Wednesday, August 5, 2015

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်သူ ဒီချုပ် ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်တွင် ယှဉ်ပြိုင်မည်

 ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင် သူသည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) မှ  ၀င် ရောက်ယှဉ်ပြိုင်မည်ဟု သတင်း ရရှိသည်။
ဒေါက်တာအောင်သူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်နုတ်ထွက်ခွင့်ကို အဆင့်မြင့် ပညာဦးစီးဌာနမှ သြဂုတ် ၃ ရက်တွင် ရရှိခဲ့၍ သြဂုတ် ၄ ရက်၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင်ခြင်း၊  ကိုယ်စားလှယ် လောင်းအဖြစ် လျှောက်ထားခြင်း တို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

‘‘နုတ်ထွက်စာကို သြဂုတ် ၃ ရက်က ရတယ်။ ဒီနေ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တာ။ ရွေးကောက်ပွဲဝင်ဖို့ ကိုယ် စားလှယ်လောင်း လျှောက်တာ တို့ လုပ်တယ်။ ပထမသူတို့ ထုတ် တဲ့စာရင်းမှာ မပါတာက အဲဒီအ ချိန်မှာ ဆရာက ၀န်ထမ်းဖြစ်နေ သေးတဲ့အတွက် နေရာချန်ထား တာလို့ပြောပါတယ်’’ဟု ဒေါက်တာ အောင်သူက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် နိုင်ငံ့ဝန်ထမ်းသည် ပါတီ နိုင်ငံရေးကင်းရှင်းရမည်ဆိုသော ကြောင့် ဇူလိုင်လအတွင်း နိုင်ငံ့ ၀န်ထမ်းအဖြစ်မှ နုတ်ထွက်စာကို အဆင့်မြင့်ပညာဦးစီးဌာနသို့ တင် ပြခဲ့ခြင်းဖြစ်သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်စာရင်းကို သြဂုတ် ၁ရက်၌ ထုတ်ပြန်ကြေညာခဲ့ပြီး  ၈၈ (ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီး၊ ဦးဂျင် မီ အပါအ၀င် ယင်းအဖွဲ့မှ ခေါင်း ဆောင်အများစု၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းတို့ ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။
7 day

4 comments:

  1. ဆရာဆောက်လုပ်ရေး ကုမ္မဏီတွေကရတဲ့ ၁၀%လောက်တွက်ချေကိုက်မှာမဟုတ်ဘူး မလုပ်ပါနဲ့ ။

    ReplyDelete
  2. မှန်ပါ့ ဗျာ အစိုးသစ်ကပညာရေးအတွက်အဆောက်အဦးအသစ်တွေချပေး။ပါချုပ်နဲ့ အင်၈ျင်နီယာတွေက၁၀%
    တောင်းစား။အဆောက်အဦးကတခု ဖွဲ့ ထားတဲ့ ကော်မတီက၃ဖွဲ့ လောက်ရှိတယ်။ကျောင်းသားနည်းတဲ့ ဘာစောက်လုပ်မှမရှိတဲ့ ဌာနမှုးတွေကိုအဖွဲ့ ခေါင်းဆောင်တွေနေရာပေးပြီးတောင်းစားခိုင်းထားတာ။ပညာရေးအတွက်က တ၀က်လောက်တော့ ရမှာပေါ့ ။

    ReplyDelete
  3. ဟုတ်ပါ့ ဗျာ ကျောင်းဆောင်ဖြစ်မြောက်ရေးကော်မတီတဲ့ ၊လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တဲ့ ၊အရည်အသွေးစစ်ဆေး
    ရေးအဖွဲ့ တဲ့ ။ဌာနမှုးတွေရဲ့ ပွဲတော်ဘဲ။

    ReplyDelete
  4. ပညာရေးဝန်ထမ်းလဒ်မရဘူးဘယ်သူပြောလဲ ကြည့် ကြပါအုံး။

    ReplyDelete