Thursday, October 15, 2015


ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကြောင့် ရခိုင်နှင့် စစ်ကိုင်းတိုင်းတွင် ငှက်ဖျားဖြစ်ပွားသူဦးရေ မြင့်မားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ငှက်ဖျား ဖြစ်ပွားသူဦးရေ သုံးသောင်း ခြောက်ထောင်ကျော်ရှိကာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် သုံးသောင်းတစ်ထောင်ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တွင် သုံးရာကျော်နှင့် မန္တလေးတိုင်းတွင် ခြောက်ထောင်ကျော်ဖြင့် ငှက်ဖျားဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး စီမံချက် ၂၀၁၄ စာရင်းများအရ သိရသည်။
‘‘၂၀၁၁ ကနေ ၂၀၁၄ အထိ ကြည့်လိုက်ရင် ငှက်ဖျားဖြစ်ပွားနှုန်းက တဖြည်းဖြည်းနည်းလာပေမယ့် ရခိုင်နဲ့ စစ်ကိုင်းမှာတော့ များ နေသေးတာ တွေ့ရတယ်။ တိုင်း နဲ့ပြည်နယ်တွေကို ငှက်ဖျားပိုးရှိ၊ မရှိ သွေးဖောက်စစ်လိုက်တဲ့အခါ မှာ ရခိုင်နဲ့ စစ်ကိုင်းက အများဆုံးဖြစ်နေတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရပကန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။


ကျန်းမာရေး ဝန်ကြီးဌာန သည် ၂၀၀၇ မှ ၂၀၁၅ အတွင်း ငှက်ဖျားရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ၂၀၁၄ တွင် ငှက်ဖျားဖြစ်ပွားနှုန်း ၀ ဒသမ ၄၈ ရာခိုင်နှုန်းသာရှိ ကြောင်း သိရသည်။

‘‘များသောအားဖြင့်က တော ထဲသွားတဲ့သူတွေ၊ ရွှေတွင်းတူးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ က ပိုပြီး ကူးစက်လွယ်တယ်။ ဒါ ကြောင့် တောထဲသွားမယ့်သူတွေ အနေနဲ့ ဆေးစိမ်ခြင်ထောင်ယူသွားရမယ်။ ကိုယ်နဲ့မကွာထားရမယ်။ ငှက်ဖျားဖြစ်နိုင်တဲ့ ဧရိယာ ကို သွားမယ်ဆိုရင် မသွားခင် နှစ် ပတ်၊ သုံးပတ်လောက်ကတည်းက ဆေးသောက်ပေးရမယ်။ ငှက်ဖျား ဖြစ်ရင် ၂၄ နာရီအတွင်း ဆေး ကုသမှုခံယူပါ’’ဟု အင်းစိန်ဆေးရုံ ကြီး ဆေးပညာဌာန ပါမောက္ခ ဒေါက်တာ မာမာကြည်က တိုက်တွန်းသည်။

၂၀၁၄ က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ နှစ်သိန်းကျော်ရှိကာ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၈၄ မြို့နယ်တွင် ငှက်ဖျား ရောဂါပိုး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
7 day

No comments:

Post a Comment