Thursday, October 15, 2015

Possum အကောင်ကြီးကို မြိုတဲ့ ဧရာမ စပါးကြီးမြွှေ


Possum လို့အမည်ရတဲ့ အကောင်ဟာ သြစတေးလျမှာသာ ရှင်သန်ပေါက်ဖွားတဲ့ ရှဥ့်မျိုးနွယ်အကောင်တစ်မျိုး ဖြစ်ပါတယ်။ သူက ရှဥ့်ထက်လညး အကောင်ကြီးပြီး အမြီးရှည်တဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို စပါးကြီးမြွှေမှ မြိုနေတာကို ခြံဝိုင်းပိုင်ရှင်လင်မယားမှ ယခုလို ရိုက်ကူးခဲ့ ပါတယ်။
အရေခွံပေါ်မှာ စိန်ကဲ့သို့ အကွက်များစွာ အဖြူရောင်များ ပါဝင်သောကြောင့ ယင်းစပါးကြီးမြွှေကို diamond back python လို့ခေါ်ပါတယ်။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ မြောက်ပိုင်းက ကမ်းခြေဒေသမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သဘာဝဘေးမဲ့ တောဒေသတွေမှာ စားစရာမရှိတော့ရင် လူနေအိမ်ခြံဝိုင်းထဲက အကောင်များကို ရှာဖွေပါတယ်။ အရွယ်အစားအားဖြင့် ၆ ပေကနေ ၉ပေ လောက်အထိလည်း ရှည်တတ်ပါတယ်။ သူတို့ရဲ့ ဦးခေါင်းဟာ သေးသော်ငြားလည်း ၎င်းတို့ ဦးခေါင်းထက် အဆမတန်ကြီးတဲ့ အကောင်များကို မြိုနိုင် ပါတယ်။ Possum ဟာဆိုရင် မြေခွေးတစ်ကောင်စာ အရွယ်ရှိပြီး အကယ်၍ အမြီးနဲ့ပါ ပေါင်းရင် သူဟာလည်း ၅ပေဝန်းကျင်ခန့်အထိ ရှိပါလိမ့်မယ်။
ယင်းကဲ့သို့ ဖြစ်ရပ်များအနေနဲ့ ယင်းကမ်းခြေဒေသရှိ အိမ်ခြံဝိုင်းထဲမှာ အမြဲလိုလို ဖြစ်နေပြီး တစ်ခါတစ်ရံမှ ကြုံတွေ့လို့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။ သြစတေးလျဟာဆိုရင် ကမ္ဘာပေါ်မှာ စပါးကြီးမြွေအများဆုံး ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်လျက် ရှိပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment