Thursday, September 24, 2015

သာပေါင်းမြို့ ဒီချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရ


လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧရာ ၀တီတိုင်းဒေသကြီး သာပေါင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများပုံပါရှိသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခု စက်တင်ဘာ၂၂ ရက် ညက ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့ အမှတ်(၁)ရပ် ကွက် ကညင်ချောင်းရပ်ရှိ ဘုန်း ကြီးကျောင်းရှေ့တွင် ဆိုင်းဘုတ် စိုက်ထူထားပြီး ယင်းနေ့ ည ၁၀နာရီခန့်က ပိုစတာအား ဆုတ်ဖြဲကာ စိုက်ထူထားသည့်တိုင်များ တစ်စစီဖြစ်သည်အထိ ဖျက်ဆီး ခဲ့သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှူး၊     မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းဦးအောင်အောင်ဦးက ပြောသည်။
‘‘ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဥပဒေအတိုင်းပဲ ဆက်လုပ် သွားပါမယ်’’ဟု ဦးအောင်အောင် ဦးကပြောသည်။

အဆိုပါဆိုင်းဘုတ်ဖျက်ဆီး ခံရသည့် ညတွင်ပင် သာပေါင်း မြို့နယ်ဒီချုပ်ပါတီအလုပ်အမှု ဆောင်အဖွဲ့က  ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြို့နယ်ကော် မရှင်နှင့် မြို့မရဲစခန်းတို့၌ အဆို ပါဖြစ်စဉ်ကို သွားရောက်အသိ ပေးအမှုဖွင့်ထားကြောင်းသိရ သည်။

‘‘ရဲစခန်းမှာလာပြီး အမှုဖွင့် ထားပါတယ်။ အကျိုးဖျက်ဆီးမှု ဖြစ်နေတော့ ပုဒ်မ ၄၂၇နဲ့ တရား စွဲရမှာပါ။ ရဲစခန်းမှာ တိုင်ချက် တော့ ရယူထားပြီးပါပြီ။ တရားရုံး ကို ဦးတိုက်လျှောက်ဖို့အတွက်  ပုံ စံ(က)(ခ)တင်ပေးဖို့စီစဉ်ပြီးပါပြီ’’ ဟု သာပေါင်းမြို့မရဲစခန်းမှူးရဲ အုပ်ဇော်ဝင်းအောင်က ပြော သည်။ လာမည့်ရွေးကောက်ပွဲ၌ သာပေါင်းမြို့နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီနှင့် ကရင်ပြည်သူ့ ပါတီတို့မှ  ပြည်သူ့လွှတ်တော်အ တွက် ကိုယ်စားလှယ်လေးဦး၊ အ မျိုးသားလွှတ်တော်အတွက်ကိုယ် စားလှယ်လောင်းလေးဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက်   ကိုယ်စားလှယ် ၁၁ဦးတို့    ၀င်ရောက်ရွေး ချယ်ခံရမည်ဖြစ်ကြောင်းသိရ သည်။ ယင်းအပြင် တိုင်းရင်းသား ရေးရာကိုယ်စားလှယ်လောင်း များလည်း သာပေါင်းမြို့မှ ၀င် ရောက်ရွေးချယ်ခံမည်ဖြစ်သည်။
7 day

No comments:

Post a Comment