Tuesday, September 8, 2015

ဆောင်းစပါးစိုက်ပျိုးရာသီတွင် မိုးခေါင်ပြီး ပိုးမွှားကျနေခြင်းကြောင့် တောင်သူများစိုးရိမ်နေ


 ဆောင်းစပါး စတင်စိုက်ပျိုးသည့် ဩဂုတ်မှစ၍ ယခုလ အထိ မိုးခေါင်ပြီး ပိုးမွှားများကျ ရောက်နေခြင်းကြောင့် လယ်စိုက် တောင်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ ကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်စိုက်တောင်သူများထံမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း တစ်နှစ်လျှင် နွေစပါးနှင့် ဆောင်းစပါးနှစ်မျိုးစိုက်ပျိုးပြီး ဒုတိယအကြိမ် စပါးစိုက်ရာသီ ၌ မိုးခေါင်နေကာ ပိုးမွှားများ ကျရောက်နေခြင်းကြောင့် တောင် သူများအခက်တွေ့နေခြင်းဖြစ် သည်။‘‘ဒီစပါးဆိုတဲ့အမျိုးက သဘာဝမိုးရေလေးသောက်ရမှ ပိုးမွှားတွေလည်း ကင်းစင်ပြီး စံချိန်မီစပါးက အထွက်တိုးတာ။ အခုမိုးက မရွာတော့ ပိုးမွှားတွေ ကျ။ ခါတိုင်းတစ်ကြိမ်ဖျန်းရင် အခုသုံးလေးခါဖျန်းနေရတယ်။ ဓာတ်မြေဩဇာကျွေး၊ ပိုးသတ် ဆေးတွေ ပိုဖျန်းရနဲ့။ စပါးကို သူ့ ရာသီနဲ့သူစိုက်မှ။  နောက်ကျစိုက် ရင် ဆောင်းအဝင်အအေးမိပြီး အထွက်နှုန်းတွေလျော့ကုန်ရော’’ ဟု ပုသိမ်ကြီးမြို့နယ်နေ စပါး စိုက်ပျိုးသော တောင်သူဦးမျိုးသန့် က ရှင်းပြသည်။


ပထမအကြိမ် နွေစပါးစိုက် ပျိုးချိန်တွင် မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် စပါးခင်းများရေမြုပ် ၍ ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး စပါးအထွက်နှုန်းလျော့ကျခဲ့သည်။ ဒုတိယအကြိမ်ဆောင်းစပါးစိုက် ပျိုးပြီဖြစ်သော်လည်း မိုးမရွာသေး သဖြင့် စပါးခင်းများ ပိုးမွှားများကျ ရောက်၍ ပုံမှန်ချိန်ထက် ပိုးသတ် ဆေးများ ပိုမိုအသုံးပြုရကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ စပါးစိုက် တောင်သူများက ပြောသည်။

‘‘ပထမစပါးစိုက်တုန်းက သမ္မတော်ကွင်းက ဧက ၂၀ လောက် မိုးရွာတော့ ရေစီးစရာ နေရာမရှိ၊ မြောင်းတွေလည်း မြေဖို့ထားတော့ လယ်ကွင်းတွေ ထဲမှာ ရေဝပ်ပြီး စပါးပင်တွေမြုပ် သွားလို့ အထွက်နှုန်းက  အရမ်းကျ သွားတာ။ အခု ဒုတိယစပါးကျ တော့ စိုက်ပြီးမိုးခေါင်နေတော့ ပိုးသတ်ဆေးတွေ အများဖျန်းရ တော့ ပိုက်ဆံတွေ ကုန်ကျစရိတ် တွေ များနေပြန်တော့ လုပ်ရတာ နဲ့ မကာမိဘူးပေါ့ဗျာ’’ဟု မဂျမ်း တောစပါးဧက ၅၀ ကျော်စိုက်ပျိုး သည့် တောင်သူဦးမျိုးသန့်က ဆိုသည်။

ပုသိမ်ကြီးမြို့နယ်ရှိ စပါး စိုက်တောင်သူများသည် ဆည် တော်ကြီးဆည်ရေကို အမှီပြုကာ အဓိကစိုက်ပျိုးကြသော်လည်း မြို့နယ်နီးစပ်သည့်လယ်မြေများ ကို အဆောက်အအုံများဆောက် လုပ်ရန် ဝယ်ယူသူများပြားလာ သောကြောင့် လယ်မြေများကို ရောင်းချသူများပြားလာပြီး စပါး စိုက်သည့် တောင်သူအရေအ တွက်လျော့နည်းလာကြောင်း ပုသိမ်ကြီးမြို့နယ် မိုင်ကုန်းကျေး ရွာမှ တောင်သူများက ဆိုသည်။

‘‘စပါးခင်းတွေနဲ့ အနီးမှာ အဆောက်အအုံတွေ လာဆောက်ကြတော့ ဆည်တောရေကလွှတ် တဲ့ရေနုတ်မြောင်းတွေ မြေဖို့ကြ တော့ မြောင်းတွေမရှိတော့ဘူး။ မိုးရွာရင် ရေစီးစရာမရှိတော့ လယ်တွေထဲမှာပဲ ရေတွေဝပ်ပြီး စပါး ပင်ခါးတွေ ရေရိပြီး သေကုန် ရော။ မိုးမရွာရင်လည်း ဆည်ရေနဲ့ကမဖြစ်။ ပိုးတွေကျပြီး ဆေးတွေ၊မြေဩဇာတွေ ပိုကျွေးရ။ အထွက်နှုန်းကမကောင်းတော့ ရသမျှအကြွေးတွေပေးရတာနဲ့ပဲ ကျုပ်တို့တောင်သူလက်ထဲ   ကောက် ရိုးမျှင်ပဲကျန်တာပဲ’’ဟု မိုင်ကုန်းကျေးရွာမှ တောင်သူဦးမောင် ဆွေက ဆိုသည်။

ဒုတိယအကြိမ် စပါးစိုက် ပျိုးသည့် ဩဂုတ်မှစ၍ ဓာတ်မြေ ဩဇာဈေးနှုန်းများ မြင့်တက်လာ ခြင်း၊ ပိုးသတ်ဆေးနှင့် ကောက် စိုက်သမလုပ်အားခများ မြင့်တက် လာခြင်းတို့ကြောင့် လယ်ယာ စိုက်ပျိုးစရိတ်မြင့်တက်နေသည်။ ရာသီဥတုနှင့် အထွက်နှုန်းကောင်း လျှင် မဂျမ်းတောစပါးတစ်ဧက လျှင် တင်း ၈၀၊ ၉၀ ထိထွက်ရှိ သော်လည်း အထွက်နှုန်း မကောင်းလျှင် တင်း ၅၀ နှင့် ၆၀ ခန့်သာထွက်ရှိကြောင်း မန္တလေး တိုင်း ပုသိမ်ကြီးမြို့နယ်ရှိ စပါး စိုက်တောင်သူများက ပြောသည်။
7 day

No comments:

Post a Comment