Wednesday, August 12, 2015

ပဏာမမြန်မာ့လက်ရွေးစင်အသင်းတွင် ယူ-၂၀နှင့် ယူ-၂၃အသင်းတို့မှ ကစားသမားများ ပါဝင်လာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ နှင့် နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် ပြင်ဆင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းကို ကစားသမား ၂၆ ဦးဖြင့်ဖွဲ့စည်းခဲ့ရာ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲ ၀င်အသင်းနှင့် ဆီးဂိမ်းပြိုင်ပွဲဝင် ယူ-၂၃ အသင်းမှ ကစားသမား များ ပါဝင်လာသည်။

သြဂုတ် ၁၁ ရက်က ထုတ်ပြန်လိုက်သည့် ပဏာမလက်ရွေးစင် ကစားသမားစာရင်းတွင် ယူ-၂၀ အသင်းမှ ကစားသမား ခြောက်ဦး နှင့် ယူ-၂၃ အသင်းမှ ကစား သမား ကိုးဦးပါဝင်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် လက်ရွေးစင်အသင်းကို သက် တမ်းသုံးခုဖြင့် ဖွဲ့စည်းထား ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောသည်။

‘‘လက်ရွေးစင်အသင်းအ တွက် ကစားသမားရွေးချယ်မှုကို နည်းပြချုပ်စိတ်ကြိုက် လုပ် ဆောင်ခွင့်ပေးခဲ့တယ်။ သူကြိုက် တဲ့ ကစားသမားတွေကို ရွေးချယ် ခဲ့တာပါ။ အဖွဲ့ချုပ်ဘက်က ၀င် ရောက်စွက်ဖက်ခြင်းမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

နည်းပြချုပ် အေဗရာမိုဗစ် သည် ပဏာမမြန်မာ့လက်ရွေး စင်အသင်းကို သြဂုတ် ၁၇ ရက်မှ စတင်လေ့ကျင့်မှုပြုလုပ်မည်ဖြစ် သော်လည်း စခန်းသွင်းလေ့ကျင့် မှုကိုမူ သြဂုတ် ၂၁ ရက်၌ စတင်မည်။ မြန်မာ့လက်ရွေးစင်အသင်း ကို အုပ်ချုပ်သူအဖြစ် ဦးသန်းတိုးအောင်၊ နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင်နှင့် ဂိုးနည်းပြ

အဖြစ် ဦးအောင်သက်တို့က တာ ၀န်ယူမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း သည် သြဂုတ် ၂၈ ရက်၌ ဒူဘိုင်းမြို့ ယူအေအီးအသင်းနှင့် ခြေစမ်းပွဲသွားရောက်ကစားမည်ဖြစ် သည်။ မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှ ဇုန်ခြေစစ်ပွဲဒုတိယအဆင့် အုပ်စု တတိယပွဲအဖြစ် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်အသင်းနှင့် အ ဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ပဏာမ

မြန်မာ့လက်ရွေးစင်အသင်း

ဂိုး- ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ရန်အောင်လင်း၊ ဇော်ထက်လင်း။

နောက်တန်း- ကျော်ဇင်လွင်၊ နန္ဒ ကျော်၊ စည်သူအောင်၊ ဇော်ရဲ ထွန်း၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း၊အောင်ဇော်၊ ဇော်လင်း။

အလယ်တန်း- အောင်သူ၊ ရှိုင်း သူရ၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ ရန် အောင်ကျော်၊ ကြည်လင်း၊ သီဟ ဇော်၊ ကျော်မင်းဦး၊ ချစ်စုမိုး၊ မောင်မောင်လွင်။

ရှေ့တန်း- ကျော်ကိုကို၊ သန်းပိုင်၊ နေလင်းထွန်း၊ ဆွမ်လန်မန်။

No comments:

Post a Comment