Friday, October 9, 2015

လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးကြီးမည့်သတိပေးချက်

မနက်(၆)နာရီအချိန်တိုင်းတာချက်
၉-၁၀-၂၀၁၅
နံနက်(၆း၁၇)နာရီ။
(၉-၁၀-၂၀၁၅)ရက် နံနက် (၆)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

(၉-၁၀-၂၀၁၅)ရက် မနက်မှ နောက် (၁၂)နာရီအချိန်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကပချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ထူထပ်စွာဖြစ်ထွန်းနိုင်ပြီး လေပြင်းများကျရောက်ခြင်း၊ မိုးခြိမ်းခြင်း၊ လျပ်စီးလက်ခြင်းတို့အပြင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးသည်းထန်နိုင်ပါတယ်။ အများဆုံးလေတိုက်နှုန်း တစ်နာရီ ၂၅-၃၀ မိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်း နဲ့ ကချင်ပြည်နယ် တို့မှာ လေပြင်းများတိုက်ခတ်နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်

No comments:

Post a Comment