Monday, July 6, 2015

UNHCR နှင့် INGO တို့မှ ထုတ်ပေးသော အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေ

ဘူးသီးတောင်မြို့ပေါ်ရှိ မြို့မဈေး၊ နတ်ပင်ရင်းခွဆုံ ပျံကျဈေးနှင့် အနောက်ကွင်း ပျံကျဈေးတို့တွင် UNHCR, WFP, နှင့် အခြား NGO များမှ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ထုတ်ပေးသော ပစ္စည်းပေါင်းစုံကို အလွယ်တကူ ဈေးသက်သာစွာ ရောင်းချနေလျှက်ရှိသည်။
UNHCR မှ သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ထောက်ပံ့သည့် စတီးအိုးနှင့် ပန်းကန် ခွက်ယောက် အစုံ ပါကင်များ၊ ခြင်ထောင်မျိုးစုံ၊ ဖျာ၊ မျက်နှာသုတ်ပုဝါများ၊ WFP မှ ထုတ်ပေးသော ဆီသန့်ပုလင်းများနှင့် အာဟာရမှုန့်ထုတ်၊ INGO များမှ ထုတ်ပေးသော ပုဇွန်ခြောက်ကြော်၊ အာဟာရမှုန့်ထုတ်များ၊ ကျောပိုးအိတ်၊ ဖိနပ်၊ ဆေးစိမ်ခြင်ထောင်များ စသည်ဖြင့် အမျိုးအမည် စုံလင်စွာ ပါဝင်သည်။

ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် ရောင်းချခြင်းမျိုး ယခင်က မရှိခဲ့ဖူးသော်လည်း ဇွန်လနောက်ဆုံးပတ်အတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ပမာဏများစွာ ရောင်းချလာခြင်းဖြစ်သည်။
အချို့ကမူ ဘင်္ဂလီများရရှိထားသည့် ပစ္စည်းများ အသုံးမလို၍ ပြန်ရောင်းခြင်းသာဖြစ်ကြောင်း ပြောကြသော်လည်း UN နှင့် INGO များမှ ဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ လိမ်လည်ထုတ်ယူကာ ရောင်းချခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ECC ရှိသော်လည်း ယခုကိစ္စတွင် အရေးယူဆောင်ရွက်နိုင်မှု မရှိပေ။
Arakan Blood News

No comments:

Post a Comment