Monday, October 12, 2015

ဝက်များနဲ့ အဖွဲ့ကျတဲ့ ကြောင်ကလေး


နယ်သာလန်နိုင်ငံ က Ginger မျိုးနွယ်ကြောင်လေး တစ်ကောင်ဟာ Kunekune မျိုးနွယ် ဥရောပဖွား ဝက်ကလေးများနဲ့ အဖွဲ့ကျလို့နေပါတယ်။ ပိုင်ရှင်ဖြစ်သူဟာ ကြောင်ကို အိမ်ထဲမှာ သန့်သန့်ရှင်းရှင်းထားပေမယ့် သူ့အနေနဲ့ အိမ်ထဲမှာ မနေလိုပဲ ဝက်များနဲ့တကွ နေထိုင်ပါတယ်။
ဝက်များနဲ့ အတူတူ ဆော့ပါတယ်။ ဝက်များနဲ့ အတူတူ စားပါတယ်။ ဝက်များနဲ့ အတူတူ အိပ်ပြီး ပူးပူးတွဲတွဲနေထိုင်ပါတယ်။ ဝက်ကလေး သုံးကောင်နဲ့ အဖွဲ့ကျပြီး လယ်ကွင်းထဲ လွတ်ထားတဲ့အခါလည်း အတူတူ သွားလာတတ် ပါတယ်။ တစ်ခါတစ်ရံမှာ အချို့ တိရစ္ဆာန်များဟာ ၎င်းတို့နဲ့ မျိုးရိုးမတူသူများကို ယခုလို ချစ်ခင်စုံမက် ပေါင်းသင်းတတ်ကြ ပါတယ်။ ဝက်ကလေးများလို ညစ်ညစ်ပတ်ပတ်နေပြီး ရွံ့တွေနဲ့လူးလို့ နေတတ်ပါတယ်။
ဒါကြောင့်မို့ ပိုင်ရှင်အနေနဲ့ ကြောင်ကို အိမ်ပေါ် ခေါ်မထားတော့ပဲ ဝက်လေးများနဲ့ လွတ်ထားပေးလိုက် ပါတယ်။ တိရစ္ဆာန်တွေတောင် မျိုးရိုးချင်း မတူသော်ငြား မိတ်ဆွေဖွဲ့နေထိုင်နိုင်ကြသေးတာ လူသားတွေအနေနဲ့ မတူညီသော်ငြား အတူယှဉ်တွဲ နေထိုင်ကောင်းတယ်လို့ အသိရစေ ပါတယ်။
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment