Thursday, October 15, 2015

NCA လက်မှတ်ရေးထိုးပွဲသို့ အားလုံးပါဝင်မှလက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက်နက်ကိုင်အဖွဲ့အားလုံး မတက်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက် ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားခဲ့ သော်လည်း အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက် နက်ကိုင်အဖွဲ့အားလုံးမှ NCA လက် မှတ်ထိုးပွဲသို့ မတက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို အစိုးရမှဖိတ်ခေါ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

ကျန်ခုနစ်ဖွဲ့အနက် လေးဖွဲ့သည် အားလုံးပါဝင်လက်မှတ်ရေးထိုးခွင့် မပြု သည့်အတွက် လက်မှတ်မထိုးဘူးဟု ဆုံးဖြတ်ခဲ့ကြပြီး သုံးဖွဲ့ကမူ မိမိဆန္ဒသဘော အလိုက် လက်မှတ်မထိုးရန် ဆုံးဖြတ်ခဲ့ ကြသည်။
''ကျွန်တော်တို့ကို ဖိတ်စာတော့ ပို့ လာတယ်။ ဒါပေမဲ့ မတက်တော့ဘူး။ တိုက်ပွဲတွေလဲ ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့က လက်မှတ်မထိုးတဲ့အဖွဲ့ လဲဖြစ်နေတယ်''ဟု ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)မှ ဗိုလ်မှူးကြီးစိုင်းလ က ပြောသည်။
ထို့ပြင် မွန်ပြည်သစ်ပါတီ NMSP ကလည်း အဆိုပါလက်မှတ်ရေးထိုးပွဲ သည် အားလုံးမျှော်လင့်ထားသည့် အ တိုင်းမဟုတ်သည့်အတွက် တက်ရောက် မည်ဆိုပါကလည်း အကျိုးမရှိဟုဆိုကာ တက်ရောက်မည်မဟုတ်ဟု ဒုဥက္ကဋ္ဌနိုင် ဟံသာက ဆိုသည်။
အားလုံးပါဝင်မှ လက်မှတ်ရေးထိုး မည်ဟု ဆုံးဖြတ်ထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန် ပြည်သစ်ပါတီ NMSP ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီုKNPP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA စသည့် လက်နက်ကိုင်လေးဖွဲ့သည် အောက်တို ဘာ ၁၂ ရက်မှစတင်ကာ KIO ၏ ဦး ဆောင်မှုနှင့် လေးရက်ကြာအစည်းအ ဝေးတစ်ရပ် ကျင်းပလျက်ရှိသည်ဟု မြန် မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးညို အုန်းမြင့်က ပြောသည်။
''UWSA နဲ့ NDAA ကလွဲရင် လက်မှတ်မထိုးသေးဘူးဆိုပြီးတော့ ပြော ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အကုန် လုံးမတက်ရောက်ဘူး။ ကျွန်တော်တို့ ကြားတာတော့ KIO က ဦးစီးပြီးတော့ အောက်တိုဘာ ၁၂ရက်ကနေ လေးရက် ကြာ အစည်းအဝေးလုပ်နေတယ်လို့ ကြား ရတယ်''ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။
အဆိုပါ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေး ထိုးပွဲသို့KIO, NMSP, SSPP, KNPP, NSCN-K စသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ မတက်ရောက်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC ထံ မှ သိရသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး အေးသာအောင်၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင်စသည့် ပုဂ္ဂိုလ်များကလည်း NCA လက်မှတ်ရေးထိုးပွဲသို့ မတက် ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း UWSA နှင့် NDAA လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကတော့ လေ့လာသူအနေဖြင့် တက်ရောက်မည် ဖြစ်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စ သည့် နိုင်ငံများကလည်း အသိသက်သေ အဖြစ် တက်ရောက်၍ လက်မှတ်ရေးထိုး ကြမည်ဖြစ်ကာ ကုလသမဂ္ဂနှင့်ဥရောပ သမဂ္ဂတို့ကလည်း အသိသက်သေအ ဖြစ် ပါဝင်လက်မှတ်ရေးထိုးကြမည် ဖြစ် သည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် အ ဆက်အသွယ်ရှိသော နိုင်ငံပေါင်း ၅ဝ ကျော်ကလည်း အသိသက်သေများအ ဖြစ် ပါဝင်လက်မှတ်ရေးထိုးကြမည်ဖြစ် ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

Yangon Media Group

No comments:

Post a Comment