Saturday, October 10, 2015

အွန်လိုင်းပေါ်မှာခေတ်စားလို့နေတဲ့အငှားချစ်သူထားခြင်း

တရုတ်နိုင်ငံရဲ့အွန် လိုင်းပေါ်မှာ အခုတလောခေတ်စားလို့နေ တာကတော့ အငှားချစ်သူထားခြင်းဖြစ် တယ်လို့သိရပါတယ်။


အခုလိုအငှားချစ်သူထားခြင်း ခေတ်စားလာခဲ့ရတဲ့အကြောင်းရင်းက တော့ တရုတ်နိုင်ငံမှာပညာစုံပြီဖြစ်တဲ့သား သမီးတွေကို မိဘများက သင့်တော်တဲ့သူ နဲ့အိမ်ထောင်ချပေးကြလို့ပဲဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်မပြုချင်သေးတဲ့သား သမီးတွေအတွက်တော့ စိတ်ဒုက္ခရောက်စ ရာပါပဲ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ အငှားချစ်သူထားလို့ရပါပြီ။
Xiaolei လို့အမည်ရတဲ့အမျိုး သားတစ်ဦးဟာ မာစတာဘွဲ့ရပြီးတဲ့နောက် ပေကျင်းမြို့မှာ အလုပ်လုပ်နေတာ ငါးနှစ် ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ သူဟာ အိမ်ထောင်မပြုသေးသလို ပြုရမယ့်ချစ်သူ လည်းမရှိပါဘူး။ မိဘဖြစ်သူတွေက Xiaolei ကို သင့်တော်တဲ့သူနဲ့အိမ်ထောင် ချပေးဖို့စီစဉ်နေတဲ့အတွက် သူအတော် လေးစိတ်ဒုက္ခရောက်နေပါတယ်။

Xiaolei ဟာ လက်ရှိအချိန်မှာ အလုပ်ကိုသာအာရုံစိုက်လုပ်ကိုင်ချင်ပြီး အိမ်ထောင်ပြုဖို့စိတ်ကူးမရှိပါဘူး။ ဒါ ကြောင့် သူဟာ အွန်လိုင်းကနေ အငှား ချစ်သူရှာပြီး မိဘများကို မိတ်ဆက်ပေးခဲ့ ပါတယ်။ အွန်လိုင်းမှာ အငှားချစ်သူရှာ ရင်တော့ တစ်ရက်ကို ယွမ်၁ဝဝဝပေးရ မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: People's Daily

Yangon Media 

No comments:

Post a Comment