Tuesday, July 14, 2015

ငွေကြေးနှင့် အမြတ်အစွန်းဆိုသည့် ယဇ်ပလ္လင်တွင် လူသားများအား စတေးနေခြင်းကို ရပ်ဆိုင်းရန် တောင်းဆို

ကမ္ဘာပေါ်ရှိ လူဆင်းရဲများအား အကူအညီပေးနိုင်ရေးအတွက် စီးပွားရေးပုံစံသစ် တစ်ခုကိုဖော်ဆောင်ပြီး ငွေကြေးနှင့် အမြတ်အစွန်းဆိုသည့် ယဇ်ပလ္လင်တွင် လူသားများအား စတေးနေခြင်းကို ရပ်ဆိုင်းရန် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များအား စနေနေ့တွင် တောင်းဆိုခဲ့သည်။
ကြာသပတေးနေ့တွင် ဘိုလီးဗီးယား နိုင်ငံသို့ ရောက်ရှိနေသည့် ဖရန်ဆစ်က ချွေတာရေးလမ်းစဉ် ကျင့်သုံးနေသည့် ဌာနကြီးများ၏ ကိုလိုနီလက်သစ်ဝါဒကို ရှုပ်ချခဲ့ပြီး ဆင်းရဲသားများသည် အလုပ် လုပ်ကိုင်ခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့် ရှိနေကြောင်း ပြောဆိုခဲ့သည်။
“ထမင်းစားပွဲပေါ် ပေါင်မုန့်တင်ပေးတာ၊ ကလေးငယ်တစ်ဦးရဲ့ ခေါင်းပေါ်မှာ ခေါင်းမိုးရှိစေတာ၊ ကလေးတွေကို ပညာသင်ပေးတာ၊ ကျန်းမာအောင်ထားတာ ဒါတွေအားလုံးဟာ လူသားရဲ့ဂုဏ်သိက္ခာ ပဲလေ”ဟု ၎င်းကပြောဆိုခဲ့သည်။
စီးပွားရေးဖွံ့ဖြိုးမှုရှိရေး တာဝန်ယူ ထားရသူများသည် စီးပွားရေးတွင် လူသား မျက်နှာစာရှိလာရေးအတွက် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းကတိုက်တွန်း ပြောဆိုခဲ့သည်။ ထို့ပြင် အကျင့်ပျက်ခြစားမှုသည် လူ့အဖွဲ့အစည်းကို လှိုက်စားနေသည့် ပိုးမွှားဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက လူများစွာ တက်ရောက်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ရောမသို့ မပြန်မီ တနင်္ဂနွေနေ့တွင် လူထောင်သောင်းပေါင်းများစွာ ပါဝင်သော ခရစ်တော် အောက်မေ့ဖွယ် ဆုတောင်းပွဲကို ပြုလုပ်မည်ဖြစ်သည်။

Source:Reuters

No comments:

Post a Comment