Thursday, September 24, 2015

နမ့်စန်မြို့နယ်တွင် ဒီချုပ်ဆိုင်းဘုတ် ၂၆ ခု ဖျက်ဆီးခဲ့သူများ နှစ်လကျော်ကြာသည့်တိုင် ဖမ်းမမိသေး


ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူလေး ဦးနှင့် ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်း ဆီးရမိခြင်းမရှိသေးကြောင်း နမ့် စန်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ သတင်းရရှိသည်။
နမ့်စန်မြို့နယ် တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေ ဇော်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တရားရုံး၌ ဦး  တိုက်လျှောက်ထားခဲ့ပြီး ဆိုင်း ဘုတ်ဖျက်ဆီးသူလေးဦးနှင့် ခိုင်း စေညွှန်ကြားသူဟုဆိုသူ ဦး အောင်သန်းကို သြဂုတ် ၃ ရက် တွင် တရားရုံးသို့ ဆင့်ခေါ်ထားခဲ့ သည်။သို့သော် သြဂုတ် ၂၁ ရက် ရုံးချိန်းအထိ လာရောက်ခြင်းမရှိ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာစာထုတ်ပေးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။‘‘စက်တင်ဘာ ၂၂ ရက်ဆို နှစ်လပြည့်ပြီ။ တရားခံတွေ ဘယ် နေရာမှာရှိတယ်ဆိုတာကိုလည်း သိနေပြီးတော့ ဖမ်းဆီးရမိတာမရှိ သေးဘူး။ တရားဥပဒေစိုးမိုးမှု ညံ့ ဖျင်းတယ်’’ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၂၉ ရက်တွင် နမ့်စန်မြို့နယ် တရားရုံး၌ တရား သူကြီးက နမ့်စန်မြို့နယ် ဒီချုပ်အ လုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ် သည့် ဦးကျော်သူထွန်း၊ ဦးခင် မောင်ကြည်၊ ဦးနေဇော်နိုင်နှင့် ဦး စိုင်းထွန်းအောင်တို့ကို ခိုင်လုံ သော သက်သေအဖြစ်စစ်ဆေး  မည်ဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိ သည့်အတွက် တရားခံပြေးများကို ၀ရမ်းပြေးအဖြစ် ကြေညာပေးရန် ထွက်ဆိုမည်ဟု ဦးနေဇော်နိုင်က ဆိုသည်။

‘‘ဖြစ်စဉ်အမှန်ကိုထွက်မယ်။ ထွက်ပြီးတော့ ၀ရမ်းပြေးအဖြစ် ကြေညာခိုင်းပြီး တရားခံတွေကို မမိသေးသရွေ့ ဖမ်းမိအောင် ဆက်ကြိုးစားမယ်။ လက်လွတ် စပယ်ပြုကျင့်မှုမျိုးကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးစေချင် တယ်’’ဟု ဦးနေဇော်နိုင်ကပြော သည်။

နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကွက်နှင့် ကျေးရွာရုံးဆိုင်းဘုတ် ၂၆ ခုကို ဇူလိုင် ၂၁ ရက်တွင် ဓားရှည်ကိုင် လူငယ်လေးဦးက လိုက်လံဖျက် ဆီးခဲ့ခြင်းဖြစ်ပြီး ညတွင်းချင်းပင် ရဲများက ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ ကာ ဇူလိုင် ၂၂ ရက်တွင် ရဲအရေး မပိုင်၍ဟုဆိုကာ ပြန်လည်လွှတ် ပေးခဲ့သည်ဟု နမ့်စန်မြို့နယ် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သ တင်းရရှိသည်။ ပြန်လည်လွှတ် ပေးခဲ့သည့် လူငယ်လေးဦးသည် စိုင်းမောင် (၂၂) နှစ်၊ စိုင်းစံ (၁၈) နှစ်၊ စိုင်းထွန်းခိုင် (၂၅) နှစ်နှင့် အိုက်ဆာ (၁၉) နှစ်တို့ဖြစ်ပြီး နမ့် စန်မြို့နယ်ရှိ မတ်ကျန်းဌာန ပြည် သူ့စစ်ဆက်ဆံရေးရုံးမှ ဦးအောင် သန်း(ခ) ဦးလုံးသန်း၏ ခိုင်းစေ ချက်အရ ပြုလုပ်ခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း ဦးနေဇော်နိုင် ကပြောသည်။

နမ့်စန်မြို့တွင် ပြည်သူ့စစ် အဖွဲ့လေးဖွဲ့ရှိပြီး နားပွဲဌာနေ ပြည်သူ့စစ်၊ PNA ပအိုဝ်း အမျိုး သားဌာနေ ပြည်သူ့စစ်၊ နားရိုင်း (SSS) ဌာနေပြည်သူ့စစ်နှင့် မတ် ကျန်းဌာနေ ပြည်သူ့စစ်တို့ ဖြစ် သည်။
7 day

No comments:

Post a Comment