Tuesday, September 8, 2015

မျိုးဆက်ဇာတ်ကားနဲ့ ပထမဆုရသွားတဲ့ ဘုဏ်းသိုက်


သူငယ်ချင်းများနှင့်မိသား စုဝင်များ တိုက်တွန်းသောကြောင့် ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဘဝတွင် ပထမဆုံးရရှိသည့် ပထမဆုဖြစ် ကြောင်း ဘုဏ်းသိုက်ကပြော သည်။‘‘ဆုရဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဝင်ရိုက်တာမျိုးမဟုတ်ဘဲ ကိုယ် ဖန်တီးချင်တဲ့ဟာတစ်ခုကို ဒိုင် တွေအပါအဝင် အနုပညာခံစား တတ်သူတွေ ဒီထဲမှာ ကိုယ်ဘယ် လောက်ထိ အားထုတ်ထားတယ် ဆိုတာ မြင်ရရင် ကျေနပ်တယ် ဆိုတဲ့စိတ်နဲ့ဝင်ရိုက်တယ်။ ဒါပေ မဲ့ ဆုရခဲ့တဲ့အတွက် ပိုပြီးကျေနပ် တယ်’’ဟု Myanmar Youth Micro Film ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဘုဏ်းသိုက်ကပြော သည်။ဘုဏ်းသိုက်သည် ယင်းပြိုင် ပွဲတွင် ‘မျိုးဆက်’ဟုအမည်ပေး ထားသော ငါးမိနစ်စာဇာတ်ကား ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ပြီး ပထမဆုအဖြစ် ဒေါ်လာတစ် သောင်းကျော်    ဆုကြေးငွေကို လည်းရရှိခဲ့သည်။

‘‘ဘယ်ရုပ်ရှင်ကြည့်ကြည့် နှစ်နာရီလောက်ကြာရင်ပြီးပါပြီ ဆိုတဲ့စာတန်းထိုးထိုး မထိုးထိုး ဇာတ်ကတော့ပြီးသွားတယ်။ မျိုးဆက်နဲ့ပတ်သက်ရင် မျိုးဆက် တစ်ခုနဲ့တစ်ခုက အမြဲတမ်းစီး ဆင်းမှုရှိနေတာကြောင့် ဘယ် တော့မှပြီးပါပြီလို့ စာတန်းထိုးလို့ မရဘူး။ မျိုးဆက်တစ်ခုက ကိုယ့် မျိုးဆက်ပြီးသွားတာနဲ့ ကိုယ့်တာ ဝန်ကျေပြီဆိုတာထက်စာရင် နောက်တက်လာမယ့် မျိုးဆက် တွေအတွက် ကိုပါကိုယ့်ရဲ့တာဝန် ယူမှုတစ်ခုကြောင့် ဆွဲမြှင့်လို့ရ သလို ဆွဲချလို့ရတယ်ဆိုတာ အဲဒါ ကြောင့် မျိုးဆက်ဆိုတာသာ ရုပ် ရှင်တစ်ကားဖြစ်မယ်ဆိုရင် ဘယ် တော့မှ ပြီးပါပြီလို့ စာတန်းထိုးလို့ မရတဲ့ရုပ်ရှင် အဲဒီလိုရည်ရွယ်ပြီး ရိုက်ခဲ့တာ’’ဟု ၎င်းကဇာတ်ကား ရိုက်ကူးဖြစ်ခဲ့သည့်အကြောင်းကို ပြောသည်။ ယခင်ကလည်း ရုပ်ရှင်ပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်ဖူး ပြီး ဝဿန်ရုပ်ရှင်ပွဲတော်တွင် ‘ရုပ်ရှင်သည်ကြီး’ဇာတ်ကားဖြင့် ဂုဏ်ထူးဆောင်ဆုရရှိဖူးသည်ဟု ၎င်းကဆိုသည်။

ယခုပြိုင်ပွဲတွင် ဒါရိုက်တာ ဆုရရှိခဲ့ခြင်းဖြစ်သော်လည်း အနု ပညာလှုပ်ရှားမှုအနေဖြင့် ဒါရိုက် တာတစ်ဦးအနေဖြင့်သာ မဟုတ်ဘဲ သရုပ်ဆောင်အဖြစ် ဆက်လက်လုပ်ကိုင်သွားရန် အစီအစဉ် ရှိကြောင်း  ဘုဏ်းသိုက်က ပြော သည်။
7 day

No comments:

Post a Comment