Monday, October 12, 2015

မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲ ပစ်ထားခဲ့သည့် တရားခံ မလေးရဲ ဖမ်းဆီး

အခင်းဖြစ်သည့်နေရာအားမလေးရှား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - နယူးစထရိတ်တိုင်းမ်)
မလေးရှားနိုင်ငံ၊ ကွာလာဒီပန်းအရပ်မှာ လုပ်ဖော်ကိုင်ဘက် မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲမှာ ပစ်ထားခဲ့တဲ့ တရားခံကို ရဲတွေက အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် နယူးစထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။

ကိုအောင် အမည်ရ အသက် ၃၀ အရွယ်  သေဆုံးသူကို အလုပ်ကြီးကြပ်ရေးမှူးက ကွန်တိန်နာအိမ်အတွင်းက ကန်ထဲမှာ ဦးခေါင်းနဲ့လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ အောက်တိုဘာ ၁၁ ရက် မနက် ၇ နာရီမှာ တွေ့ခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ် တရားခံကို ဂွာတန်ပူရမ် ဆိုင်ကယ်စီးကွင်း အနီးလမ်းမှာ ည ၈ နာရီခွဲအချိန် ရဲတွေက ဖမ်းမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။
ခရိုင်ရဲချုပ် နိခွန်ဆွန်းက ရဲတွေဟာ သံသယရှိသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြစ်မှုကျူးလွန်စဉ်က ရခဲ့တဲ့ ကုတ်ခြစ်ဒဏ်ရာတွေ တွေ့ခဲ့ရပြီး အမှုမစစ်ဆေးမီ ၇ ရက်လောက် ချုပ်ထားကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူတို့ဟာ ဟင်းသီးဟင်းရွက်စိုက်ခင်း တခုတည်းမှာ အတူတကွ အလုပ်လုပ်ကိုင်ခဲ့ကြပြီး အခင်းဖြစ်ပွားတဲ့ ကွန်တိန်နာအိမ်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်တည်းက အတူနေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

No comments:

Post a Comment