Saturday, October 10, 2015

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အဂူရို ဒဏ်ရာရ

မန်ချက်စတာ- ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ အီကွေဒေါအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် အာဂျင်တီးနားအတွက် ကစားရင်းမန်စီးတီးတိုက်စစ်မှူးအဂူရိုသည် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည်။


အဂူရိုသည် ယင်းပွဲကစားချိန် ၂၄ မိနစ်တွင် ဘောလုံးနောက်လိုက်ရင်း ဘယ်ဘက်တံကောက်ကြော ဒဏ်ရာရရှိကာ ကာလအတန်ကြာ အနားယူရဖွယ်ရှိသည်။ အဂူရို (၂၇) နှစ်၏ ဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးရမည်ဖြစ်ပြီး လာမည့်သီတင်းပတ် အာဂျင်တီးနားနှင့် ပါရာဂွေးပွဲကို သေချာပေါက် လွဲချော်ဖွယ်ရှိသည်။ အောက်တိုဘာ ၃ ရက်က နယူးကာဆယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်စီးတီးအတွက် ငါးဂိုးသွင်းယူခဲ့သော အဂူရိုသည် ရာသီအစပိုင်းကရရှိခဲ့သော ဒူးဒဏ်ရာပြန်လည်သက်သာလာသည်မှာ မကြာသေးပေ။

7 Day Daily

No comments:

Post a Comment