆင့်အထိ ရောက်ရှိခဲ့သော ပြိုင်ပွဲဝင်သုံးဦးကို စီးရီးထုတ်ပေး ရန်စီစဉ်ထားကြောင်း ကိုစိုးသူရ ကပြောသည်။
အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်သည် ပရိသတ်အား ပေးမှုကြောင့် ပြိုင်ဆိုင်မှုပြင်းထန် သည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ် မဲပေးဆုံးဖြတ်သည့်အစီအစဉ် များပါဝင်ခြင်းကြောင့် ဝေဖန်မှု များလည်းရှိခဲ့သည်။
7Day Daily

No comments:

Post a Comment