Wednesday, August 5, 2015

ရေဘေးကြောင့် အနုပညာရှင်များ လမ်းပေါ်ထွက်အလှူခံ

 ရေဘေးသင့်ပြည်သူများ နှင့် ရေဘေးသင့်တိရစ္ဆာန်များအ တွက် အနုပညာရှင်များကိုယ်တိုင် လမ်းများပေါ်တွင် တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်း အလှူငွေကောက်ခံခြင်းများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအတွက် သြဂုတ် ၄ ရက်က ရန် ကုန်မြို့အနှံ့ အလှူငွေကောက်ခံ ပေးခဲ့ပြီး သြဂုတ် ၆ ရက်တွင် ချင်း နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အား ကိုယ်တိုင်သွားရောက်ကူညီ မည်ဟု သရုပ်ဆောင်ပြေတီဦးက ပြောသည်။

သြဂုတ် ၄ ရက်တွင် သရုပ် ဆောင် ဇင်ဝိုင်း၊ ၀ိုင်း၊ မင်းမော် ကွန်း၊ ပြေတီဦး၊ သင်ဇာဝင့်ကျော်၊ ၀ိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်တို့နှင့် အတူ ၈၈ မျိုးဆက်ကျောင်းသား ဟောင်းများဖြစ်သော ဦးမင်းကို  နိုင်၊ ဦးကိုကိုကြီးတို့အပြင်ကျောင်း သားသမဂ္ဂ အဖွဲ့အစည်းများမှ  ကျောင်းသားများသည် တက္က သိုလ်ရိပ်မွန်ကွန်ဒို၊ ထူးကုမ္ပဏီ၊ ဦးချစ်မောင်လမ်း၊ ဆရာစံလမ်း၊ ရန်ကင်းစင်တာ၊ ဗိုလ်ချုပ်ဈေး၊ ၃၅ လမ်းနှင့် ၃၆ လမ်းများပေါ် တွင် ရေဘေးသင့်ပြည်သူများအ တွက် အလှူငွေများ ကောက်ခံ ပေးကြသည်။

‘‘တစ်လမ်းဝင် တစ်လမ်း ထွက် အလှူငွေလိုက်ကောက်ပေး တာ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ကိုယ့်ထက်ဒုက္ခရောက်နေ သူတွေအတွက် အခုလို ကုသိုလ်ပြုရတာကို ဂုဏ်ယူတယ်။ ကိုယ်ချစ်တဲ့ ပရိသတ်ကြီး ဒုက္ခရောက်နေတာကို ထိုင်ကြည့်မနေဘဲ ကိုယ်တိုင်ပါဝင်ခွင့်ရတာကို အလုပ်တစ်ခုလုပ်ရတယ်လို့ မမြင်ပါဘူး’’ ဟု ရေဘေးသင့်ပြည်သူများ အတွက် ကိုယ်တိုင်ပါဝင်အလှူငွေ များ ကောက်ခံပေးခဲ့သည့် သင်ဇာဝင့်ကျော်က ပြောသည်။

ထို့အပြင် အဖြူရောင်တိမ် တိုက်လူငယ်များ ပရဟိတအဖွဲ့ နှင့်အတူ နန်းဆုရတီစိုး၊ ရတနာ မိုင်၊ သီရိရှင်းသန့်တို့က ရေဘေး သင့်ပြည်သူများအတွက် ရန်ကုန် မြို့လယ်ကောင်တစ်ဝိုက်၌ အလှူ ငွေများ ကောက်ခံပေးခဲ့သည်။

ထို့အတူ အဆိုတော် တူးတူး၊ စည်သူလွင်၊ ဇော်ပိုင်၊ ဖြိုး ကြီး၊ လင်းရာ၊ ဂျောက်ဂျက်၊ ကော်နီ၊ ချောစုခင်၊ ဂျင်းနီနှင့် ပွင့် တို့ကလည်း ရေဘေးသင့်ပြည်သူ များအတွက် တစ်အိမ်တက်တစ် အိမ်ဆင်း သီချင်းများ သီဆိုဖျော် ဖြေပေးကာ အလှူငွေများကောက် ခံပေးမည်ဖြစ်ကြောင်းသိရသည်။

 ‘‘ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေတွေ ကောက်ခံ ပေးတာအများကြီးတွေ့ရပါတယ်။ ရေဘေးသင့် တိရစ္ဆာန်ငယ်လေး တွေအတွက်တော့ သက်သက် ကြီး အလှူခံကောက်ပေးတာရှား တယ်။ ကောက်ခံရရှိတဲ့ အလှူငွေ တွေထဲကပဲ သူတို့အတွက် အသုံး ပြုကြတယ်။ ဒါကြောင့် သဇင်တို့ က ရေဘေးသင့် တိရစ္ဆာန်ငယ် လေးတွေအတွက် သီးသန့်အလှူ ငွေကောက်ခံပေးတာပါ။ ရရှိလာ တဲ့ အလှူငွေတွေကိုလည်း ရေ ဘေးသင့်ဒေသတွေ အကုန်လုံးက တိရစ္ဆာန်လေးတွေကို ဖြန့်ကြက် လှူဒါန်းပေးသွားပါမယ်’’ဟု မော် ဒယ်ခင်သဇင်က ပြောကြားသည်။
7 day

1 comment:

  1. အများအကျိုးကိုဦးစားပေးလုပ်ပေးယင်တော့ ကောင်းတာပေါ့ ။

    ReplyDelete