Monday, October 12, 2015

မြန်မာနှင့်လာအို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲ ဖြေကြားချက်

"ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်မှာပါ။ လက်ဘနွန်နဲ့ပွဲမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဖန်တီးမှုတွေကို အသုံးမချနိုင်လို့ ဂိုးမရခဲ့ဘူး။ လက်ဘနွန်က အခွင့်အရေး ၂ ကြိမ်မှာ ၂ ကြိမ်လုံးဂိုးရသွားတယ်။ လက်ဘနွန်ပွဲမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း
ကစားမယ်ဆို ရလဒ်ကောင်းမှာ သေချာပါတယ်။ မနက်ဖြန် မနက်မှာ ပွဲထွက်မယ့် ကစားသမားစာရင်းကို ဆုံးဖြတ်ပါမယ်။ လာအို အသင်းကလည်း တဖြည်းဖြည်း ပိုကောင်းလာတဲ့ အသင်းဆိုတာ မေ့ထားလို့မရပါဘူး။ သူတို့ခြေစမ်းပွဲ ကစားခဲ့တာတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့အသင်း အနေနဲ့လည်း အကောင်းဆုံး ပုံစံနဲ့ လာအိုကိုယှဉ်ပြိုင်ပြီး အနိုင်ရလဒ်ယူဖို့ ပြင်ဆင်ထားပါတယ်။"
ရက်ဒီ အဗရာမိုဗစ် (နည်းပြချုပ်)
"ကျွန်တော်တို့ လာအိုမှာ ကစားခဲ့စဉ်က မမျှော်လင့်ဘဲ သရေပွဲဖြစ်သွားခဲ့ရတယ်။ ကျွန်တော်တို့ အမှားလေးတွေ ရှိခဲ့တယ်။ အခွင့်အရေး အသုံးမချနိုင်ခဲ့ဘူး။ ခုပွဲကိုတော့ တစ်သင်းလုံး ကြိုးစားပြီး နိုင်ပွဲရအောင် ယူသွားမှာပါ"
ခင်မောင်လွင် (အသင်းခေါင်းဆောင်)

ဧရာဝတီ

No comments:

Post a Comment