Monday, October 12, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရာတော်မြို့နယ် မူးမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် မူးမြစ်ရေများဝင်ရောက်ပြီး မုံရွာ-ရွှေဘိုမော်တော်ကားလမ်းပိုင်း နေရာအချို့ရေကျော်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၌ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် အရာတော်မြို့နယ် မူးမြစ်ကမ်းဘေးရှိ ကျေးရွာများဖြစ်သော ပေါက်ပင်ဆိပ် ကူးတို့ကိုင်း အောင်သာ လက်ပံသာ ဆင်တလည် ကျေးရွာများတွင် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မူးမြစ်ရေများ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အရာတော်မြို့နယ်မူးမြစ်ကမ်းဘေးရှိကျေးရွာများတွင် တတိယအကြိမ် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွာခြင်းဖြစ်ပြီး အရာတော်မြို့နယ် ကူးတို့ကိုင်းကျေးရွာအနီး ရွှေဘို အရာတော် မုံရွာ ကားလမ်းပေါ်ရှိ မူးမြစ်ကူး သမရိုး တံတားသည် စိုးရိမ်ရေအမှတ် ၉၅ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၉၂ပေ၆လက်မ ရောက်ရှိနေကြောင်း သိရှိရသည်။ ဇရစ်ရေကျော်တံတား၆ခုဖြစ်သော အမှတ်၁/၃၅ ၂/၃၅ ၃ /၃၅ ၄ /၃၅ ၅ /၃၅ ၆ /၃၅တို့မှာ ရေများ ဖြတ်ကျော်လျက်ရှိ၍ မုံရွာ-ရွှေဘိုမော်တော်ကားလမ်း မော်တော်ယဉ်များသွားလာမှု ခေတ္တ ပြတ်တောက် လျက်ရှိပြီး မော်တော်ယာဉ်များ အန္တရာယ် မဖြစ်ပေါ်စေရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ လမ်းဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်/ပြန်ဆက်

No comments:

Post a Comment