Sunday, September 6, 2015

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လူသတ်သည်ဟုဝန်ခံခဲ့ရကြောင်း တရားရုံးတွင် တရားခံအဖြစ် စွပ်စွဲခံရသူထွက်ဆို

ထိုင်းနိုင်ငံ ခို တောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရသည့်အမှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံဘက်မှ တရားခံအဖြစ် စွပ်စွဲခံရသူ ကိုဇော်လင်းအား စက်တင်ဘာ ၂ ရက်က စတင်စစ်ဆေးခဲ့ရာတွင် လူသတ် သည်ဟု ဝန်ခံခဲ့သည်အထိ ရိုက်နှက်ညှဉ်း ပန်းနှိပ်စက်မှုများ ဖြစ်ခဲ့သည်ဟု မြန်မာသံ ရုံးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က စက် တင်ဘာ ၄ ရက်တွင် ဖလားဝါးနယူးစ် ဂျာ နယ်သို့ ပြောသည်။
စက်တင်ဘာ ၂ ရက်နံနက်အ စောပိုင်းမှ စတင်ကာ တစ်နေကုန် စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''စက်တင်ဘာ ၂ ရက် နံနက် ၁ဝ နာရီမှာ စစစ်တယ်။ ထွက်ဆိုချက်က အ ကြမ်းဖျင်း ဇော်လင်းတစ်ယောက်တည်းကို ထိုင်းရဲ လေးငါးဆယ်ယောက်လောက်က သူအိပ်နေတဲ့ အခန်းထဲကနေ လက်ထိတ် တွေခတ်ပြီး ကားတစ်စီးနဲ့ အခန်းတစ်ခန်း ထဲ ခေါ်သွားတယ်။ အဲဒီအခန်းက အအေး ခန်းထဲမှာ လက်ထိတ်ခတ်ပြီး ထိုင်ခိုင်းတယ်။ အဝတ် ပေးမဝတ်ဘူး။ အင်္ကျီချွတ်ညှဉ်းပန်း နှိပ်စက်ပြီး လူသတ်လား၊ မသတ်ဘူးလား မေးတယ်။ ဇော်လင်းက သူမသတ်ဘူး။ သူ မသိဘူးပြောတယ်။ အဲဒါကို ဘာသာပြန်က ပြန်ပေးတာပေါ့။ နောက် သူ့ကိုရိုက်တယ်။ သူ့ကိုရိုက်တဲ့အချိန်မှာလဲ မျက်နှာကို အိတ် အမည်းတွေနဲ့ စွပ်ထားတယ်။ သူ အသက် ရှူလို့မရဘူး။ သွားတွေနဲ့ အဲဒီအိတ်ကို ကိုက် ဖောက်တယ်။ နောက်ထပ်တစ်အိတ် ထပ် စွပ်တယ်။ သုံးအိတ်လောက် စွပ်တယ်ပြော တယ်။ မျက်နှာကို အိတ်စွပ်ထားတော့ ဘယ် သူမှန်း သူမသိတော့ဘူး''ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။

ထို့နောက် ခြေထောက်နှင့်ကန်၊ မျက်နှာကို လက်သီးနှင့်ထိုးသောကြောင့် ဇော်လင်းသည် ထိုင်ခုံပေါ်မှ လဲကျမလိုဖြစ် ခဲ့ပြီးပြန်သတိထားထိုင်ကာ ဂွမ်းစကိုပါးစပ် ထဲထည့်၍ တံထွေးယူသည်ဟု ပြောသည်။
''DNA ယူတဲ့ သဘောပါ။ နောက် သူ့ကို ထမင်းခွံ့ကျွေးတယ်။ သူနဲ့အ တူ ဖမ်းထားတဲ့ခြောက်ယောက်ကို ဘယ်ပို့ လိုက်လဲတော့ မသိဘူး။ ဗမာပြည် ပြန်ပို့ လိုက်ပြီလို့ ပြောတယ်။ နောက် သူ့ကို မင်း သတ်တယ်မဟုတ်လား၊ မင်းဝန်ခံလိုက်၊ မင်း သတ်တယ်လို့ပြောရင် ထောင်ငါးနှစ်ပဲ ကျ မယ်။ ဝန်မခံဘူးဆိုရင် အင်္ဂတေကိုင်ပြီး ပင် လယ်ထဲ ပစ်ချမယ်လို့ပြောတယ်။ ဒါဆို မင်း သေတာ ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ ဇော်လင်းက အဲဒါဆို သူ ငါးနှစ်ထောင်ကျခံမယ် ပြောတယ်။ အဲဒါ ကို သူတို့က ဒါဆို မင်းသတ်တယ်လို့ ဝန်ခံ တာလား။ မင်းသတ်တယ်လို့ ပြောဆိုပြီးပြော တယ်။ အဲဒါနဲ့ သူဖြောင့်ချက် ပေးလိုက်ရ တာ''ဟု ယင်းရှေ့နေက ဆက်ပြောသည်။
စက်တင်ဘာ ၁၁ ရက်တွင် ထိုင်း မှုခင်း ဆေးသိပ္ပံညွှန်ကြားရေးမှူးချုပ် ဒေါက် တာပွန်တစ်ကို DNA စစ်ဆေးမှုနဲ့ ပတ်သက် ပြီး စစ်ဆေးမည်ဖြစ်ပြီး ညနေပိုင်းတွင် အ ချိန်ရပါက ကိုဇော်လင်းကို စစ်ဆေးမည်ဟု ရှေ့နေဦးအောင်မျိုးသန့်ထံမှ သိရသည်။
စက်တင်ဘာ ၂၁၊ ၂၂ ရက်နှင့် ၂၃ ရက်တွင် အမှုစစ်ဆေးရန် ရက်ချိန်းပေး ထားကြောင်းသိရသည်။
FlowerNewsJournal
************************************************************
လူသတ်မှုဖြင့်စွပ်စွဲခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ဆမ်မိခရိုင်တရားရုံးသို့ ရောက်ရှိလာစဉ်။ Photo : AFP

No comments:

Post a Comment