Monday, October 26, 2015

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။

ရေသတ္တဝါအများနဲ့ အပင်များအ ပေါ် ထိခိုက်မှုတွေ

အယ်လ်နီညိုဖြစ်စဉ်များ ဟာ အမေရိကကမ်းရိုးတန်းတစ် လျှောက်ရှိ ရေအေးစီးကြောင်း များကို ရေအောက်အတော်နက် တဲ့အထိ နိမ့်ဆင်းကျသွားစေပါ တယ်။ တကယ်တော့ ရေအေးစီး ကြောင်းများထဲမှာ အာဟာရ ဓာတ်ပစ္စည်းများဖြစ်ကြတဲ့ plan-kton နဲ့ ငါးမျိုးစေ့များအတွက် အထောက်အကူပစ္စည်းများ များစွာပါဝင်နေပါတယ်။ ဒါတွေဟာသစ်တောတွေ၊ နို့တိုက်ငါးသတ္တဝါ တွေ (ဥပမာ- ရိုးရိုးဖျံနဲ့ ပင်လယ်ဖျံကြီးများ)အတွက် အထောက်အကူပစ္စည်းများ ဖြစ်ကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်း အရှေ့မြောက်နဲ့ အရှေ့တောင်ကုန်သည် လေများအား လျော့ကျလာသည် နှင့် သမုဒ္ဒရာအတွင်း ရေနွေးရေပြင်များ ကျယ်ပြန့်လာလျက်ရှိနေ ပါတယ်။ ကယ်လီဖိုးနီးယားကမ်း ခြေတစ်လျှောက်တွင် ငါးတွေဟာရေအေးကို ရှာဖွေတဲ့အနေနဲ့ မိမိတို့ကျက်စားရာမူလရေပြင်များမှ အပြင်ဘက်ကို ပြောင်းရွှေ့သွား ကြပြီဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ပင်လယ်ဖျံကြီးများဟာ ငါးသတ္တဝါများကို စားသောက် လေ့ရှိကြတဲ့ အစာအာဟာရအ တွက် မိမိတို့ သားပေါက်ငယ်များ ကို ထားရစ်ကာ အစာရှာထွက် ကုန်ကြသဖြင့် ပင်လယ်ဖျံသား ပေါက်လေးများဟာ အစာရေစာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရပါ တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကပင် Sausalito မြို့တွင် အခြေ စိုက်တဲ့ The Marine Mammal Centre က ပင်လယ်ဖျံသားပေါက် ၁,၂၀၀ ကို ကယ်ဆယ်ပေးခဲ့ရပါတယ်။

ကယ်လီဖိုးနီးယားမိုးခေါင်မှုအတွက် မိုးရနိုင်ပါတယ်။ သို့သော်..

ပိုမိုပူနွေးတဲ့ ပင်လယ်ရေများကြောင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားကမ်းခြေတစ် လျှောက်တွင် မုန်တိုင်းများ ပိုမို ဖြစ်လာနိုင်သဖြင့် မိုးခေါင်မှုဒဏ် ခံစားနေရသော ကယ်လီဖိုးနီး ယားပြည်နယ်အတွက် မုန်တိုင်း မိုးများ ရရှိနိုင်မည်ဖြစ်သဖြင့် ဝမ်းသာဖွယ်ရာဖြစ်သော်လည်း အယ်လ်နီညိုနှစ်တွင်ဖြစ်သော မုန် တိုင်းများမှာ အားအလွန်ပြင်းထန်တတ်သဖြင့် မုန်တိုင်းဒဏ်ခံကြရ မည့်အရေးကလည်း ရတက် မအေးစရာဖြစ်နေပါတယ်။

မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ရေသတ္တဝါတွေ

၁၉၈၂-၈၃ အယ်လ်နီညို ဖြစ်စဉ်ဖြစ်ခဲ့စဉ်က Galapagos ကျွန်းတွင် ပင်လယ်ရေများ မြင့် တက်လာမှုကြောင့် အစိမ်းရောင် နဲ့ အနီရောင်ရှိကြတဲ့ ပင်လယ်ရေ မှော်တွေဟာ ပင်လယ်ရေတိုက်စားမှုကြောင့် လွင့်မျောပျက်စီး သွားခဲ့တယ်။ ဒီရေမှော်တွေဟာ ပင်လယ်ဖွတ်ကြီးများရဲ့ အာဟာရ ဖြစ်တဲ့အတွက် ပင်လယ်ဖွတ် ကြီးများဟာလည်း အစာအာဟာ ရပြတ်လပ်ကာ သေဆုံးကုန်ကြတဲ့ အတွက် အရေအတွက် များစွာ လျော့ကျ သွားခဲ့ရပါတယ်။ အယ်လ်နီညိုဖြစ်စဉ်တစ်ခုဟာ ပျက်စီးဆုံးရှုံးမှုခံရလွယ်သော မျိုးစေ့မျိုးကွဲများကို လုံးဝကွယ် ပျောက်သွားတဲ့အထိ ထိခိုက်စေ နိုင်ပါတယ်။

အယ်လ်နီညိုဖြစ်စဉ်နဲ့ ရာသီဥတု ပြောင်းလဲခြင်း

ရာသီဥတုပြောင်းလဲမှုဟာ အယ်လ်နီညိုဖြစ်စဉ်များကို ပို၍ အကြိမ်များစွာဖြစ်စေရုံသာမက အင်အားလည်း ပို၍ပြင်းထန်လာ စေတတ်သဖြင့် ဂေဟစနစ်များ၊ အပင်များ၊ သတ္တဝါများအနေဖြင့် ပြန်လည်ပျိုးထောင်ရန် အချိန်လုံ လုံလောက်လောက် မရနိုင်ခြင်း ဟာ ပြဿနာတစ်ရပ်ဖြစ်နေစေ ပါတယ်။ လေ့လာမှုများ အရ အယ်လ်နီညိုဖြစ်စဉ်များဟာ ပို၍ ပို၍ ပြင်းထန်လာနေသဖြင့် ရာသီ ဥတုပြောင်းလဲမှုကို ထိန်းချုပ်ရေး လုပ်ငန်းများ၊ အထူးသဖြင့် ဓာတ် ငွေ့ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းများကို အပူတပြင်းဆောင် ရွက်ရန် အထူးလိုအပ်နေပြီဖြစ်ပါ တယ်။

အယ်လ်နီညိုဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ ဖြစ်စဉ်တစ်ခုလား

အရေးကြီးသော အချက် တစ်ခုမှာ အယ်လ်နီညိုဟာ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာသော ဖြစ်စဉ်တစ်ရပ်မဟုတ် ပါ။ အယ်လ်နီညိုဟာ သဘာဝအ တွင်း ခုနစ်နှစ်မှ ၁၀ နှစ်အတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝပတ် လည်ဖြစ်စဉ်တစ်ရပ်သာဖြစ်ပါ တယ်။ အမှန်အတိုင်းပြောရပါက အယ်လ်နီညိုဖြစ်စဉ်ကို လူသား များက ၁၅ ရာစုနှစ်ကတည်းက တွေ့ရှိမှတ်သားထားခဲ့တာဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းကတော့ ၁၉၈၀ ခန့်ကမှ စတင်ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ တကယ်တော့ အယ်လ်နီညိုဟာ ကမ္ဘာ့ဂေဟ စနစ်ကို မပျက်စီးစေတဲ့အပြင် အားပေးမှုပင် ပြုနေတယ်လို့ဆို နိုင်ပါတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ခုကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အယ်လ်နီညို ဖြစ်စဉ်များဟာ ၂ နှစ်မှ သုံးနှစ်တစ် ခါဆိုသလို အဖြစ်များလာတဲ့အ ပြင် ပိုပြီးလည်း ပြင်းထန်လာကြ ခြင်းပဲဖြစ်ပါတယ်။

၁၉၉၇-၉၈ အယ်လ်နီညိုကြောင့် ထိခိုက်ပျက်စီးမှုတွေ

လက်ရှိအချိန်ကာလအထိ ၁၉၉၇-၉၈ က ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုဟာ အားအကောင်း ဆုံးဖြစ်ပါတယ်။ အဲဒီတုန်းက အယ်လ်နီညိုရဲ့ ထိခိုက်မှုကြောင့် အထွေထွေအရပ်ရပ်ပျက်စီးဆုံး ရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ၊ သေဆုံးသူပေါင်း ၂၄,၀၀၀၊ ဒဏ်ရာရရှိသူ ပေါင်း ၅၃၃,၀၀၀၊ ရွှေ့ပြောင်းသူပေါင်း ခြောက်သန်း၊ ထိခိုက်သူပေါင်း ၁၁၁ သန်း၊ ထိခိုက်သော မြေဧက ပေါင်း ၅၆ သန်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညို ကြောင့် မြို့ကြီး ၁၈ မြို့တို့တွင် အပူချိန်အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့တယ်။ မြို့ကြီး ၁၅ မြို့တို့ တွင် မိုးရေချိန်အနည်းဆုံး စံချိန် သစ်များ တင်ခဲ့ပါတယ်။ ထို့အ ပြင် စခန်းပေါင်း မြောက်မြားစွာ တို့တွင် ဒုတိယမြင့်ဆုံးအပူချိန် စံချိန်သစ်များနဲ့ ဒုတိယအနည်း ဆုံး မိုးရေချိန်စံချိန်သစ်များ တင်ခဲ့ ကြပါတယ်။ ငွေကျပ်ဘီလီယံပေါင်း များစွာထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။

အယ်လ်နီညိုနဲ့ မုတ်သုံရာသီ

မုတ်သုံရာသီဥတုမှာလည်း ထိခိုက်ခဲ့ရပါတယ်။ ၁၉၉၇-၉၈ အယ်လ်နီညိုရာသီကာလဟာ ၁၂ လခန့်ကြာမြင့်ခဲ့ပြီး ၁၉၉၇ ဇွန်လမှ ၁၉၉၈ မေလအထိ ကြာ မြင့်ခဲ့ပါတယ်။ မုတ်သုံရာသီဥတု အနေနဲ့

(၁) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး အပူချိန်တွေဟာ ဖြစ်မြဲထက်ပိုခဲ့ တယ်။

(၂) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး မိုးရေချိန်တွေဟာ ရွာသွန်းမြဲ အောက် လျော့ခဲ့တယ်။

(၃) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး မိုးခေါင်မှုဒဏ်ခံခဲ့ရတယ်။

(၄) ၁၉၉၇ ခုနှစ်တွင် မုန်တိုင်းဖြစ် ပေါ်မှု သိသိသာသာလျော့နည်းခဲ့ တယ်။

(၅) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး မုတ်သုံအဝင် နောက်ကျခဲ့ပါ တယ်။

(၆) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး မုတ်သုံအထွက်စောခဲ့ပါတယ်။

(၇) ၁၉၉၇ နဲ့ ၁၉၉၈ ၂ နှစ်စလုံး မိုးရာသီတိုတောင်းခဲ့ပါတယ်။

အယ်လ်နီညိုဟာ မြန်မာနိုင်ငံအ တွက် အလွန်အရေးကြီးတယ်

မြန်မာနိုင်ငံဟာ ဒီနှစ်မှာ ဆိုး ရွားတဲ့ ရေကြီးမှုဒဏ်ကိုခံထားရ တယ်။ ရေကြီးတဲ့နေရာမှာလည်း အစဉ်အလာမဟုတ်တဲ့ နောက် ကျိရေတွေ၊ ရွှံ့နွံနဲ့ အမှိုက်တွေ ရောနှောပါနေတဲ့ မသန့်တဲ့ရေ တွေ ဖုံးလွှမ်းခံခဲ့ရတယ်။ ဒါ့အပြင် ရေပြန်ကျသွားတော့လည်း နုန်း တွေ၊ သဲတွေ၊ အမှိုက်တွေဟာ လူခါးစောင်းကနေ တစ်ရပ်ခန့် အထိ တင်ကျန်ရစ်ခဲ့တယ်။ ဒီ တော့ သုံးရေ၊ သောက်ရေ ရေ သယံဇာတတွေ ပျက်စီးခဲ့ရတယ်။ စိုက်ပျိုးပင်တွေ ပျက်စီးခဲ့ရလို့ အ ချိန်မီပြန်စိုက်ဖို့ ကြိုးပမ်းနေကြရ တယ်။ ဒီတော့ ရေလိုအပ်မှု (Demand)ဟာ အမြင့်ဆုံးဖြစ်နေ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နှစ် စဉ် ရေရှားပါးမှုကြုံတွေ့နေရတာ ဆယ်စုနှစ်တစ်မျှ ကြာခဲ့ပြီ။ လက်ရှိ၂၀၁၅ ခုနှစ်မှာ မုတ်သုံကလည်း ဆုတ်ခွာခဲ့ပြီ။ နိုဝင်ဘာလကုန်အ ထိကြာမယ့် မိုးလွန်ကာလမှာ လည်း မိုးရနိုင်မှုဟာ ရွာသွန်းမြဲ အောက်လျော့မယ်လို့ ခန့်မှန်း ထားခဲ့ပြီးပြီ။ ဒီဇင်ဘာလ ၁ ရက်မှ ဖေဖော်ဝါရီလကုန်အထိကြာမယ့် အေးပြီးခြောက်သွေ့ကာလ၊ မတ် လ ၁ ရက်မှ ဧပြီလကုန်အထိကြာ မယ့် ပူပြီးခြောက်သွေ့ကာလတွေ ကြောင့် ခြောက်သွေ့ကာလဟာ ငါးလခန့်ကြာဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာလည်း မိုးရွာ သွန်းမှုတွေဟာ စက်တင်ဘာလမှ စတင်ကာ ရွာသွန်းမြဲရဲ့ အောက် ကိုလျော့နည်းကျလာပြီး အပူချိန် တွေကလည်း ဖြစ်မြဲထက် ပိုမိုမြင့် မားလာနေပါတယ်။

ရာသီဥတုကြောင့် မိုးနည်း နေပြီး အပူချိန်မြင့်တက်မှုကြုံ တွေ့နေရတဲ့ လက်ရှိကမ္ဘာဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပို၍ ပူပြီးခြောက်သွေ့တဲ့ ရာသီဥတုကို ကြုံတွေ့ကြရဦးမယ်ဆိုရင်ဖြင့် မိုးနည်းမှုဒုက္ခ၊ ရေရှားပါးမှုဒုက္ခ၊ အပူချိန်မြင့်တက်မှုဒုက္ခတွေဟာ ၂၀၁၅ လက်ရှိအချိန်မှစတင်ပြီး ၂၀၁၆ မိုးဦးရာသီအထိ ရင်ဆိုင် ကြုံတွေ့ကြရမယ့် အယ်လ်နီညို စိန်ခေါ်သံများ ဖြစ်နေပါတယ်ဆို တာကို ကြိုတင်အသိပေးလိုက်ရ ကြောင်းပါ။ ။

Byမောင်ထွန်းလွင် (မိုးလေ၀သ)
7 day

No comments:

Post a Comment