Sunday, August 2, 2015

သမ္မတ၏ ပြောကြားချက်အပေါ် လူငယ်၊ လူလတ်များ ပြန်လည်စိန်ခေါ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာရေးကော်မတီဝင် (အရှေ့ပိုင်း) ဒေါက်တာစိုးထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် တုံ့ပြန်ရေးသားထားစဉ်
 လူငယ်လူလတ်များကို သမ္မတလုပ်ခွင့်ပေးပါက မြန်မာနိုင်ငံကို အချိန်တိုအတွင်း လက်ရှိ အစိုးရထက်သာအောင် လုပ်ပြ မည်ဟုဆိုကာ သမ္မတဦးသိန်းစိန် အပေါ် စိန်ခေါ်တောင်းဆိုမှုကို ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် မြန်မာလူ ငယ်၊ လူလတ်တို့က ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်လာကြသည်။


သမ္မတ၏ ပြောကြားချက် သည် တိုင်းပြည်ရှိ လူငယ်လူရွယ် များနှင့် သမ္မတကြား ထိတွေ့ ဆက်ဆံမှုကင်းမဲ့ခြင်း၏ သင်္ကေ တဖြစ်ကြောင်း တုံ့ပြန်ပြောကြား လာကြပြီး အသက်အရွယ်အလွန် ကြီးရင့်သူတို့ တိုင်းပြည်ကို ခေါင်း ဆောင်နေခြင်းမှာလည်း မဖြစ်သင့်ကြောင်း ကန့်ကွက်ထုတ်ဖော်ပြောဆိုမှုများ မြင့်တက်လာစေခဲ့သည်။

‘‘မြန်မာပြည်က လူငယ်လူ လတ်တွေကိုယ်စား စိန်ခေါ်ချင် တယ်။ ကျွန်တော့်ကို ခြောက်လ လောက်လုပ်ခွင့်ပေးပါ။ ဦးသိန်း စိန် လေးနှစ်ကာလထက် မသာခဲ့ ရင် လွှတ်တော်ခေါင်မိုးပေါ်က ခုန်ချပြီး Suicide (မိမိကိုယ်ကိုယ် သတ်သေမှု)လုပ်ပါမယ်။ ကျွန်တော့်အသက်နဲ့ လောင်းကြေးထပ်ပြပါမယ်။ သမ္မတကြီးခင်ဗျာ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (အရှေ့ပိုင်း) ဒေါက်တာ စိုးထွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၃၁ ရက်က ရေးသားခဲ့သည်။ ၎င်းသည် သမ္မတဦးသိန်းစိန် လက်ထက် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် တစ်ထောင့်တစ်နေရာက ကူညီခဲ့ဖူးသူလည်းဖြစ်သည်။

ဇူလိုင် ၂၉ ရက်က သမ္မတနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နှလုံးစက်တပ်ထားသည့် အသက်(၇၀) ကျော် အရွယ်ရှိသူတစ်ဦးအနေဖြင့် ဒုတိယသက်တမ်းကို မည် သည့်အတွက်ကြောင့် ဆက်လက်ထမ်းဆောင်လိုပါသလဲဟု နီခီ အေးရှန်းရီဗျူးသတင်းဌာနက မေးမြန်းချက်အပေါ် သမ္မတက ‘‘ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျွန်တော် အနားယူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေ အရမ်းကို နည်းပါးနေပါတယ်။ ပြီးတော့ သိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ဟာ သမ္မတလောင်းကို တင်မြှောက်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရတာဖြစ်တယ်။ ဒါ ကြောင့် ရွေးကောက်ပွဲကို ၀င်ပြိုင် စရာမလိုပါဘူး’’ဟု သမ္မတက ပြောကြားသည်။

သမ္မတ၏ ပြောကြားမှုပြီး နောက် နယ်ပယ်အသီးသီး၌ အ ရည်အချင်းရှိသော လူငယ်အများ အပြား အလုပ်လုပ်နေကြ ကြောင်း၊ ပွင့်လင်းသည့် လူ့အခွင့် အရေးကို မြန်မာထက်ပိုရသည့် နိုင်ငံတို့မှ လူငယ်များနှင့်ပင် မြန် မာလူငယ်များက ရင်ပေါင်တန်း နေကြကြောင်း ထောက်ပြပြောဆို လာကြသည်။

‘‘တကယ်လို့ သူပြောသလို အရည်အချင်းပြည့်ဝတဲ့ လူငယ် တွေ အရမ်းနည်းတယ်ဆိုရင် တိုင်းပြည်ရဲ့ ပညာရေးနိမ့်ကျတာကို အသိအမှတ်ပြုတာပဲ။ အဲဒီအတွက် လူငယ်တွေ တိုးတက်ဖို့ ပညာရေးမြှင့်တင်နိုင်ဖို့ လုပ်ရမှာ ပါ။ အာဏာကို ဆက်ကိုင်ထားဖို့ ဆိုတာ အဖြေမဟုတ်ဘူး။ နိုင်ငံ အပေါ် တကယ်စေတနာရှိရင် နောက်မျိုးဆက်တွေ အရည်အ ချင်းပိုရှိဖို့၊ တော်သထက် ပိုတော် ဖို့ သူ လက်ရှိသက်တမ်းမှာ ကြိုး စားရမှာ။ သူအာဏာရခဲ့တဲ့ လေးနှစ်အတွင်းကော အဲဒီအတွက် ဘာလုပ်ခဲ့သလဲ။ ဘာမှမလုပ်နိုင်ခဲ့ဘဲ နောက်သက်တမ်းမှာကော ဘာဖြစ်လာမှာမို့လဲ’’ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမန်နေဂျာ အသက်(၃၀)အရွယ် မရွှေယင်းမာဦးက ပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း(၃) နိုင်ငံတော်အကြီး အကဲ၊ နိုင်ငံတော်သမ္မတနှင့် ဒု သမ္မတများ၏ အရည်အချင်းများ တွင် အပိုဒ် ၅၉ (ဂ)အရ ရွေးချယ် တင်မြှောက်ခြင်းခံရသူသည် အ နည်းဆုံး အသက် (၄၅) နှစ်ပြည့် ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ် ထားသည်။ အခန်း (၅) အုပ်ချုပ် ရေး၊ အပိုဒ် ၂၃၂ (က) (၁) အရ ပြည်ထောင်စုဝန်ကြီး အရည်အ ချင်းတွင် အသက် (၄၀) ပြည့်ပြီး သူဖြစ်ရမည်ဟု သတ်မှတ်ထား သည်။ ထို့အပြင် အပိုဒ် ၂၃၄ (က)(၁) အရ ဒုဝန်ကြီးသည် အသက် (၃၅)နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်သည်။

‘‘တိုင်းပြည်ကို လမ်းကြောင်း မှန်ပေါ်ရောက်အောင် တည့်မတ် ပေးနိုင်တဲ့ လူငယ်နဲ့ လူလတ်ပိုင်း တွေ အရမ်းနည်းပါးနေသေးတယ်လို့ ထင်မြင်ချက်ကတော့ အရမ်းကို လွဲနေပြီလို့ ပြောချင်တယ်။ သမ္မတကြီးစိတ်ချရအောင် သက်သေပြစေချင်တယ်ဆိုရင် သက်တမ်းလေး တစ်ခေါက်လောက် လက်တွေ့စမ်းပြလိုက်ချင်ပါရဲ့’’ဟု မသန်စွမ်းသူများအရေး လှုပ်ရှားဆောင်ရွက်နေသည့် အေးမေတ္တာ မသန်စွမ်းစင်တာ ဥက္ကဋ္ဌ နော်တာဟေးညောကပြောသည်။

 လွတ်လပ်ရေးရချိန်မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သူ အ ဆက်ဆက်၌ လူငယ်များ နေရာ တစ်ကြိမ်မျှ မရခဲ့ဘဲ အသက်ငယ် ဆုံးဟူ၍ သမ္မတ မန်းဝင်းမောင် တစ်ဦးသာ အသက် (၄၁)နှစ်အရွယ်တွင် တာဝန်စတင်ထမ်း ဆောင်ခဲ့သည်။ သမ္မတ စ၀်ရွှေသိုက်က အသက်(၅၄)နှစ်အရွယ်၊ သမ္မတဒေါက်တာဘဦးက အသက်(၆၅)နှစ်၊ ဗိုလ်ချုပ်နေ၀င်းက အသက်(၅၁)နှစ်၊ သမ္မတ ဦးစန်းယုက အသက်(၆၃)နှစ်နှင့် ဒေါက်တာမောင်မောင်က (၆၃)နှစ် စသည့် အသက်အရွယ်တို့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။

 ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၁၉၉၂၊ ဧပြီ ၂၃ ရက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် စတင်နေရာယူချိန်က ၎င်း၏ အသက်မှာ (၅၉)နှစ်ရှိနေခဲ့ပြီဖြစ်သည်။ ယင်းနောက် တစ်ဆက်တည်းမှာပင် ၁၉ နှစ်ကြာ ၎င်းက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ က စတင်တာဝန်ထမ်းဆောင်ချိန်တွင် အသက်(၆၆)နှစ်ရှိပြီဖြစ်ပြီး ယခုအချိန်၌ အသက် (၇၀)ပြည့်ခဲ့ပြီဖြစ်သည်။
7 day

4 comments:

  1. ကိုမေကိုလိုးတွေ မင်းတို့ စည်ပင်ကော်မတီဝင်ဖြစ်မှ ကိုယ့် ကားပါကင်နဲ့ သွင်းတဲ့ ကားကိုရောင်းမစားရဲအောင်
    ဖြစ်နေတာကိုအရင်လုပ်ပါ။သူများကိုမစော်ကားနဲ့ ။မြန်မာပြည်မှာကိုယ့် ကိုယ်ကိုအထင်ကြီးတဲ့ သူတွေသိပ်များနေပြီ။

    ReplyDelete
  2. စိုးထွန်း မင်ဘာကောင်မှလည်းမဟုတ်ပဲနဲ့ အာမချောင်နဲ့ ။နွားချေရာခွက်ကိုကူးနေတဲ့ ဖားသူငယ်လို့ ပဲမြင်တယ်။
    ပါးရိုက်ခံရမယ်။

    ReplyDelete
  3. စိုးထွန်းရန်ကုန်သားဆိုလို့ ကတော့ ပြည်နယ်အတွေ့ အကြုံ ZERO.

    ReplyDelete
  4. မင်းအောင်မြင်အောင်လုပ်မဲ့ စီးပွားရေးက ပြိုင်ကားတံခါး ၂ပေါက်သွင်းမယ်။ငွေအလကားရလို့ သုံးနိုင်မဲ့ ကောင်တွေကိုရောင်းစားယင်အမြတ်များများရမယ် ဒါပဲ။လမ်းပေါ်မှာအများပြည်သူသေကျေတာငါနဲ့ မဆိုင်ဘူး ငါအမြတ်ရဖို့ အရေးကြီးတယ်။
    မင်းအဲ့ ဒီလိုခွေးဦးနှေက်နဲ့ သမ္မတလုပ်ချင်သေးတယ်။

    ReplyDelete