Thursday, October 15, 2015

အွန်လိုင်းပေါ်က လူပြောများနေတဲ့ ချစ်သမီးကိစ္စ

လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏လုံချည်အရောင်နှင့် 
တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားသူအား ဖမ်းဆီးတရားစွဲဆို
*****************************************************

လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ် ဘွတ်ခ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝတ် ဆင်ထားသော လုံချည်အရောင်နှင့် တပ်မ တော်ဝတ်စုံသစ်ကို နှိုင်းယှဉ်ရေးသားသူအား မအူပင် မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထား သည်ဟု သိရသည်။
တပ်မတော်မှ ခေတ်စနစ်နှင့်အညီ ဝတ် စုံများ ပြောင်းလဲလိုက်သည်ဟု ကြေညာပြီး နောက်ပိုင်းတွင် မချောစန္ဒီထွန်း(ချစ်သမီး)အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံချည်အရောင်နှင့် တပ်မတော် ဝတ်စုံ သစ်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ယှဉ်တွဲဖော်ပြခဲ့သော မချော စန္ဒီထွန်း(ချစ်သမီး)သည် အမျိုးသားပညာ ရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ သော ဒီမိုကရေစီပညာရေးသပိတ်တွင် ဧရာ ဝတီသပိတ်စစ်ကြောင်းမှ ဝန်းရံသူအဖြစ် ပါ ဝင်ခဲ့ပြီး ပါတီများမဲဆွယ်ကာလတွင် မအူပင် မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏အောင်နိုင်ရေး လုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင်ပေးနေသူဖြစ်ကြောင်း မချောစန္ဒီ ထွန်း၏ သူငယ်ချင်းဖြစ်သူ မမေသဇင်နှင်း ထံမှ သိရသည်။
မချောစန္ဒီထွန်း၏ ဖေ့စ်ဘွတ်ခ်တွင် တပ် မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်သော စာ သားဖြင့် လုံချည်အစိမ်းနုရောင် ဝတ်ဆင် ထားသော ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောနေသည့်ပုံနှင့် တပ်မ တော်မှ အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ် စုံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝတ် ဆင်ကာ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြော ကြားနေသည့် ဓာတ်ပုံကို ယှဉ်တွဲဖော်ပြထား ပြီးဓာတ်ပုံပေါ်တွင် ''အမေစုဝတ်တဲ့ ထဘီ အရောင်ကို ကြိုက်လို့တဲ့ သူတို့ ချုပ်ဝတ်ကြ လေပြီ''ဟု ယှဉ်တွဲဖော်ပြခဲ့သည်။
ထိုသို့ဖော်ပြသောကြောင့် မချောစန္ဒီ ထွန်းအား အီလက်ထရွန်းနစ် ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၃၄(ဃ)ဖြင့် မအူပင်မြို့မရဲ စခန်းက အမှုဖွင့်ကာ ဖမ်းဆီးထားပြီး အောက် တိုဘာ ၂၇ ရက်တွင် မြို့နယ်တရားရုံး၌ ရုံး ထုတ်စစ်ဆေးသွားမည်ဖြစ်ကာ ယခုအချိန် တွင် သူမအား မအူပင်ထောင်တွင် ထားရှိ သည်ဟု သိရသည်။

Yangon Media group

No comments:

Post a Comment